ျပင္ဦးလြင္ၿမိဳ႔နယ္၊ ဖားေအာက္ ေတာရ ဗုဒၶသာသနာ႕ရိပ္သာ (ျပင္ဦးလြင္)ရွိ ဓမၼာႏုဓမၼပဋိပႏၷ ႏွစ္ထပ္သိမ္ေတာ္ႀကီး သိမ္သ မုတ္ပြဲႏွင္႕ သိမ္ေရစက္ခ် အလွဴေတာ္ မဂၤလာျပဳလုပ္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၁၈ 

 

 

မႏၲေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္၊ ဖားေအာက္ေတာရ ဗုဒၶသာသနာ့ရိပ္သာ (ျပင္ဦးလြင္)ရွိ တပ္ဦးဓမၼရိပ္သာ (တုိးခ်ဲ႕)၌ တည္ေဆာက္ခဲ့သည့္ ဓမၼာႏုဓမၼပဋိပႏၷႏွစ္ထပ္ သိမ္ေတာ္ႀကီး သိမ္သမုတ္ပြဲႏွင့္ သိမ္ေရစက္ခ် အလွဴေတာ္ မဂၤလာကုိ ယေန႔နံနက္ပုိင္းတြင္ အဆုိပါႏွစ္ထပ္သိမ္ေတာ္ႀကီး၌ ျပဳလုပ္သည္။ 

 

 အဆုိပါအလွဴေတာ္ မဂၤလာသို႔ ႏုိင္ငံေတာ္ ၾသဝါဒါစရိယ မႏၲေလးၿမိဳ႕၊ မဟာဝိဇိတာ႐ံုပရိယတၱိစာသင္တုိက္ ဦးစီးပဓာန နာယက အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ဝိစာရိႏၵာဘိဝံသ အမွဴးျပဳေသာ ႏုိင္ငံေတာ္ၾသဝါဒါ စရိယဆရာေတာ္ႀကီးမ်ား ၾကြေရာက္ေတာ္မူၾကၿပီး အလယ္ပုိင္းတုိင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္မွဴးခ်ဳပ္ ေက်ာ္စြာလင္းႏွင့္ အဖြဲ႕ဝင္မ်ား၊ ဌာန ဆုိင္ရာ တာဝန္ရွိသူမ်ား၊ အလွဴရွင္မ်ားႏွင့္ ဖိတ္ၾကားထားသူမ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ ႏုိင္ငံေတာ္ၾသဝါဒါစရိယ မႏၲေလးၿမိဳ႕၊ မဟာဝိဇိတာ႐ံု ပရိယတၱိ စာသင္တုိက္ဦးစီးပဓာန နာယက အဘိဓဇ မဟာရ ႒ဂု႐ု ဘဒၵႏၲ ဝိစာရိႏၵာဘိဝံသ၊ တြဲဖက္ေရႊက်င္သာသနာပုိင္ ေရႊက်င္နိကာယဥပဥကၠ႒ ဆရာေတာ္ မ်ား ျဖစ္ၾကသည့္ သီတဂူ ကမၻာ့ ဗုဒၶတကၠသိုလ္ မ်ား၏အဓိပတိ အဘိဓဇမဟာရ႒ဂု႐ု အဂၢမဟာပ႑ိတ အဂၢမဟာ သဒၶမၼ ေဇာတိကဓဇ မဟာဓမၼကထိက ဗဟုဇနဟိတဓရ သီတဂူဆရာေတာ္ ေဒါက္တာဘဒၵႏၲ ဥာဏိႆရ၊ အျပည္ျပည္ ဆုိင္ရာ ေထရဝါဒဗုဒၶသာသနာျပဳ တကၠသုိလ္ပါေမာကၡခ်ဳပ္ဆရာေတာ္ အဂၢမဟာ ဂႏၳဝါစကပ႑ိတ အဂၢမဟာပ႑ိတ အဂၢမဟာ သဒၶမၼေဇာတိကဓဇ ေဒါက္တာဘဒၵႏၲနႏၵမာလာ ဘိဝံသ၊ ဖားေအာက္ေတာရ ဗုဒၶသာသနာ့ ရိပ္သာမ်ား၏ အဓိပတိ အဘိဓဇအဂၢမဟာ သဒၶမၼေဇာတိက ဘဒၵႏၲအာစိဏၰ၊ မႏၲေလးၿမိဳ႕၊ အမရပူရ၊ မဟာဂႏၶာ႐ံုေက်ာင္းတုိက္ မဟာ နာယကခ်ဳပ္ အဘိဓဇမဟာရ႒ဂု႐ု ဘဒၵႏၲ ဣေႏၵာဘာသာ ဘိဝံသႏွင့္ မႏၲေလးၿမိဳ႕၊ မဟာ ဝိသုဒၶါ႐ံုတုိက္သစ္ စည္ရွင္ ေက်ာင္းဆရာေတာ္ အဂၢမဟာပ႑ိတ ဘဒၵႏၲအဂၢဥာဏာဘိဝံသတုိ႔ အမွဴးျပဳေသာ သံဃာေတာ္ ၃၆ဝ ပါးတုိ႔က သိမ္ေတာ္ႀကီး၏ အရပ္မ်က္ႏွာအသီးသီး၌ သိမ္ႏုတ္ျခင္း၊ နိမိတ္ၾကားနာျခင္း၊ ကမၼဝါစာ ရြတ္ဖတ္ျခင္း စသည့္ သိမ္သ မုတ္ျခင္းမ်ားကို ေဆာင္ရြက္ေတာ္မူၾကသည္။ 

 

ထုိ႔ေနာက္ မႏၲေလးၿမိဳ႕၊ အေဝရာမ ရန္ကင္း ေက်ာင္းတုိက္ဆရာေတာ္ ႏုိင္ငံေတာ္သံဃ မဟာနာယကအဖြဲ႕ဝင္ အဂၢမဟာ ပ႑ိတ ဘဒၵႏၲၾသဒါတသိရီဘိဝံသက သိမ္ေအာင္ ဂါထာကိုရြတ္ဖတ္ပူေဇာ္ၿပီး သံဃာေတာ္မ်ားက '' ဇယေႏၲာ ေဗာဓိယာမူေလ''အစခ်ီေသာ ေအာင္ဂါထာကို ရြတ္ဖတ္ပူေဇာ္ၾကသည္။ ယင္းေနာက္ တုိင္းမွဴးႏွင့္ တက္ေရာက္လာ ၾကသူမ်ားက ႏုိင္ငံေတာ္ ၾသဝါဒါစရိယ ဖားေအာက္ေတာရ ဗုဒၶသာသနာ့ ရိပ္သာမ်ား ၏အဓိပတိဆရာေတာ္ထံမွ ငါးပါးသီလခံယူ ေဆာက္တည္ၾကၿပီး တုိင္းမွဴးႏွင့္ အလွဴရွင္မ်ားက သံဃာေတာ္ မ်ားအား ဝါဆုိသကၤန္းႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၾကသည္။ ဆက္လက္၍ တုိင္းမွဴးႏွင့္ တက္ေရာက္လာ ၾကသူမ်ားက သံဃာေတာ္မ်ားအား နဝကမၼ အလွဴေငြႏွင့္ လွဴဖြယ္ ပစၥည္း မ်ားကို သိမ္ဆင္း ေလာင္းလွဴၾကသည္။ 

 

ထုိ႔ျပင္ ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းရွိ သံဃာေတာ္ ၁၄ဝဝ ပါးအားစုစည္း၍ သီတင္းကြၽတ္ လျပည့္ေန႔ျဖစ္ေသာ ေအာက္တုိ ဘာ ၂၄ ရက္တြင္ အဆုိပါသိမ္ေတာ္ႀကီး၌ ပရႏၷဝါပြဲ ျပဳလုပ္သြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။         

 

(Unicode Version)

 

  

ပြင်ဦးလွင်မြို့နယ်၊ ဖားအောက် တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (ပြင်ဦးလွင်)ရှိ ဓမ္မာနုဓမ္မပဋိပန္န နှစ်ထပ်သိမ်တော်ကြီး သိမ်သ မုတ်ပွဲနှင့် သိမ်ရေစက်ချ အလှူတော် မင်္ဂလာပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၁၈ 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ရိပ်သာ (ပြင်ဦးလွင်)ရှိ တပ်ဦးဓမ္မရိပ်သာ (တိုးချဲ့)၌ တည်ဆောက်ခဲ့သည့် ဓမ္မာနုဓမ္မပဋိပန္နနှစ်ထပ် သိမ်တော်ကြီး သိမ်သမုတ်ပွဲနှင့် သိမ်ရေစက်ချ အလှူတော် မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် အဆိုပါနှစ်ထပ်သိမ်တော်ကြီး၌ ပြုလုပ်သည်။ 

အဆိုပါအလှူတော် မင်္ဂလာသို့ နိုင်ငံတော် သြဝါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံပရိယတ္တိစာသင်တိုက် ဦးစီးပဓာန နာယက အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ အမှူးပြုသော နိုင်ငံတော်သြဝါဒါ စရိယဆရာတော်ကြီးများ ကြွရောက်တော်မူကြပြီး အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာ တာဝန်ရှိသူများ၊ အလှူရှင်များနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။ 

ဦးစွာ နိုင်ငံတော်သြဝါဒါစရိယ မန္တလေးမြို့၊ မဟာဝိဇိတာရုံ ပရိယတ္တိ စာသင်တိုက်ဦးစီးပဓာန နာယက အဘိဓဇ မဟာရ ဋ္ဌဂုရု ဘဒ္ဒန္တ ဝိစာရိန္ဒာဘိဝံသ၊ တွဲဖက်ရွှေကျင်သာသနာပိုင် ရွှေကျင်နိကာယဥပဥက္ကဋ္ဌ ဆရာတော် များ ဖြစ်ကြသည့် သီတဂူ ကမ္ဘာ့ ဗုဒ္ဓတက္ကသိုလ် များ၏အဓိပတိ အဘိဓဇမဟာရဋ္ဌဂုရု အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မ ဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ သီတဂူဆရာတော် ဒေါက်တာဘဒ္ဒန္တ ဉာဏိဿရ၊ အပြည်ပြည် ဆိုင်ရာ ထေရဝါဒဗုဒ္ဓသာသနာပြု တက္ကသိုလ်ပါမောက္ခချုပ်ဆရာတော် အဂ္ဂမဟာ ဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဒေါက်တာဘဒ္ဒန္တနန္ဒမာလာ ဘိဝံသ၊ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာများ၏ အဓိပတိ အဘိဓဇအဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘဒ္ဒန္တအာစိဏ္ဏ၊ မန္တလေးမြို့၊ အမရပူရ၊ မဟာဂန္ဓာရုံကျောင်းတိုက် မဟာ နာယကချုပ် အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တ ဣန္ဒောဘာသာ ဘိဝံသနှင့် မန္တလေးမြို့၊ မဟာ ဝိသုဒ္ဓါရုံတိုက်သစ် စည်ရှင် ကျောင်းဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တအဂ္ဂဉာဏာဘိဝံသတို့ အမှူးပြုသော သံဃာတော် ၃၆ဝ ပါးတို့က သိမ်တော်ကြီး၏ အရပ်မျက်နှာအသီးသီး၌ သိမ်နုတ်ခြင်း၊ နိမိတ်ကြားနာခြင်း၊ ကမ္မဝါစာ ရွတ်ဖတ်ခြင်း စသည့် သိမ်သ မုတ်ခြင်းများကို ဆောင်ရွက်တော်မူကြသည်။ 

ထို့နောက် မန္တလေးမြို့၊ အဝေရာမ ရန်ကင်း ကျောင်းတိုက်ဆရာတော် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့ဝင် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တသြဒါတသိရီဘိဝံသက သိမ်အောင် ဂါထာကိုရွတ်ဖတ်ပူဇော်ပြီး သံဃာတော်များက '' ဇယန္တော ဗောဓိယာမူလေ''အစချီသော အောင်ဂါထာကို ရွတ်ဖတ်ပူဇော်ကြသည်။ ယင်းနောက် တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက နိုင်ငံတော် သြဝါဒါစရိယ ဖားအောက်တောရ ဗုဒ္ဓသာသနာ့ ရိပ်သာများ ၏အဓိပတိဆရာတော်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး တိုင်းမှူးနှင့် အလှူရှင်များက သံဃာတော် များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ဆက်လက်၍ တိုင်းမှူးနှင့် တက်ရောက်လာ ကြသူများက သံဃာတော်များအား နဝကမ္မ အလှူငွေနှင့် လှူဖွယ် ပစ္စည်း များကို သိမ်ဆင်း လောင်းလှူကြသည်။ 

ထို့ပြင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သံဃာတော် ၁၄ဝဝ ပါးအားစုစည်း၍ သီတင်းကျွတ် လပြည့်နေ့ဖြစ်သော အောက်တို ဘာ ၂၄ ရက်တွင် အဆိုပါသိမ်တော်ကြီး၌ ပရန္နဝါပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။         

Recent News