မိုးရာသီစခန္းခ် လက္ေတြ႕ေလ႕က်င္႕ေရး သင္တန္း တက္ေရာက္လ်က္ရွိသည္႕ သင္တန္းသား၊ သင္တန္းသူမ်ားအား ေတြ႕ဆံုအားေပး 

 

ေနျပည္ေတာ္ ေအာက္တုိဘာ ၁၉

 

 ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေတာင္ညိဳၿမိဳ႕နယ္ရွိ နယ္ေျမခံ သင္တန္းေက်ာင္း၌ ဖြင့္လွစ္သင္ၾကားေသာ မိုးရာသီစခန္းခ် လက္ေတြ႕ေလ့က်င့္ေရး သင္တန္း၌ တက္ေရာက္လ်က္ရွိသည့္ ၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္၊ တကၠသုိလ္ေလ့က်င့္ေရး တပ္ဖဲြ႕ဝင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ယေန႔ေန႔လယ္ပိုင္းတြင္ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗုိလ္ခ်ဳပ္ျမင့္ေမာ္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္ေတြ႕ဆံုအားေပးၿပီး စားေသာက္ဖြယ္ရာမ်ား ေပးအပ္သည္။ 

 

ထုိ႔ေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား အဆင္ေျပေခ်ာေမြ႕စြာ ေနထုိင္ေလ့က်င့္ႏိုင္ေရး အတြက္ ေဆာင္ရြက္ ထားရွိမႈမ်ားကို လိုက္လံၾကည့္႐ႈ၍ လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ ရြက္ေပးသည္။ ယင္းေနာက္ တိုင္းမွဴးႏွင့္ အဖြဲ႕ဝင္မ်ားသည္သင္တန္းသား၊ သင္တန္းသူမ်ား၏ ေလ့က်င့္သင္ၾကားမႈမ်ားအား ၾကည့္႐ႈ အားေပးခဲ့ေၾကာင္း သတင္းရရွိသည္။     

 

(Unicode Version)

 

မိုးရာသီစခန်းချ လက်တွေ့လေ့ကျင့်ရေး သင်တန်း တက်ရောက်လျက်ရှိသည့် သင်တန်းသား၊ သင်တန်းသူများအား တွေ့ဆုံအားပေး 

နေပြည်တော် အောက်တိုဘာ ၁၉ 

နေပြည်တော်ကောင်စီနယ်မြေ၊ တောင်ညိုမြို့နယ်ရှိ နယ်မြေခံ သင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားသော မိုးရာသီစခန်းချ လက်တွေ့လေ့ကျင့်ရေး သင်တန်း၌ တက်ရောက်လျက်ရှိသည့် ၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ်လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများအား ယနေ့နေ့လယ်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့် အဖွဲ့ဝင်များက သွားရောက်တွေ့ဆုံအားပေးပြီး စားသောက်ဖွယ်ရာများ ပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေချောမွေ့စွာ နေထိုင်လေ့ကျင့်နိုင်ရေး အတွက် ဆောင်ရွက် ထားရှိမှုများကို လိုက်လံကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင် ရွက်ပေးသည်။ ယင်းနောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည်သင်တန်းသား၊ သင်တန်းသူများ၏ လေ့ကျင့်သင်ကြားမှုများအား ကြည့်ရှု အားပေးခဲ့ကြောင်း သတင်းရရှိသည်။     

Recent News