ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ဗထူးၿမိဳ႕ တိရိစာၦန္ေမြးျမဴေရးႏွင့္ေလ့က်င့္ေရးတပ္ရင္းရွိ စံျပ စိုက္ပ်ိဳးေမြးျမဴေရးဇုန္သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး၊ ေဆး႐ုံတက္ေရာက္ကုသမႈခံယူ လ်က္ရွိသည့္ အရာရွိ၊ စစ္

ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း)ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ဗထူးၿမိဳ႕ တိရိစာၦန္ေမြးျမဴေရးႏွင့္ေလ့က်င့္ေရးတပ္ရင္းရွိ စံျပ စိုက္ပ်ိဳးေမြးျမဴေရးဇုန္သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆး၊ ေဆး႐ုံတက္ေရာက္ကုသမႈခံယူ လ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားအား ၾကည့္ရႈအားေပး

ေနျပည္ေတာ္၊ ဧၿပီ - ၂၃
    
ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း သည္ ယေန႔နံနက္ပိုင္းတြင္ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ တာဝန္ရွိသူမ်ား လိုက္ပါလ်က္ ဗထူးတပ္နယ္ရွိ တိရစာၦန္ေမြးျမဴေရးႏွင့္ေလ့က်င့္ေရးတပ္ရင္းရွိ စံျပစိုက္ပ်ိဳး ေမြးျမဴေရးဇုန္သို႔ သြားေရာက္ၾကည့္ရႈစစ္ေဆးသည္။
    
ဦးစြာ စံျပစိုက္ပ်ိဳးေမြးျမဴေရးဇုန္အတြင္း ဥစားၾကက္(ေျမစိုက္ေရခံ)၊ ဥစားၾကက္  (အေအးေပးအလုံပိတ္)၊ အသားတိုးၾကက္(အဆင့္ပါ)၊ ႐ုံးႏွင့္လူေနအေဆာက္အဦမ်ား၊ အစာဂိုေဒါင္၊ အေကာင္ ၅၀ ဆံ့ႏြားမၿခံ၊ အေကာင္ ၅၀ ဆုံအသားတိုးႏြားၿခံ၊ အေကာင္ ၅၀ ဆံ့ သားခြဲ/ႏြားမတမ္းၿခံ၊ အေကာင္ ၂၀ ဆံ့ ႏို႔ညႇစ္စက္အေဆာက္အဦ၊ စားက်က္ ၂၁ ဧက ကာရံျခင္း၊ ျမက္စဥ္းစက္၊ အစာဂိုေဒါင္၊ အေကာင္ ၁၀၀ ဆံ့ဝက္ၿခံ၊ အေကာင္ ၁၀၀ ဆံ့ ဆိတ္ၿခံႏွင့္ Green House တည္ေဆာက္ၿပီးစီးမႈအေျခအေနမ်ားအား  ေမာ္ေတာ္ယာဥ္ မ်ားျဖင့္ လွည့္လည္ၾကည့္ရႈစစ္ေဆးသည္။
    
ထို႔ေနာက္ စံျပစိုက္ပ်ိဳးေမြးျမဴေရးဇုန္အတြင္းရွိ ႏို႔စားႏြားမ်ားအတြက္ စားက်က္ေျမ ၂၁ ဧကအား ၃ ဧကစီ အကြက္ ၇ ကြက္ခြဲ၍ ျပဳလုပ္ထားၿပီးSPYLO ပဲႏြယ္မ်ိဳးႏွင့္ မူလတိုျမက္မ်ား ေပါင္း၍စိုက္ပ်ိဳးထားရွိမႈအေျခအေနမ်ားအား ၾကည့္ရႈစစ္ေဆးသည္။
    
ဆက္လက္၍ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း)ႏွင့္အဖြဲ႕ဝင္မ်ားသည္ ဗထူးတပ္ၿမိဳ႕ တပ္မေတာ္ေဆး႐ုံသို႔သြားေရာက္ၿပီး ေဆး႐ုံတက္ေရာက္လ်က္ရွိသည့္ အရာရွိ၊ စစ္သည္မ်ားကို လိုက္လံၾကည့္ရႈအားေပးစကား ေျပာၾကားၿပီး စားေသာက္ဖြယ္ရာမ်ားေပးအပ္သည္။ယင္းေနာက္ Covid-19 ေရာဂါႏွင့္ ပတ္သက္၍ ကာကြယ္၊ ကုသႏိုင္ေရး ႀကိဳတင္စီစဥ္ေဆာင္႐ြက္ထားမႈမ်ားကိုၾကည့္ရႈစစ္ ေဆးၾကသည္။ အဆိုပါေဆး႐ုံတြင္ အထူးၾကပ္မတ္ကုသေဆာင္ ခုတင္ ၄ ခုတင္အပါ အဝင္ စုစုေပါင္းခုတင္ ၃၈ ခုတင္ႀကိဳတင္ျပင္ဆင္ထားေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဗထူးမြို့ တိရိစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်းရှိ စံပြ စိုက်ပျိုးမွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေး၊ ဆေးရုံတက်ရောက်ကုသမှုခံယူ လျက်ရှိသည့် အရာရှိ၊ စစ်သည်များအား ကြည့်ရှုအားပေး

နေပြည်တော်၊ ဧပြီ - ၂၃
    
ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း သည် ယနေ့နံနက်ပိုင်းတွင် ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် တာဝန်ရှိသူများ လိုက်ပါလျက် ဗထူးတပ်နယ်ရှိ တိရစ္ဆာန်မွေးမြူရေးနှင့်လေ့ကျင့်ရေးတပ်ရင်းရှိ စံပြစိုက်ပျိုး မွေးမြူရေးဇုန်သို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
    
ဦးစွာ စံပြစိုက်ပျိုးမွေးမြူရေးဇုန်အတွင်း ဥစားကြက်(မြေစိုက်ရေခံ)၊ ဥစားကြက်  (အအေးပေးအလုံပိတ်)၊ အသားတိုးကြက်(အဆင့်ပါ)၊ ရုံးနှင့်လူနေအဆောက်အဦများ၊ အစာဂိုဒေါင်၊ အကောင် ၅၀ ဆံ့နွားမခြံ၊ အကောင် ၅၀ ဆုံအသားတိုးနွားခြံ၊ အကောင် ၅၀ ဆံ့ သားခွဲ/နွားမတမ်းခြံ၊ အကောင် ၂၀ ဆံ့ နို့ညှစ်စက်အဆောက်အဦ၊ စားကျက် ၂၁ ဧက ကာရံခြင်း၊ မြက်စဉ်းစက်၊ အစာဂိုဒေါင်၊ အကောင် ၁၀၀ ဆံ့ဝက်ခြံ၊ အကောင် ၁၀၀ ဆံ့ ဆိတ်ခြံနှင့် Green House တည်ဆောက်ပြီးစီးမှုအခြေအနေများအား  မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးသည်။
    
ထို့နောက် စံပြစိုက်ပျိုးမွေးမြူရေးဇုန်အတွင်းရှိ နို့စားနွားများအတွက် စားကျက်မြေ ၂၁ ဧကအား ၃ ဧကစီ အကွက် ၇ ကွက်ခွဲ၍ ပြုလုပ်ထားပြီးSPYLO ပဲနွယ်မျိုးနှင့် မူလတိုမြက်များ ပေါင်း၍စိုက်ပျိုးထားရှိမှုအခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။
    
ဆက်လက်၍ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)နှင့်အဖွဲ့ဝင်များသည် ဗထူးတပ်မြို့ တပ်မတော်ဆေးရုံသို့သွားရောက်ပြီး ဆေးရုံတက်ရောက်လျက်ရှိသည့် အရာရှိ၊ စစ်သည်များကို လိုက်လံကြည့်ရှုအားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။ယင်းနောက် Covid-19 ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ကုသနိုင်ရေး ကြိုတင်စီစဉ်ဆောင်ရွက်ထားမှုများကိုကြည့်ရှုစစ် ဆေးကြသည်။ အဆိုပါဆေးရုံတွင် အထူးကြပ်မတ်ကုသဆောင် ခုတင် ၄ ခုတင်အပါ အဝင် စုစုပေါင်းခုတင် ၃၈ ခုတင်ကြိုတင်ပြင်ဆင်ထားကြောင်း သတင်းရရှိသည်။

Recent News