တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ဗထူး) ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၂၃) သီဟတပ္ခြဲ သင္တန္းဆင္းပြဲ အခမ္းအနားက်င္းပ

တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္းေက်ာင္း(ဗထူး)ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္(၁၂၃) သီဟတပ္ခြဲ သင္တန္းဆင္းပြဲအခမ္းအနားက်င္းပ

ေနျပည္ေတာ္ ၊ ဧၿပီ- ၂၃
    
တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ဗထူး) ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္ (၁၂၃) သီဟတပ္ခြဲ သင္တန္းဆင္းပြဲအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ ဗထူးတပ္ၿမိဳ႕ရွိအဆိုပါ ဗိုလ္သင္တန္းေက်ာင္း စစ္ရာထူးခန႔္ခန္းမေဆာင္၌ က်င္းပျပဳလုပ္ ရာ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္ ကိုယ္စား ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) ဒုတိယ ဗိုလ္ခ်ဳပ္မႉးႀကီး သီရိပ်ံခ်ီ စိုးဝင္း တက္ေရာက္မိန႔္ခြန္းေျပာၾကားသည္။
    
အဆိုပါအခမ္းအနားသို႔ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံးမွတပ္မေတာ္အရာရွိႀကီးမ်ား၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္မႉး၊ ဗထူးတပ္နယ္မွအရာရွိႀကီးမ်ား၊သင္တန္းဆင္း ဗိုလ္ေလာင္း မ်ားတက္ေရာက္ၾကသည္။
    
ဦးစြာ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး သီရိပ်ံခ်ီ စိုးဝင္း သည္ေက်ာင္းဆင္းဗိုလ္ေလာင္း တပ္ခြဲမ်ား၏ ေလးျပဳျခင္းကိုခံယူသည္။
    
ထို႔ေနာက္ ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး သီရိပ်ံခ်ီ စိုးဝင္း က အေကာင္းဆုံး ဗိုလ္ေလာင္းဆုရရွိသူ ဗိုလ္ေလာင္းအမွတ္ ၁၅၇ ဗိုလ္ေလာင္း မင္းဇင္ဦး အား ေငြဓားဆုခ်ီးျမႇင့္ေပးအပ္သည္။
    
ထို႔ေနာက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကိုယ္စား ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္(ၾကည္း) က မိန႔္ခြန္းေျပာၾကားရာတြင္ တပ္မေတာ္(ၾကည္း)ဗိုလ္သင္တန္း ေက်ာင္း(ဗထူး) ဗိုလ္ေလာင္း သင္တန္းအမွတ္စဥ္ (၁၂၃) ၏ သင္တန္းဆင္းသည့္ေန႔ျဖစ္၍ တပ္မေတာ္အတြက္ မ်ိဳးဆက္သစ္အရာရွိမ်ားကို ထပ္မံေမြးထုတ္ေပးလိုက္သည့္အတြက္ အနာဂတ္တပ္မေတာ္၏ အင္အား သစ္ျဖစ္ေစ သည့္ေန႔တစ္ေန႔ျဖစ္ေၾကာင္း၊"တပ္မေတာ္(ၾကည္း)တြင္ အရည္အခ်င္း ျပည့္ဝေသာ အရာရွိမ်ားျဖစ္ေပၚလာေစရန္ႏွင့္ ေျခလ်င္တပ္စုတစ္စုကို ပိုင္ႏိုင္စြာကြပ္ကဲ၍ စစ္ေျမျပင္ တြင္ တိုက္ပြဲဝင္ႏိုင္ေစရန္ "ဆိုသည့္ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း (ဗထူး) ၏ရည္႐ြယ္ခ်က္ႏွင့္အညီ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ ေမြးထုတ္ေပးလိုက္သည့္ ရဲေဘာ္တို႔အတြက္ ဂုဏ္ယူဖြယ္ေကာင္းသည့္ ေန႔တစ္ေန႔ျဖစ္ေၾကာင္း၊ ယေန႔တြင္ စစ္ဘက္ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တပ္ရင္း၊ တပ္ဖြဲ႕အသီးသီးတြင္ တာဝန္ထမ္းေဆာင္ၾကရမည့္ ရဲေဘာ္တို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္(ကိုယ္စား) သိသင့္သိထိုက္သည့္ အေၾကာင္းအရာမ်ားကို အေလးအနက္ထားမွာၾကားသြားမည္ျဖစ္ေၾကာင္း။
    
မိမိတို႔တပ္မေတာ္အေနႏွင့္ လြတ္လပ္ေရးႀကိဳးပမ္းမႈကာလမွစ၍ ယေန႔အထိ အစိုးရအဆက္ဆက္ႏွင့္ ေခတ္အဆက္ဆက္တြင္ ႏိုင္ငံေရးစနစ္အမ်ိဳးမ်ိဳးကို ေအာင္ျမင္စြာ ျဖတ္သန္းခဲ့ၿပီးျဖစ္သကဲ့သို႔ ႏိုင္ငံေတာ္၏ ျပည္တြင္းျပည္ပအႏၲရာယ္အမ်ိဳးမ်ိဳးကိုလည္း တိုင္းရင္းသားျပည္သူတို႔ႏွင့္အတူလက္တြဲၿပီး ေအာင္ျမင္စြာ ရင္ဆိုင္ေျဖရွင္း ေဆာင္႐ြက္ ႏိုင္ခဲ့သည္ကိုေတြ႕ရမည္ျဖစ္ေၾကာင္း၊ မိမိတို႔တပ္မေတာ္သည္ ၁၉၄၁ ခုႏွစ္၊ ဒီဇင္ဘာလ ၂၇ ရက္တြင္ စတင္ဖြဲ႕စည္းခဲ့သည့္ဗမာ့လြတ္လပ္ေရးတပ္မေတာ္(BIA) ကေနအစျပဳခဲ့ ရာမွ ၁၉၄၂ ခုႏွစ္၊ဇူလိုင္လ၂၇ရက္တြင္ဗမာ့ကာကြယ္ေရးတပ္မေတာ္ (BDA)၊ ၁၉၄၃ခုႏွစ္၊ စက္တင္ဘာလ ၁၆ ရက္တြင္ ဗမာ့အမ်ိဳးသားတပ္မေတာ္ (BNA) ႏွင့္ ၁၉၄၅ ခုႏွစ္၊ ဇူလိုင္လ ၂၃ ရက္တြင္ မ်ိဳးခ်စ္ဗမာ့တပ္မေတာ္ (PBF)  အျဖစ္ အဆင့္ဆင့္ေျပာင္းလည္း ဖြဲ႕စည္းခဲ့ၿပီး ခိုင္မာသည့္ အမ်ိဳးသားေရးအင္အားစုႀကီးအျဖစ္ ျပည္သူေရွ႕ကဦးေဆာင္ကာ ျမန္မာ့ လြတ္လပ္ေရး ရယူေပးႏိုင္ခဲ့သည္ကို ရဲေဘာ္တို႔အသိပဲျဖစ္ေၾကာင္း၊ထို႔ေၾကာင့္ အစြန္းမေရာက္သည့္ မ်ိဳးခ်စ္စိတ္၊ ႏွလုံးသားထဲတြင္သံမႈိစြဲသကဲ့သို႔ စြဲထားရမည့္ ႏိုင္ငံခ်စ္စိတ္ကိုအေျခခံၿပီး မြန္ျမတ္သည့္ စိတ္ထားမ်ားႏွင့္ တိုင္းရင္းသားျပည္သူၾကားက ေပါက္ဖြားလာသည့္ မိမိတို႔တပ္မေတာ္၏ ေကာင္းျမတ္သည့္ အတိတ္သမိုင္းေၾကာင္းႏွင့္ အစဥ္အလာေကာင္း မ်ားကို ဆက္လက္ထိန္းသိမ္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း။
    
မိမိတို႔တပ္မေတာ္၏သမိုင္းေၾကာင္းသည္ ႏိုင္ငံေတာ္၏သမိုင္းေၾကာင္းႏွင့္ အစဥ္အၿမဲ ဒြန္တြဲလ်က္ရွိၿပီး အမိႏိုင္ငံေတာ္ႀကီး၏ ျဖတ္သန္းခဲ့ရသည့္သမိုင္းေၾကာင္းအရ အမ်ိဳးသားႏိုင္ငံေရးလမ္းေၾကာင္းကို မယိမ္းမယိုင္ေစ႐ုံသာမက အမ်ိဳးသားအက်ိဳးစီးပြား ကိုပါ မထိပါးေစရေအာင္ မ်က္ျခည္မျပတ္ေစာင့္ေရွာက္ ထိန္းသိမ္းေပးရမည့္ အမ်ိဳးသား ႏိုင္ငံေရး အင္အားစုတစ္ခုျဖစ္သည့္ တပ္မေတာ္သည္ တိုင္းရင္းသားမိဘျပည္သူမ်ား၏ ရင္ႏွစ္ သည္းခ်ာသားသမီးမ်ားႏွင့္ ဖြဲ႕စည္းထားေၾကာင္း၊ ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားတို႔၏ သစၥာကို ထာဝစဥ္ေစာင့္ေရွာက္ထိန္းသိမ္းခဲ့သည့္ အစဥ္အလာေကာင္းမ်ားႏွင့္ျပည့္စုံသည့္ တပ္မေတာ္ျဖစ္ေၾကာင္း၊ အမ်ိဳးသားေရးႏွင့္ ႏိုင္ငံ့အေရးမ်ားတြင္ သမိုင္းေပးတာဝန္မ်ား အရ အဓိကအခန္းက႑ကေန ပါဝင္ထမ္းေဆာင္ခဲ့သည့္အျပင္ ႏိုင္ငံေတာ္၏ အခ်ဳပ္အျခာ အာဏာ ဆုံးရႈံးရမည့္အႏၲရာယ္အသြယ္သြယ္ ရင္ဆိုင္ႀကဳံေတြ႕ရခ်ိန္တြင္လည္း ႏိုင္ငံေတာ္ အတြက္ တိုင္းရင္းသားျပည္သူလူထုေရွ႕က ခိုင္ခိုင္မာမာရပ္တည္ေပးခဲ့ေၾကာင္း၊ ထို႔အျပင္ ႏိုင္ငံေရး၊ စီးပြားေရးႏွင့္ လူမႈေရးအေျခခံအုတ္ျမစ္မ်ားကို ခိုင္မာေအာင္ တည္ေဆာက္ ေပးခဲ့ၿပီး ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္အတူ ပါတီစုံဒီမိုကေရစီစနစ္ ေဖာ္ေဆာင္ေပးႏိုင္ခဲ့ ေၾကာင္း၊ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ပါတီစုံပါဝင္သည့္အေထြေထြ ေ႐ြးေကာက္ပြဲႀကီးကို ႏွစ္ႀကိမ္တိုင္တိုင္ ေသြးထြက္သံယိုမႈမရွိဘဲ ေအာင္ျမင္စြာက်င္းပ ေပးႏိုင္ခဲ့သည့္အျပင္ ပထမအႀကိမ္ပါတီစုံ ဒီမိုကေရစီသက္တမ္းတြင္ ႏိုင္ငံေတာ္အာဏာ ကို အႏိုင္ရပါတီထံ အဆင္ေျပေခ်ာေမြ႕စြာ လႊဲေျပာင္းေပးႏိုင္ခဲ့ၿပီး ယခုဒုတိယအစိုးရ သက္တမ္းကာလတြင္ လည္း ႏိုင္ငံေတာ္၏အက်ိဳး စီးပြားအတြက္ လိုအပ္ခ်က္မ်ားကို ၂၀၁၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒပါ သတ္မွတ္ျပဌာန္းေပးထားသည့္ မူေဘာင္တြင္းက ပူးေပါင္း ေဆာင္႐ြက္လ်က္ရွိေၾကာင္း၊ လြတ္လပ္ေရးႀကိဳးပမ္းမႈ ကာလကစၿပီးေခတ္စနစ္မ်ားမည္သို႔ မည္ပုံေျပာင္းလဲပါေစတပ္မေတာ္အေနျဖင့္ႏိုင္ငံ ေတာ္ကာကြယ္ေရးႏွင့္အမ်ိဳးသားႏိုင္ငံေရး တာဝန္မ်ားကို ဦးလည္မသုန္ေက်ပြန္စြာ ထမ္းေဆာင္ခဲ့သည္မွာ ယခုႏွစ္ မတ္လ ၂၇ ရက္ေန႔ (၇၅)ႏွစ္ေျမာက္ စိန္ရတုကာလ တိုင္ေရာက္ရွိခဲ့ၿပီျဖစ္သကဲ့သို႔ တပ္မေတာ္၏ အဓိကတာဝန္ ျဖစ္သည့္ ႏိုင္ငံေတာ္ ကာကြယ္ေရးတာဝန္ကိုလည္း ေက်ပြန္စြာထမ္း႐ြက္ရင္း ေခတ္မီတပ္မေတာ္ တည္ေဆာက္ေနသည္ကိုျမင္ေတြ႕ရမွာျဖစ္ေၾကာင္း။
    
မိမိတို႔တပ္မေတာ္သည္ အတိတ္တြင္လည္း မိမိႏိုင္ငံႏွင့္လူမ်ိဳးကို ဦးစားေပး သကဲ့သို႔ ယေန႔မ်က္ေမွာက္ေခတ္ကာလတြင္လည္း ႏိုင္ငံေတာ္ႏွင့္ တိုင္းရင္းသားျပည္သူ မ်ား၏ ေရွ႕ကေန အေရးႀကဳံလာတိုင္း အခိုင္အမာဆုံးမားမားမတ္မတ္ရပ္တည္ေပး လ်က္ရွိ ေၾကာင္း၊ ေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ဒီမိုကေရစီႏိုင္ငံအျဖစ္ ေလွ်ာက္လွမ္း ေနခ်ိန္တြင္လည္း ႏိုင္ငံေတာ္ႏွင့္ ႏိုင္ငံသားအားလုံး၏ အမ်ိဳးသားအက်ိဳးစီးပြားကို ထိန္းသိမ္းေစာင့္ေရွာက္ရန္ အတြက္ ဒို႔တာဝန္အေရးသုံးပါးကို အမ်ိဳးသားေရးမူဝါဒ အျဖစ္ခ်မွတ္ခဲ့ေၾကာင္း၊ ထို႔အျပင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ အခန္း(၈)၊ ပုဒ္မ (၃၈၃)တြင္ လည္း "ႏိုင္ငံသားတိုင္းသည္ ျပည္ေထာင္စု မၿပိဳကြဲေရး၊တိုင္းရင္းသားစည္းလုံးညီၫြတ္မႈ မၿပိဳကြဲေရး၊ အခ်ဳပ္အျခာအာဏာတည္တံ့ ခိုင္ၿမဲေရးတို႔ကိုေစာင့္ထိန္းရန္တာဝန္ရွိသည္ "ဟု ျပ႒ာန္းထားၿပီးျဖစ္ေၾကာင္း၊ ေအးခ်မ္းသာယာ ၿပီးေခတ္မီဖြံ႕ၿဖိဳးတိုးတက္သည့္ ဒီမိုကေရစီႏိုင္ငံေတာ္တစ္ရပ္ထူေထာင္ ရာတြင္ ဒို႔တာဝန္အေရးသုံးပါး ခိုင္ခိုင္မာမာ တည္ရွိေနရန္လိုအပ္ေၾကာင္း၊ ထို႔ေၾကာင့္ ကမာၻ တည္သေ႐ြ႕ ျမန္မာႏိုင္ငံရွင္သန္ရပ္ တည္ႏိုင္ေရးအတြက္ ဒို႔တာဝန္အေရးသုံးပါးကို တိုင္းရင္းသားျပည္သူအားလုံးႏွင့္အတူ ႏိုင္ငံေတာ္ကိုကာကြယ္ေနသည့္ မိမိတို႔တပ္မေတာ္ ကလည္း အသက္ခႏၶာတည္သေ႐ြ႕ ထိန္းသိမ္းေစာင့္ေရွာက္သြားရမည္ပင္ျဖစ္ေၾကာင္း၊ ျမန္မာ့သမိုင္းစဥ္ျဖတ္သန္းမႈ ေခတ္အဆက္ဆက္တြင္ တပ္မေတာ္သည္ က်ရာအခန္းက႑ ကေန အမ်ိဳးသားႏိုင္ငံေရး သမိုင္းေပးတာဝန္မ်ားကို ေက်ေက်ပြန္ပြန္ထမ္းေဆာင္ခဲ့သည္ ျဖစ္၍ ရဲေဘာ္တို႔သည္ လည္း အုတ္တစ္ခ်ပ္သဲတစ္ပြင့္အေနျဖင့္ တပ္မေတာ္၏ေကာင္းျမတ္ သည့္ အစဥ္အလာ ေကာင္း ၁၂ ရပ္ကို လက္ဆင့္ကမ္းအေမြျဖင့္ ဆက္လက္သယ္ေဆာင္ သြားၾကရန္လို ေၾကာင္း။
    
တပ္မေတာ္၏အမ်ိဳးသားႏိုင္ငံေရးတာဝန္ထမ္းေဆာင္မႈႏွင့္ ပတ္သက္၍လည္း  အမ်ိဳးသားႏိုင္ငံေရးဆိုသည္တြင္ အမ်ိဳးသားအက်ိဳးစီးပြားကို ကာကြယ္ေစာင့္ေရွာက္ေရး၊ တိုင္းရင္းသားျပည္သူလူထုအေရးႏွင့္ ႏိုင္ငံ့အေရး ပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ႏိုင္ငံေတာ္ကိုလုံၿခဳံေအာင္ကာကြယ္ၿပီး ျပည္သူမ်ားကို ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ ၂၀၀၈ ခုႏွစ္၊ ဖြဲ႕စည္းပုံအေျခခံဥပေဒက သတ္မွတ္ျပ႒ာန္းခ်က္မူေဘာင္အတြင္းက အတတ္ ႏိုင္ဆုံးေစာင့္ေရွာက္ေပးရမည္ျဖစ္သည့္အျပင္ ႏိုင္ငံေတာ္အစိုးရ၏ တိုင္းျပည္တည္ၿငိမ္ဖြံ႕ ၿဖိဳးေရးေဆာင္႐ြက္မႈမ်ားကိုလည္း ကူညီေဆာင္႐ြက္ေပးရမည္ျဖစ္ေၾကာင္း။
    
ထို႔ေၾကာင့္ မိမိတို႔တပ္မေတာ္အေနျဖင့္ တိုင္းျပည္တည္ၿငိမ္ေအးခ်မ္းေရး၊ စည္းလုံး ညီၫြတ္ေရးႏွင့္ ဖြံ႕ၿဖိဳးတိုးတက္ေရးတို႔တြင္ အေျခခံမူမ်ားခ်မွတ္ၿပီး ေဆာင္႐ြက္ေနျခင္းပင္ ျဖစ္ေၾကာင္း၊ အေျခခံဥပေဒအရအပ္ႏွင္းထားသည့္ တပ္မေတာ္၏အမ်ိဳးသားႏိုင္ငံေရး တာဝန္မ်ားကို ေလ့လာၾကည့္လွ်င္ မိမိတို႔ႏိုင္ငံ၏ အမ်ိဳးသားအက်ိဳးစီးပြားကို ထိန္းသိမ္း ေစာင့္ေရွာက္အေကာင္အထည္ေဖာ္ရမည္ဆိုသည္ကို သိရွိထားရန္လိုအပ္ေၾကာင္း၊ တပ္မေတာ္တြင္ ေခါင္းေဆာင္ငယ္မ်ားအျဖစ္ တပ္အသီးသီးတြင္ တာဝန္ထမ္းေဆာင္ၾက ရမည့္ ရဲေဘာ္တို႔သည္ လက္ေအာက္ငယ္သားမ်ားႏွင့္ ပတ္ဝန္းက်င္က ေလးစားအသိအမွတ္ ျပဳျခင္းခံရေအာင္ ကိုယ္တိုင္စံနမူနာျပေနထိုင္က်င့္ႀကံေဆာင္႐ြက္သြားရမည္ပင္ျဖစ္ေၾကာင္း၊ ေခါင္းေဆာင္မႈႏွင့္ပတ္သက္၍ တပ္မေတာ္နည္းပညာတကၠသိုလ္ ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၂၀)သင္တန္းဆင္းပြဲတြင္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္မႉးႀကီး မဟာသေရစည္သူ မင္းေအာင္လႈိင္က" ရဲေဘာ္တို႔ဟာ လူငယ္၊ ေခါင္းေဆာင္ငယ္ေတြ ျဖစ္တဲ့အတြက္ ေခါင္းေဆာင္လိုေတြး၊ ေခါင္းေဆာင္လိုက်င့္ႀကံရမယ္။ ဆိုလိုတာက ေခါင္းေဆာင္မႈအဂၤါရပ္ ၁၆ ရပ္နဲ႔ျပည့္စုံေအာင္ ျပဳမူက်င့္ႀကံေနထိုင္ ေဆာင္႐ြက္သြားၾက ရမယ္။ ေခါင္းေဆာင္မႈအတတ္ပညာဟာ ႏိုင္ငံတိုင္း၊ လူမ်ိဳးတိုင္းအတြက္ အသက္တမွ် အေရးႀကီးတဲ့လိုအပ္ခ်က္ျဖစ္တယ္။ မိမိတပ္ဖြဲ႕ကို မွန္ကန္တဲ့ဦးေဆာင္မႈေပးႏိုင္ဖို႔ အဓိက က်င့္သုံးရမယ့္စိတ္ဓာတ္ကေတာ့ မိဘသဖြယ္စိတ္ဓာတ္ပဲျဖစ္ၿပီး လက္ေအာက္ငယ္သား မ်ားအေပၚမွာ ေက်ာသားရင္သားမခြဲျခားဘဲ မွန္ကန္စြာေခါင္းေဆာင္မႈေပးျခင္းျဖင့္ လက္ေအာက္ငယ္သားမ်ားရဲ႕ ခ်စ္ေၾကာက္႐ိုေသအားကိုးမႈကို ရယူၾကရမယ္။ ဒါေၾကာင့္ ေခါင္းေဆာင္ေကာင္းပီသစြာနဲ႔ လက္ေအာက္ကို မွန္ကန္စြာကြပ္ကဲအုပ္ခ်ဳပ္သလို အထက္ကေပးအပ္တဲ့အမိန႔္နဲ႔တာဝန္ကိုေက်ပြန္စြာထမ္းေဆာင္ႏိုင္တဲ့ ေနာက္လိုက္ ေကာင္းတစ္ေယာက္အျဖစ္လည္း က်င့္ႀကံေဆာင္႐ြက္ရင္း တပ္မေတာ္ကအားထားရတဲ့ အရာရွိေကာင္းမ်ားျဖစ္လာေအာင္ ႀကိဳးပမ္းေဆာင္႐ြက္သြားၾကဖို႔ အေလးထားမွာၾကား လိုတယ္" ဟု မွာၾကားခဲ့ေၾကာင္း၊ ရဲေဘာ္တို႔အေနျဖင့္ ယင္းအခ်က္မ်ားကို လက္ေတြ႕နယ္ ပယ္တြင္ တိက်စြာလိုက္နာက်င့္သုံးသြားမည္ဆိုရင္ လက္ေအာက္ငယ္သားမ်ား၏ ယုံၾကည္ ေလးစားအားကိုးခံၾကရသည့္ ေခါင္းေဆာင္မႈကိုရရွိမွာပင္ျဖစ္ေၾကာင္း၊ ထို႔အျပင္ ရဲေဘာ္တို႔ သည္ မိမိကြပ္ကဲရမည့္ တပ္ဖြဲ႕ဝင္မ်ားႏွင့္ မိသားစုဝင္မ်ားအေပၚ မွန္ကန္သည့္ေခါင္းေဆာင္ မႈႏွင့္အတူ ဖခင္သဖြယ္စိတ္ထား၊ ေခါင္းေဆာင္သဖြယ္စိတ္ထားႏွင့္ အုပ္ခ်ဳပ္မွသာ ေအာင္ျမင္ မႈကိုရရွိႏိုင္မည္ျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ရဲေဘာ္တို႔အေနျဖင့္ လက္ေအာက္ကို ကြပ္ကဲအုပ္ခ်ဳပ္ သည့္ေနရာတြင္ ႐ိုးသားေျဖာင့္မတ္မွန္ကန္ၿပီး စည္းကမ္းေကာင္းမြန္စြာႏွင့္ ေက်ာသား ရင္သားမခြဲျခားဘဲ မွန္မွန္ကန္ကန္ ေခါင္းေဆာင္သြားၾကရန္ အထူးမွာၾကားလို ေၾကာင္း။
   

မိမိတို႔တပ္မေတာ္သည္ စည္းကမ္းႏွင့္အမိန႔္ကို ေက်ာ႐ိုးမ႑ိဳင္ျပဳထားသည့္ အဖြဲ႕အစည္းျဖစ္သည္ႏွင့္အညီ ထုတ္ျပန္ထားသည့္အမိန႔္ႏွင့္စည္းကမ္းမ်ားအေပၚ တိတိ က်က်လိုက္နာသြားၾကရန္လိုေၾကာင္း၊ စည္းကမ္းဆိုသည္ တစ္နည္းအားျဖင့္ တိုက္တြန္းခ်က္ ႏွင့္တားျမစ္ခ်က္မ်ားပင္ျဖစ္ေၾကာင္း၊ ထုတ္ျပန္ထားသည့္စည္းကမ္းမ်ားႏွင့္ပတ္သက္ၿပီး အေသးအမႊားဟု သေဘာမထားဘဲ အေလးအနက္ထား လိုက္နာသြားၾကရန္လိုေၾကာင္း၊ စည္းကမ္းလိုက္နာျခင္း၊ အမိန႔္နာခံတတ္ျခင္းတို႔ျဖင့္ မိမိဘဝတိုးတက္မႈမ်ားကို ရရွိေစႏိုင္ ၿပီး စစ္ေျမျပင္မွာပါ ေအာင္ပြဲမ်ား ရယူႏိုင္သည္ကို ရဲေဘာ္တို႔သိရွိထားရန္လိုေၾကာင္း၊ ကိုယ့္ကိုယ္ကိုယ္ ထိန္းသိမ္းမႈအျပည့္ႏွင့္႐ိုး႐ိုးက်င့္ ျမင့္ျမင့္ႀကံစိတ္ထားၿပီး မေကာင္းမႈကို ေရွာင္၊ ေကာင္းမႈမ်ားကို ေဆာင္ထားရမည္ပင္ျဖစ္ေၾကာင္း၊ မေကာင္းသည့္ဘက္တြင္ မိမိ စိတ္ကို အလိုမလိုက္ရန္လိုအပ္သကဲ့သို႔ ကိုယ့္လက္ေအာက္ကိုလည္း အလိုမလိုက္မိရန္ အေရးႀကီးေၾကာင္း၊ စိတ္ဓာတ္၊စည္းကမ္း၊ သစၥာ၊ စည္းလုံးမႈ၊ စြမ္းရည္သုံးရပ္ျပည့္စုံမႈဆို သည့္ တပ္တိုင္းရဲေဘာ္တိုင္း ထားရွိရမည့္အေျခခံအရည္အခ်င္း ၅ ပါးႏွင့္ျပည့္စုံေနေအာင္ ႀကိဳးစားရန္လိုအပ္သကဲ့သို႔ စစ္သည္ေတာ္က်င့္ဝတ္အပါး ၆၀ ကိုလည္း တိတိက်က် လိုက္နာ ႏိုင္သူမ်ားျဖစ္ေအာင္ ႀကိဳးစားသြားရန္အေလးအနက္ထားမွာၾကားလိုေၾကာင္း။
    
မိမိတို႔တပ္မေတာ္သားမ်ားသည္ တိုင္းျပည္ကို ကာကြယ္ရန္ဆိုသည့္ အေျခခံ စိတ္ဓာတ္ေကာင္းႏွင့္တပ္မေတာ္သို႔ဝင္ေရာက္လာသူမ်ားျဖစ္သည့္အတြက္ တိုက္ပြဲဝင္ရာ တြင္ ရဲရဲတက္၊ ရဲရဲတိုက္၊ ရဲရဲေခ်မႈန္း ဆိုသည့္ တိုက္ပြဲဝင္စိတ္ဓာတ္ မ်ားရွိရမည္ျဖစ္ေၾကာင္း၊ ယင္းကဲ့သို႔ အေျခခံစိတ္ဓာတ္ႏွင့္တိုက္ပြဲဝင္စိတ္ဓာတ္မ်ား ပိုမိုခိုင္မာေအာင္ စိတ္ပိုင္းဆိုင္ရာ ႀကံ့ခိုင္မႈျဖစ္ေစသည့္ သုတ၊ ရသ စသည့္ စာေကာင္း ေပမြန္မ်ားကို အခ်ိန္ေပးၿပီးရွာေဖြ ဖတ္ရႈရန္လိုအပ္မည္ျဖစ္ေၾကာင္း၊ စာဖတ္ျခင္းက ေပးသည့္ ဗဟုသုတႏွင့္အသိပညာမ်ား သည္ မိမိရဲ႕အေတြး အေခၚအယူ အဆျမင့္မားေစ သည့္အျပင္ ကိုယ္က်င့္တရားႏွင့္စိတ္ဓာတ္ ခိုင္မာေကာင္းမြန္မႈမ်ား ကိုလည္းရရွိေစႏိုင္မည္ဆိုသည္ကို ရဲေဘာ္တို႔အသိပင္ျဖစ္ေၾကာင္း၊ထို႔အျပင္ ေခါင္းေဆာင္ ငယ္မ်ားျဖစ္သည့္ ရဲေဘာ္တို႔ကိုယ္တိုင္ က်န္းမာႀကံ့ခိုင္ရန္လိုအပ္ သကဲ့သို႔ လက္ေအာက္ စစ္သည္မ်ားကို က်န္းမာသန္စြမ္းၿပီး စိတ္ဓာတ္ခိုင္မာေအာင္ အစဥ္ေလ့က်င့္ေပးေနရန္ လိုအပ္ေၾကာင္း၊ ထို႔မွသာ စစ္ေျမျပင္တြင္ တိုက္ပြဲတစ္ရာ ေအာင္ပြဲတစ္ရာရရွိမည္ျဖစ္ ေၾကာင္း။
   

သင္တန္းကာလတြင္ ရဲေဘာ္တို႔ကို စစ္နည္းဗ်ဴဟာ၊ ေခါင္းေဆာင္မႈ၊ စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္၊ စစ္ေျမျပင္အင္ဂ်င္နီယာ၊ ကြန္ပ်ဴတာႏွင့္အျခားဘာသာရပ္မ်ားကို ၉ လတာစာေတြ႕၊လက္ေတြ႕ ေလ့က်င့္သင္ၾကားေပးခဲ့ၿပီးျဖစ္ေၾကာင္း၊ နည္းပညာဖြံ႕ၿဖိဳး တိုးတက္ေနသည့္ ယေန႔ေခတ္ကာလတြင္ စစ္မႈဆိုင္ရာအတတ္ပညာမ်ားႏွင့္စစ္နည္းဗ်ဴဟာ မ်ားသည္ ေရွးယခင္ကကဲ့သို႔ သမား႐ိုးက်မဟုတ္ေတာ့ဘဲ ျမင့္မားလ်က္ရွိေၾကာင္း၊ ပညာ ဆိုသည္ အကန႔္အသတ္မရွိျခင္းေၾကာင့္ သင္တန္းက သင္ၾကားေပးလိုက္သည့္ အတတ္ ပညာမ်ားႏွင့္သာ တင္းတိမ္ေရာင့္ရဲမေနဘဲ ဆက္လက္ေလ့လာသြားၾကရန္လိုအပ္ေၾကာင္း၊ လက္ေတြ႕နယ္ပယ္တြင္ တာဝန္ထမ္းေဆာင္ၾကသည့္အခါ ႀကဳံေတြ႕ရမည့္စစ္ေျမျပင္၊ ရင္ဆိုင္ ရမည့္အခက္အခဲမ်ားကို ေအာင္ျမင္စြာေက်ာ္လႊားႏိုင္ရန္အတြက္ သင္ၾကားေပးလိုက္သည့္ သီအိုရီ (Theory) မ်ားကို လက္ေတြ႕အေတြ႕အႀကဳံ ဗဟုသုတမ်ားႏွင့္ေပါင္းစပ္ၿပီး ေဆာင္႐ြက္ သြားၾကရမည္ပင္ျဖစ္သကဲ့သို႔ မိမိအထက္ ဝါရင့္အရာရွိမ်ားႏွင့္ အေတြ႕အႀကဳံႂကြယ္ဝသည့္ ဗိုလ္ေလးမ်ား၊ ဆရာႀကီးမ်ားထံကလည္း စစ္ဦးစီး၊ စစ္ေရး၊ စစ္ေထာက္ဆိုသည့္ ပင္နီယံ (၃)ရပ္ ထဲက ကိုယ္မသိသည္ မတတ္သည္မ်ားကို အခ်ိန္ရလွ်င္ရသလို ေလ့လာဆည္းပူး ၾကရန္၊ မွတ္သားၾကရန္ႏွင့္လိုက္နာလုပ္ေဆာင္ၾကရန္လိုအပ္ေၾကာင္း၊ မိမိႏွင့္မိမိ ဦးေဆာင္ရမည့္ တပ္ဖြဲ႕ကို အရည္အေသြးတိုးတက္လာေအာင္၊ ေျပာင္းလဲတိုးတက္ ေနသည့္စစ္နည္းဗ်ဴဟာ ႏွင့္လက္နက္နည္းစနစ္မ်ားကို စဥ္ဆက္မျပတ္ေလ့လာၿပီး ကြၽမ္းက်င္မႈရွိေစရန္ သင္ၾကား ေပးလိုက္သည့္ စစ္အတတ္ပညာမ်ားကို အၿမဲတမ္း ေလ့က်င့္ေနရမည္ပင္ျဖစ္ေၾကာင္း၊ ထိုသို႔ ေလ့က်င့္ထားသည့္ စစ္အတတ္ပညာမ်ားကို လက္ေတြ႕နယ္ပယ္တြင္ လိုက္နာက်င့္သုံး အေကာင္အထည္ေဖာ္ေဆာင္႐ြက္ သြားၾကရန္ကိုလည္း အေလးထားမွာၾကားလိုေၾကာင္း။
    
ႏိုင္ငံေတာ္ကာကြယ္ေရးတာဝန္ထမ္းေဆာင္ေနသည့္ မိမိတို႔တပ္မေတာ္သား  မ်ားအေနျဖင့္ကာကြယ္ေရးစြမ္းရည္ရွိေစရန္ႏွင့္အရည္အခ်င္းျပည့္ဝေစရန္အတြက္ အၿမဲတမ္း ေလ့က်င့္ရမည္၊ အၿမဲတမ္းစစ္ေရးသတိရွိရမည္၊ အၿမဲတမ္းတိုက္ပြဲဝင္အသင့္ ျဖစ္ရမည္ ဆိုသည့္ ၿမဲသုံးၿမဲႏွင့္လည္း ျပည့္စုံေနရန္လိုအပ္ေၾကာင္း၊ ေလ့က်င့္ေရးတြင္ တစ္ဦးခ်င္း ေလ့က်င့္ေရးႏွင့္အဖြဲ႕လိုက္ ေလ့က်င့္ေရးဆိုၿပီး အေျခခံအားျဖင့္ ႏွစ္မ်ိဳးရွိ ေၾကာင္း၊ ရဲေဘာ္တို႔ တက္ေရာက္ေအာင္ျမင္ၿပီးျဖစ္သည့္ တပ္မေတာ္ (ၾကည္း)ဗိုလ္သင္ တန္းေက်ာင္း(ဗထူး)က တစ္ဦးခ်င္းအေနႏွင့္ေရာ အဖြဲ႕လိုက္အေနျဖင့္ပါ လုပ္ေဆာင္ တတ္ေစရန္ ေလ့က်င့္သင္ၾကားေပးလိုက္ၿပီးျဖစ္ေၾကာင္း၊ အေရအတြက္မွ အရည္အခ်င္း သို႔ ဆိုသည့္ ေလ့က်င့္ေရးမူဝါဒႏွင့္အညီ တစ္ဦးခ်င္းမွသည္ တပ္မေတာ္တစ္ရပ္လုံး စြမ္းေဆာင္ရည္ ျမင့္မားေစရန္ ေလ့က်င့္မႈမ်ားကို မွန္မွန္ကန္ကန္ေဆာင္႐ြက္သြား ၾကရန္လိုအပ္ေၾကာင္း၊ ေလ့က်င့္မွ ကြၽမ္းက်င္၊ ကြၽမ္းက်င္မွ ယုံၾကည္၊ ယုံၾကည္မွ ရဲရင့္၊ ရဲရင့္မွ ေအာင္ပြဲဆင္ ဆိုသည့္ေဆာင္ပုဒ္အတိုင္း မီးနာမွသံေကာင္းမည္ဆိုသည့္ထုံးကို လက္ကိုင္ထားၿပီး မိမိ ဦးေဆာင္ရသည့္တပ္စု၊ တပ္ဖြဲ႕မ်ားကို အၿမဲမျပတ္ေလ့က်င့္ေနရန္ လိုအပ္ေၾကာင္း၊ စစ္နည္း ဗ်ဴဟာ၊ စစ္မဟာဗ်ဴဟာမ်ား ေျပာင္းလဲမႈရွိတိုင္း၊ စစ္အသုံး အေဆာင္ပစၥည္းမ်ား ေျပာင္းလဲမႈ ရွိတိုင္း၊ ေခတ္ႏွင့္အမီလိုက္ႏိုင္ၿပီး အသုံးျပဳႏိုင္ရန္ "ေလ့လာ၊ ေလ့က်င့္၊ လိုက္နာ"ဆိုသည့္တပ္မေတာ္၏ေလ့က်င့္ေရးေဆာင္ပုဒ္ လုပ္ငန္း စဥ္အတိုင္း စဥ္ဆက္မျပတ္ ႀကိဳးစားေဆာင္႐ြက္ သြားၾကရန္လိုေၾကာင္း။
    
မိမိတို႔ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးေဆာင္႐ြက္မႈမ်ားကို ေလ့လာၾကည့္မည္ဆိုလွ်င္ အစိုးရ အဆက္ဆက္ တိုင္းရင္းသားစည္းလုံးညီၫြတ္ေရးႏွင့္ ျပည္တြင္းၿငိမ္းခ်မ္းေရး တို႔အတြက္ ေဆာင္႐ြက္ခဲ့ေပမယ့္လည္း လက္နက္ကိုင္အဖြဲ႕အစည္းမ်ား၏ ကိုယ္က်ိဳးစီးပြား တည္တံ့ ခိုင္ၿမဲေရးႏွင့္လက္နက္ကိုင္စြဲၿပီး အာဏာရယူေရး စသည့္ဆႏၵစြဲ၊ ဘယာစြဲမ်ားကို ေရွ႕တန္း တင္မႈမ်ားေၾကာင့္ အလုံးစုံေအာင္ျမင္မႈမရွိခဲ့သည္ကို ေတြ႕ရမည္ပင္ျဖစ္ေၾကာင္း၊ ယခင္ တပ္မေတာ္အစိုးရလက္ထက္တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ ၿငိမ္းခ်မ္းေရးရရွိေအာင္ ေဆာင္႐ြက္ခဲ့သကဲ့သို႔ ၂၀၁၁ ခုႏွစ္တြင္ ျပည္သူမ်ားက ေ႐ြးခ်ယ္ တင္ေျမႇာက္ခဲ့သည့္ အရပ္သားအစိုးရလက္ထက္တြင္လည္း တိုင္းရင္းသားလက္နက္ကိုင္ အဖြဲ႕အစည္းမ်ားကို ၿငိမ္းခ်မ္းေရးလမ္းေပၚေရာက္ရွိေအာင္ ေဆာင္႐ြက္ႏိုင္ခဲ့သည္ကို ရဲေဘာ္တို႔အသိပင္ျဖစ္ေၾကာင္း၊ တပ္မေတာ္အေနျဖင့္ ၁၉၆၂ ခုႏွစ္ကစ၍ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္မ်ားကို အင္တိုက္အားတိုက္ ႀကိဳးစားခဲ့သျဖင့္ ၁၉၈၈ ခုႏွစ္ေနာက္ပိုင္းမွ ၂၀၁၀ ျပည့္ႏွစ္အထိ ထိုက္သင့္သည့္ၿငိမ္းခ်မ္းမႈမ်ား ရရွိခဲ့သည့္အျပင္ ျပည္သူမ်ားေမွ်ာ္လင့္ ေတာင့္ တေနသည့္ ပါတီစုံဒီမိုကေရစီလမ္းေၾကာင္းေပၚကို ေရာက္ေအာင္လည္း စြမ္း ေဆာင္ေပးႏိုင္ ခဲ့ေၾကာင္း၊ တိုင္းရင္းသားလက္နက္ကိုင္ပဋိပကၡမ်ား ခ်ဳပ္ၿငိမ္းပ ေပ်ာက္ေစရန္အတြက္ ၂၀၁၅ ခုႏွစ္တြင္ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕ ၈ ဖြဲ႕ႏွင့္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးသေဘာ တူစာခ်ဳပ္ (NCA)  ကို လက္မွတ္ေရးထိုးႏိုင္ခဲ့သည့္ အျပင္ ၂၀၁၈ ခုႏွစ္၊ ေဖေဖာ္ဝါရီလအတြင္းတြင္ ေနာက္ထပ္ ၂ ဖြဲ႕ NCA  တြင္ ပါဝင္ လက္မွတ္ေရးထိုးခဲ့ၾကၿပီးျဖစ္ေၾကာင္း၊ ထို႔ျပင္ က်န္ရွိေနေသးသည့္ တိုင္းရင္းသား လက္နက္ကိုင္အဖြဲ႕အစည္းမ်ားကိုလည္း ၿငိမ္းခ်မ္းေရး လမ္းေပၚေလွ်ာက္လွမ္းႏိုင္ေအာင္ အခြင့္အခါေကာင္းမ်ားကို အၿမဲဖန္တီးေပးခဲ့ေၾကာင္း၊ အထူးသျဖင့္တပ္မေတာ္အေနျဖင့္ ၿငိမ္းခ်မ္းေရးလုပ္ငန္းမ်ားတြင္သာမက ျပည္တြင္းပဋိပကၡ မ်ားကို ေျဖရွင္းသည့္ အခါတြင္လည္း လတ္တေလာျပႆနာေျပလည္ေရးပုံစံမ်ိဳးမဟုတ္ဘဲ ေရရွည္ ေအာင္ျမင္ မႈရရွိေရးအတြက္ ေစတနာထား ႀကိဳးစားေဆာင္႐ြက္ေနျခင္းပင္ျဖစ္ ေၾကာင္း၊ တပ္မေတာ္ က ခ်မွတ္ထားသည့္ ၿငိမ္းခ်မ္းေရးမူဝါဒ ၆ ရပ္သည္ အတိတ္က ျဖစ္စဥ္မ်ားအေပၚ ဆင္ျခင္သုံးသပ္ကာ အမွန္တကယ္ တိုင္းျပည္ေအးခ်မ္းသာယာၿပီး ဖြံ႕ၿဖိဳး တိုးတက္လို သည့္စိတ္ႏွင့္ ခ်မွတ္ထားသည့္အရာမ်ားပင္ျဖစ္ေၾကာင္း။
    
သမိုင္းေၾကာင္းႏွင့္ယွဥ္သည့္ ျမန္မာ့တပ္မေတာ္၏ မြန္ျမတ္ေသာအစဥ္အလာ ေကာင္းမ်ားႏွင့္ အမ်ိဳးသားႏိုင္ငံေရးတာဝန္ထမ္းေဆာင္မႈမ်ားကို ဆက္လက္ထိန္းသိမ္း ေဆာင္႐ြက္သြားၾကရန္၊အရာရွိတစ္ဦးခ်င္းမွ မိမိဦးေဆာင္ သည့္တပ္ဖြဲ႕ တစ္ခုလုံး  အေရအတြက္မွ အရည္အခ်င္းရွိေစရန္ႏွင့္ လူေကာင္းလူေတာ္မ်ားျဖစ္ၾကၿပီး ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္က စံျပဳထိုက္သည့္၊ အားကိုးထိုက္သည့္ ေခါင္းေဆာင္ေကာင္း မ်ားျဖစ္ေအာင္ ႀကိဳးစားသြားၾကရန္၊ ေခါင္းေဆာင္မႈ အရည္အေသြးျပည့္ဝစြာ ျဖင့္ ေခါင္းေဆာင္မႈ အဂၤါရပ္ ၁၆ ရပ္ႏွင့္အညီ လက္ေအာက္ကို စည္းလုံးညီၫႊတ္ၿပီး စြမ္းရည္ရွိေအာင္ကြပ္ကဲ သြားၾကရန္၊စည္းကမ္းသည္လူ႔တန္ဖိုး ျဖစ္ေသာေၾကာင့္ စစ္ဘက္နယ္ဘက္ စည္းကမ္းမ်ားကို တိတိက်က် လိုက္နာၿပီး မိမိကိုယ္ကို ႏွင့္တပ္မေတာ္၏ ဂုဏ္သိကၡာ ကိုျမႇင့္တင္ႏိုင္သူမ်ားျဖစ္ေအာင္ ႀကိဳးစားသြားရန္၊ ေလ့လာဆည္းပူးခဲ့သည့္ ပညာရပ္မ်ားကို အေျခခံၿပီး ေခတ္ႏွင့္အညီေျပာင္းလဲေနသည့္ စစ္နည္းဗ်ဴဟာႏွင့္ စစ္ဘက္နည္းပညာမ်ားကို စဥ္ဆက္မျပတ္ေလ့လာ ဆည္းပူးသြားရန္၊ဒို႔တာဝန္အေရးသုံးပါးကို အစဥ္ဦးထိပ္ထားၿပီး တာဝန္က်ရာ ေဒသအသီးသီးတြင္ ျပည္တြင္းၿငိမ္းခ်မ္းေရးႏွင့္ တိုင္းရင္းသား စည္းလုံး ညီၫြတ္ေရးလုပ္ငန္းမ်ားအျပင္ ျပည္သူ႔အက်ိဳးျပဳလုပ္ငန္းမ်ားကိုလည္း အေလးထား ေဆာင္႐ြက္ရန္၊စစ္သည္ေတာ္က်င့္ဝတ္ အပါး(၆၀)ကို ၿမဲၿမံေအာင္ ေစာင့္ထိန္းရင္း အနာဂတ္ ႏိုင္ငံေတာ္ႏွင့္ တပ္မေတာ္အတြက္ အားကိုးအားထားျပဳရမည့္ အရာရွိေကာင္း မ်ားျဖစ္ေအာင္ ႀကိဳးစားသြားၾကရန္လိုေၾကာင္းျဖင့္ေျပာၾကားသည္။ ဒုတိယတပ္မေတာ္ ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး သီရိပ်ံခ်ီ စိုးဝင္း သည္ ဗိုလ္ေလာင္းမ်ား၏အေလးျပဳျခင္းကိုခံယူၿပီးျပန္လည္ထြက္ခြာသည္။
    
သင္တန္းဆင္းပြဲအခမ္းအနားအၿပီးတြင္ ဒုတိယတပ္မေတာ္ကာကြယ္ေရး ဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး သီရိပ်ံခ်ီ စိုးဝင္း သည္  ဧည့္ခန္းမေဆာင္၌ ဆုရဗိုလ္ေလာင္းမ်ားအား ေတြ႕ဆုံ၍ ဂုဏ္ျပဳအမွာစကားေျပာၾကား သည္။
    
ယင္းေနာက္ဒုတိယတပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ ကာကြယ္ေရးဦးစီးခ်ဳပ္ (ၾကည္း) ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ႏွင့္အဖြဲ႕ဝင္မ်ား သည္ ေက်ာင္းဆင္းအရာရွိမ်ား ႏွင့္အတူ သင္တန္းဆင္းဂုဏ္ျပဳေန႔လယ္စာအတူတကြသုံးေဆာင္ခဲ့ၾကေၾကာင္း  သတင္း ရရွိ သည္။   

(Unicode Version)

တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း(ဗထူး)ဗိုလ်လောင်းသင်တန်းအမှတ်စဉ်(၁၂၃) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် ၊ ဧပြီ- ၂၃
    
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၂၃) သီဟတပ်ခွဲ သင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ဗထူးတပ်မြို့ရှိအဆိုပါ ဗိုလ်သင်တန်းကျောင်း စစ်ရာထူးခန့်ခန်းမဆောင်၌ ကျင်းပပြုလုပ် ရာ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင် ကိုယ်စား ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း တက်ရောက်မိန့်ခွန်းပြောကြားသည်။
    
အဆိုပါအခမ်းအနားသို့ ကာကွယ်ရေးဦးစီးချုပ်ရုံးမှတပ်မတော်အရာရှိကြီးများ၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်မှူး၊ ဗထူးတပ်နယ်မှအရာရှိကြီးများ၊သင်တန်းဆင်း ဗိုလ်လောင်း များတက်ရောက်ကြသည်။
    
ဦးစွာ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည်ကျောင်းဆင်းဗိုလ်လောင်း တပ်ခွဲများ၏ လေးပြုခြင်းကိုခံယူသည်။
    
ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း က အကောင်းဆုံး ဗိုလ်လောင်းဆုရရှိသူ ဗိုလ်လောင်းအမှတ် ၁၅၇ ဗိုလ်လောင်း မင်းဇင်ဦး အား ငွေဓားဆုချီးမြှင့်ပေးအပ်သည်။
    
ထို့နောက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကိုယ်စား ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) က မိန့်ခွန်းပြောကြားရာတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်း ကျောင်း(ဗထူး) ဗိုလ်လောင်း သင်တန်းအမှတ်စဉ် (၁၂၃) ၏ သင်တန်းဆင်းသည့်နေ့ဖြစ်၍ တပ်မတော်အတွက် မျိုးဆက်သစ်အရာရှိများကို ထပ်မံမွေးထုတ်ပေးလိုက်သည့်အတွက် အနာဂတ်တပ်မတော်၏ အင်အား သစ်ဖြစ်စေ သည့်နေ့တစ်နေ့ဖြစ်ကြောင်း၊"တပ်မတော်(ကြည်း)တွင် အရည်အချင်း ပြည့်ဝသော အရာရှိများဖြစ်ပေါ်လာစေရန်နှင့် ခြေလျင်တပ်စုတစ်စုကို ပိုင်နိုင်စွာကွပ်ကဲ၍ စစ်မြေပြင် တွင် တိုက်ပွဲဝင်နိုင်စေရန် "ဆိုသည့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း (ဗထူး) ၏ရည်ရွယ်ချက်နှင့်အညီ ခေါင်းဆောင်ငယ်များအဖြစ် မွေးထုတ်ပေးလိုက်သည့် ရဲဘော်တို့အတွက် ဂုဏ်ယူဖွယ်ကောင်းသည့် နေ့တစ်နေ့ဖြစ်ကြောင်း၊ ယနေ့တွင် စစ်ဘက် ခေါင်းဆောင်ငယ်များအဖြစ် တပ်ရင်း၊ တပ်ဖွဲ့အသီးသီးတွင် တာဝန်ထမ်းဆောင်ကြရမည့် ရဲဘော်တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်(ကိုယ်စား) သိသင့်သိထိုက်သည့် အကြောင်းအရာများကို အလေးအနက်ထားမှာကြားသွားမည်ဖြစ်ကြောင်း။
    
မိမိတို့တပ်မတော်အနေနှင့် လွတ်လပ်ရေးကြိုးပမ်းမှုကာလမှစ၍ ယနေ့အထိ အစိုးရအဆက်ဆက်နှင့် ခေတ်အဆက်ဆက်တွင် နိုင်ငံရေးစနစ်အမျိုးမျိုးကို အောင်မြင်စွာ ဖြတ်သန်းခဲ့ပြီးဖြစ်သကဲ့သို့ နိုင်ငံတော်၏ ပြည်တွင်းပြည်ပအန္တရာယ်အမျိုးမျိုးကိုလည်း တိုင်းရင်းသားပြည်သူတို့နှင့်အတူလက်တွဲပြီး အောင်မြင်စွာ ရင်ဆိုင်ဖြေရှင်း ဆောင်ရွက် နိုင်ခဲ့သည်ကိုတွေ့ရမည်ဖြစ်ကြောင်း၊ မိမိတို့တပ်မတော်သည် ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့်ဗမာ့လွတ်လပ်ရေးတပ်မတော်(BIA) ကနေအစပြုခဲ့ ရာမှ ၁၉၄၂ ခုနှစ်၊ဇူလိုင်လ၂၇ရက်တွင်ဗမာ့ကာကွယ်ရေးတပ်မတော် (BDA)၊ ၁၉၄၃ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက်တွင် ဗမာ့အမျိုးသားတပ်မတော် (BNA) နှင့် ၁၉၄၅ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်တွင် မျိုးချစ်ဗမာ့တပ်မတော် (PBF)  အဖြစ် အဆင့်ဆင့်ပြောင်းလည်း ဖွဲ့စည်းခဲ့ပြီး ခိုင်မာသည့် အမျိုးသားရေးအင်အားစုကြီးအဖြစ် ပြည်သူရှေ့ကဦးဆောင်ကာ မြန်မာ့ လွတ်လပ်ရေး ရယူပေးနိုင်ခဲ့သည်ကို ရဲဘော်တို့အသိပဲဖြစ်ကြောင်း၊ထို့ကြောင့် အစွန်းမရောက်သည့် မျိုးချစ်စိတ်၊ နှလုံးသားထဲတွင်သံမှိုစွဲသကဲ့သို့ စွဲထားရမည့် နိုင်ငံချစ်စိတ်ကိုအခြေခံပြီး မွန်မြတ်သည့် စိတ်ထားများနှင့် တိုင်းရင်းသားပြည်သူကြားက ပေါက်ဖွားလာသည့် မိမိတို့တပ်မတော်၏ ကောင်းမြတ်သည့် အတိတ်သမိုင်းကြောင်းနှင့် အစဉ်အလာကောင်း များကို ဆက်လက်ထိန်းသိမ်းဆောင်ရွက်သွားကြရန်လိုကြောင်း။
    
မိမိတို့တပ်မတော်၏သမိုင်းကြောင်းသည် နိုင်ငံတော်၏သမိုင်းကြောင်းနှင့် အစဉ်အမြဲ ဒွန်တွဲလျက်ရှိပြီး အမိနိုင်ငံတော်ကြီး၏ ဖြတ်သန်းခဲ့ရသည့်သမိုင်းကြောင်းအရ အမျိုးသားနိုင်ငံရေးလမ်းကြောင်းကို မယိမ်းမယိုင်စေရုံသာမက အမျိုးသားအကျိုးစီးပွား ကိုပါ မထိပါးစေရအောင် မျက်ခြည်မပြတ်စောင့်ရှောက် ထိန်းသိမ်းပေးရမည့် အမျိုးသား နိုင်ငံရေး အင်အားစုတစ်ခုဖြစ်သည့် တပ်မတော်သည် တိုင်းရင်းသားမိဘပြည်သူများ၏ ရင်နှစ် သည်းချာသားသမီးများနှင့် ဖွဲ့စည်းထားကြောင်း၊ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏ သစ္စာကို ထာဝစဉ်စောင့်ရှောက်ထိန်းသိမ်းခဲ့သည့် အစဉ်အလာကောင်းများနှင့်ပြည့်စုံသည့် တပ်မတော်ဖြစ်ကြောင်း၊ အမျိုးသားရေးနှင့် နိုင်ငံ့အရေးများတွင် သမိုင်းပေးတာဝန်များ အရ အဓိကအခန်းကဏ္ဍကနေ ပါဝင်ထမ်းဆောင်ခဲ့သည့်အပြင် နိုင်ငံတော်၏ အချုပ်အခြာ အာဏာ ဆုံးရှုံးရမည့်အန္တရာယ်အသွယ်သွယ် ရင်ဆိုင်ကြုံတွေ့ရချိန်တွင်လည်း နိုင်ငံတော် အတွက် တိုင်းရင်းသားပြည်သူလူထုရှေ့က ခိုင်ခိုင်မာမာရပ်တည်ပေးခဲ့ကြောင်း၊ ထို့အပြင် နိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခြေခံအုတ်မြစ်များကို ခိုင်မာအောင် တည်ဆောက် ပေးခဲ့ပြီး ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အတူ ပါတီစုံဒီမိုကရေစီစနစ် ဖော်ဆောင်ပေးနိုင်ခဲ့ ကြောင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပါတီစုံပါဝင်သည့်အထွေထွေ ရွေးကောက်ပွဲကြီးကို နှစ်ကြိမ်တိုင်တိုင် သွေးထွက်သံယိုမှုမရှိဘဲ အောင်မြင်စွာကျင်းပ ပေးနိုင်ခဲ့သည့်အပြင် ပထမအကြိမ်ပါတီစုံ ဒီမိုကရေစီသက်တမ်းတွင် နိုင်ငံတော်အာဏာ ကို အနိုင်ရပါတီထံ အဆင်ပြေချောမွေ့စွာ လွှဲပြောင်းပေးနိုင်ခဲ့ပြီး ယခုဒုတိယအစိုးရ သက်တမ်းကာလတွင် လည်း နိုင်ငံတော်၏အကျိုး စီးပွားအတွက် လိုအပ်ချက်များကို ၂၀၁၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ သတ်မှတ်ပြဌာန်းပေးထားသည့် မူဘောင်တွင်းက ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း၊ လွတ်လပ်ရေးကြိုးပမ်းမှု ကာလကစပြီးခေတ်စနစ်များမည်သို့ မည်ပုံပြောင်းလဲပါစေတပ်မတော်အနေဖြင့်နိုင်ငံ တော်ကာကွယ်ရေးနှင့်အမျိုးသားနိုင်ငံရေး တာဝန်များကို ဦးလည်မသုန်ကျေပွန်စွာ ထမ်းဆောင်ခဲ့သည်မှာ ယခုနှစ် မတ်လ ၂၇ ရက်နေ့ (၇၅)နှစ်မြောက် စိန်ရတုကာလ တိုင်ရောက်ရှိခဲ့ပြီဖြစ်သကဲ့သို့ တပ်မတော်၏ အဓိကတာဝန် ဖြစ်သည့် နိုင်ငံတော် ကာကွယ်ရေးတာဝန်ကိုလည်း ကျေပွန်စွာထမ်းရွက်ရင်း ခေတ်မီတပ်မတော် တည်ဆောက်နေသည်ကိုမြင်တွေ့ရမှာဖြစ်ကြောင်း။
    
မိမိတို့တပ်မတော်သည် အတိတ်တွင်လည်း မိမိနိုင်ငံနှင့်လူမျိုးကို ဦးစားပေး သကဲ့သို့ ယနေ့မျက်မှောက်ခေတ်ကာလတွင်လည်း နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူ များ၏ ရှေ့ကနေ အရေးကြုံလာတိုင်း အခိုင်အမာဆုံးမားမားမတ်မတ်ရပ်တည်ပေး လျက်ရှိ ကြောင်း၊ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်း နေချိန်တွင်လည်း နိုင်ငံတော်နှင့် နိုင်ငံသားအားလုံး၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်းစောင့်ရှောက်ရန် အတွက် ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးမူဝါဒ အဖြစ်ချမှတ်ခဲ့ကြောင်း၊ ထို့အပြင် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း(၈)၊ ပုဒ်မ (၃၈၃)တွင် လည်း "နိုင်ငံသားတိုင်းသည် ပြည်ထောင်စု မပြိုကွဲရေး၊တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ ခိုင်မြဲရေးတို့ကိုစောင့်ထိန်းရန်တာဝန်ရှိသည် "ဟု ပြဋ္ဌာန်းထားပြီးဖြစ်ကြောင်း၊ အေးချမ်းသာယာ ပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံတော်တစ်ရပ်ထူထောင် ရာတွင် ဒို့တာဝန်အရေးသုံးပါး ခိုင်ခိုင်မာမာ တည်ရှိနေရန်လိုအပ်ကြောင်း၊ ထို့ကြောင့် ကမ္ဘာ တည်သရွေ့ မြန်မာနိုင်ငံရှင်သန်ရပ် တည်နိုင်ရေးအတွက် ဒို့တာဝန်အရေးသုံးပါးကို တိုင်းရင်းသားပြည်သူအားလုံးနှင့်အတူ နိုင်ငံတော်ကိုကာကွယ်နေသည့် မိမိတို့တပ်မတော် ကလည်း အသက်ခန္ဓာတည်သရွေ့ ထိန်းသိမ်းစောင့်ရှောက်သွားရမည်ပင်ဖြစ်ကြောင်း၊ မြန်မာ့သမိုင်းစဉ်ဖြတ်သန်းမှု ခေတ်အဆက်ဆက်တွင် တပ်မတော်သည် ကျရာအခန်းကဏ္ဍ ကနေ အမျိုးသားနိုင်ငံရေး သမိုင်းပေးတာဝန်များကို ကျေကျေပွန်ပွန်ထမ်းဆောင်ခဲ့သည် ဖြစ်၍ ရဲဘော်တို့သည် လည်း အုတ်တစ်ချပ်သဲတစ်ပွင့်အနေဖြင့် တပ်မတော်၏ကောင်းမြတ် သည့် အစဉ်အလာ ကောင်း ၁၂ ရပ်ကို လက်ဆင့်ကမ်းအမွေဖြင့် ဆက်လက်သယ်ဆောင် သွားကြရန်လို ကြောင်း။
    
တပ်မတော်၏အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်မှုနှင့် ပတ်သက်၍လည်း  အမျိုးသားနိုင်ငံရေးဆိုသည်တွင် အမျိုးသားအကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ရေး၊ တိုင်းရင်းသားပြည်သူလူထုအရေးနှင့် နိုင်ငံ့အရေး ပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် နိုင်ငံတော်ကိုလုံခြုံအောင်ကာကွယ်ပြီး ပြည်သူများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်ပြဋ္ဌာန်းချက်မူဘောင်အတွင်းက အတတ် နိုင်ဆုံးစောင့်ရှောက်ပေးရမည်ဖြစ်သည့်အပြင် နိုင်ငံတော်အစိုးရ၏ တိုင်းပြည်တည်ငြိမ်ဖွံ့ ဖြိုးရေးဆောင်ရွက်မှုများကိုလည်း ကူညီဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း။
    
ထို့ကြောင့် မိမိတို့တပ်မတော်အနေဖြင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အခြေခံမူများချမှတ်ပြီး ဆောင်ရွက်နေခြင်းပင် ဖြစ်ကြောင်း၊ အခြေခံဥပဒေအရအပ်နှင်းထားသည့် တပ်မတော်၏အမျိုးသားနိုင်ငံရေး တာဝန်များကို လေ့လာကြည့်လျှင် မိမိတို့နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားကို ထိန်းသိမ်း စောင့်ရှောက်အကောင်အထည်ဖော်ရမည်ဆိုသည်ကို သိရှိထားရန်လိုအပ်ကြောင်း၊ တပ်မတော်တွင် ခေါင်းဆောင်ငယ်များအဖြစ် တပ်အသီးသီးတွင် တာဝန်ထမ်းဆောင်ကြ ရမည့် ရဲဘော်တို့သည် လက်အောက်ငယ်သားများနှင့် ပတ်ဝန်းကျင်က လေးစားအသိအမှတ် ပြုခြင်းခံရအောင် ကိုယ်တိုင်စံနမူနာပြနေထိုင်ကျင့်ကြံဆောင်ရွက်သွားရမည်ပင်ဖြစ်ကြောင်း၊ ခေါင်းဆောင်မှုနှင့်ပတ်သက်၍ တပ်မတော်နည်းပညာတက္ကသိုလ် ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၂၀)သင်တန်းဆင်းပွဲတွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မဟာသရေစည်သူ မင်းအောင်လှိုင်က" ရဲဘော်တို့ဟာ လူငယ်၊ ခေါင်းဆောင်ငယ်တွေ ဖြစ်တဲ့အတွက် ခေါင်းဆောင်လိုတွေး၊ ခေါင်းဆောင်လိုကျင့်ကြံရမယ်။ ဆိုလိုတာက ခေါင်းဆောင်မှုအင်္ဂါရပ် ၁၆ ရပ်နဲ့ပြည့်စုံအောင် ပြုမူကျင့်ကြံနေထိုင် ဆောင်ရွက်သွားကြ ရမယ်။ ခေါင်းဆောင်မှုအတတ်ပညာဟာ နိုင်ငံတိုင်း၊ လူမျိုးတိုင်းအတွက် အသက်တမျှ အရေးကြီးတဲ့လိုအပ်ချက်ဖြစ်တယ်။ မိမိတပ်ဖွဲ့ကို မှန်ကန်တဲ့ဦးဆောင်မှုပေးနိုင်ဖို့ အဓိက ကျင့်သုံးရမယ့်စိတ်ဓာတ်ကတော့ မိဘသဖွယ်စိတ်ဓာတ်ပဲဖြစ်ပြီး လက်အောက်ငယ်သား များအပေါ်မှာ ကျောသားရင်သားမခွဲခြားဘဲ မှန်ကန်စွာခေါင်းဆောင်မှုပေးခြင်းဖြင့် လက်အောက်ငယ်သားများရဲ့ ချစ်ကြောက်ရိုသေအားကိုးမှုကို ရယူကြရမယ်။ ဒါကြောင့် ခေါင်းဆောင်ကောင်းပီသစွာနဲ့ လက်အောက်ကို မှန်ကန်စွာကွပ်ကဲအုပ်ချုပ်သလို အထက်ကပေးအပ်တဲ့အမိန့်နဲ့တာဝန်ကိုကျေပွန်စွာထမ်းဆောင်နိုင်တဲ့ နောက်လိုက် ကောင်းတစ်ယောက်အဖြစ်လည်း ကျင့်ကြံဆောင်ရွက်ရင်း တပ်မတော်ကအားထားရတဲ့ အရာရှိကောင်းများဖြစ်လာအောင် ကြိုးပမ်းဆောင်ရွက်သွားကြဖို့ အလေးထားမှာကြား လိုတယ်" ဟု မှာကြားခဲ့ကြောင်း၊ ရဲဘော်တို့အနေဖြင့် ယင်းအချက်များကို လက်တွေ့နယ် ပယ်တွင် တိကျစွာလိုက်နာကျင့်သုံးသွားမည်ဆိုရင် လက်အောက်ငယ်သားများ၏ ယုံကြည် လေးစားအားကိုးခံကြရသည့် ခေါင်းဆောင်မှုကိုရရှိမှာပင်ဖြစ်ကြောင်း၊ ထို့အပြင် ရဲဘော်တို့ သည် မိမိကွပ်ကဲရမည့် တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအပေါ် မှန်ကန်သည့်ခေါင်းဆောင် မှုနှင့်အတူ ဖခင်သဖွယ်စိတ်ထား၊ ခေါင်းဆောင်သဖွယ်စိတ်ထားနှင့် အုပ်ချုပ်မှသာ အောင်မြင် မှုကိုရရှိနိုင်မည်ဖြစ်ကြောင်း၊ ထို့ကြောင့်ရဲဘော်တို့အနေဖြင့် လက်အောက်ကို ကွပ်ကဲအုပ်ချုပ် သည့်နေရာတွင် ရိုးသားဖြောင့်မတ်မှန်ကန်ပြီး စည်းကမ်းကောင်းမွန်စွာနှင့် ကျောသား ရင်သားမခွဲခြားဘဲ မှန်မှန်ကန်ကန် ခေါင်းဆောင်သွားကြရန် အထူးမှာကြားလို ကြောင်း။
   

မိမိတို့တပ်မတော်သည် စည်းကမ်းနှင့်အမိန့်ကို ကျောရိုးမဏ္ဍိုင်ပြုထားသည့် အဖွဲ့အစည်းဖြစ်သည်နှင့်အညီ ထုတ်ပြန်ထားသည့်အမိန့်နှင့်စည်းကမ်းများအပေါ် တိတိ ကျကျလိုက်နာသွားကြရန်လိုကြောင်း၊ စည်းကမ်းဆိုသည် တစ်နည်းအားဖြင့် တိုက်တွန်းချက် နှင့်တားမြစ်ချက်များပင်ဖြစ်ကြောင်း၊ ထုတ်ပြန်ထားသည့်စည်းကမ်းများနှင့်ပတ်သက်ပြီး အသေးအမွှားဟု သဘောမထားဘဲ အလေးအနက်ထား လိုက်နာသွားကြရန်လိုကြောင်း၊ စည်းကမ်းလိုက်နာခြင်း၊ အမိန့်နာခံတတ်ခြင်းတို့ဖြင့် မိမိဘဝတိုးတက်မှုများကို ရရှိစေနိုင် ပြီး စစ်မြေပြင်မှာပါ အောင်ပွဲများ ရယူနိုင်သည်ကို ရဲဘော်တို့သိရှိထားရန်လိုကြောင်း၊ ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းမှုအပြည့်နှင့်ရိုးရိုးကျင့် မြင့်မြင့်ကြံစိတ်ထားပြီး မကောင်းမှုကို ရှောင်၊ ကောင်းမှုများကို ဆောင်ထားရမည်ပင်ဖြစ်ကြောင်း၊ မကောင်းသည့်ဘက်တွင် မိမိ စိတ်ကို အလိုမလိုက်ရန်လိုအပ်သကဲ့သို့ ကိုယ့်လက်အောက်ကိုလည်း အလိုမလိုက်မိရန် အရေးကြီးကြောင်း၊ စိတ်ဓာတ်၊စည်းကမ်း၊ သစ္စာ၊ စည်းလုံးမှု၊ စွမ်းရည်သုံးရပ်ပြည့်စုံမှုဆို သည့် တပ်တိုင်းရဲဘော်တိုင်း ထားရှိရမည့်အခြေခံအရည်အချင်း ၅ ပါးနှင့်ပြည့်စုံနေအောင် ကြိုးစားရန်လိုအပ်သကဲ့သို့ စစ်သည်တော်ကျင့်ဝတ်အပါး ၆၀ ကိုလည်း တိတိကျကျ လိုက်နာ နိုင်သူများဖြစ်အောင် ကြိုးစားသွားရန်အလေးအနက်ထားမှာကြားလိုကြောင်း။
    
မိမိတို့တပ်မတော်သားများသည် တိုင်းပြည်ကို ကာကွယ်ရန်ဆိုသည့် အခြေခံ စိတ်ဓာတ်ကောင်းနှင့်တပ်မတော်သို့ဝင်ရောက်လာသူများဖြစ်သည့်အတွက် တိုက်ပွဲဝင်ရာ တွင် ရဲရဲတက်၊ ရဲရဲတိုက်၊ ရဲရဲချေမှုန်း ဆိုသည့် တိုက်ပွဲဝင်စိတ်ဓာတ် များရှိရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ အခြေခံစိတ်ဓာတ်နှင့်တိုက်ပွဲဝင်စိတ်ဓာတ်များ ပိုမိုခိုင်မာအောင် စိတ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုဖြစ်စေသည့် သုတ၊ ရသ စသည့် စာကောင်း ပေမွန်များကို အချိန်ပေးပြီးရှာဖွေ ဖတ်ရှုရန်လိုအပ်မည်ဖြစ်ကြောင်း၊ စာဖတ်ခြင်းက ပေးသည့် ဗဟုသုတနှင့်အသိပညာများ သည် မိမိရဲ့အတွေး အခေါ်အယူ အဆမြင့်မားစေ သည့်အပြင် ကိုယ်ကျင့်တရားနှင့်စိတ်ဓာတ် ခိုင်မာကောင်းမွန်မှုများ ကိုလည်းရရှိစေနိုင်မည်ဆိုသည်ကို ရဲဘော်တို့အသိပင်ဖြစ်ကြောင်း၊ထို့အပြင် ခေါင်းဆောင် ငယ်များဖြစ်သည့် ရဲဘော်တို့ကိုယ်တိုင် ကျန်းမာကြံ့ခိုင်ရန်လိုအပ် သကဲ့သို့ လက်အောက် စစ်သည်များကို ကျန်းမာသန်စွမ်းပြီး စိတ်ဓာတ်ခိုင်မာအောင် အစဉ်လေ့ကျင့်ပေးနေရန် လိုအပ်ကြောင်း၊ ထို့မှသာ စစ်မြေပြင်တွင် တိုက်ပွဲတစ်ရာ အောင်ပွဲတစ်ရာရရှိမည်ဖြစ် ကြောင်း။
   

သင်တန်းကာလတွင် ရဲဘော်တို့ကို စစ်နည်းဗျူဟာ၊ ခေါင်းဆောင်မှု၊ စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်၊ စစ်မြေပြင်အင်ဂျင်နီယာ၊ ကွန်ပျူတာနှင့်အခြားဘာသာရပ်များကို ၉ လတာစာတွေ့၊လက်တွေ့ လေ့ကျင့်သင်ကြားပေးခဲ့ပြီးဖြစ်ကြောင်း၊ နည်းပညာဖွံ့ဖြိုး တိုးတက်နေသည့် ယနေ့ခေတ်ကာလတွင် စစ်မှုဆိုင်ရာအတတ်ပညာများနှင့်စစ်နည်းဗျူဟာ များသည် ရှေးယခင်ကကဲ့သို့ သမားရိုးကျမဟုတ်တော့ဘဲ မြင့်မားလျက်ရှိကြောင်း၊ ပညာ ဆိုသည် အကန့်အသတ်မရှိခြင်းကြောင့် သင်တန်းက သင်ကြားပေးလိုက်သည့် အတတ် ပညာများနှင့်သာ တင်းတိမ်ရောင့်ရဲမနေဘဲ ဆက်လက်လေ့လာသွားကြရန်လိုအပ်ကြောင်း၊ လက်တွေ့နယ်ပယ်တွင် တာဝန်ထမ်းဆောင်ကြသည့်အခါ ကြုံတွေ့ရမည့်စစ်မြေပြင်၊ ရင်ဆိုင် ရမည့်အခက်အခဲများကို အောင်မြင်စွာကျော်လွှားနိုင်ရန်အတွက် သင်ကြားပေးလိုက်သည့် သီအိုရီ (Theory) များကို လက်တွေ့အတွေ့အကြုံ ဗဟုသုတများနှင့်ပေါင်းစပ်ပြီး ဆောင်ရွက် သွားကြရမည်ပင်ဖြစ်သကဲ့သို့ မိမိအထက် ဝါရင့်အရာရှိများနှင့် အတွေ့အကြုံကြွယ်ဝသည့် ဗိုလ်လေးများ၊ ဆရာကြီးများထံကလည်း စစ်ဦးစီး၊ စစ်ရေး၊ စစ်ထောက်ဆိုသည့် ပင်နီယံ (၃)ရပ် ထဲက ကိုယ်မသိသည် မတတ်သည်များကို အချိန်ရလျှင်ရသလို လေ့လာဆည်းပူး ကြရန်၊ မှတ်သားကြရန်နှင့်လိုက်နာလုပ်ဆောင်ကြရန်လိုအပ်ကြောင်း၊ မိမိနှင့်မိမိ ဦးဆောင်ရမည့် တပ်ဖွဲ့ကို အရည်အသွေးတိုးတက်လာအောင်၊ ပြောင်းလဲတိုးတက် နေသည့်စစ်နည်းဗျူဟာ နှင့်လက်နက်နည်းစနစ်များကို စဉ်ဆက်မပြတ်လေ့လာပြီး ကျွမ်းကျင်မှုရှိစေရန် သင်ကြား ပေးလိုက်သည့် စစ်အတတ်ပညာများကို အမြဲတမ်း လေ့ကျင့်နေရမည်ပင်ဖြစ်ကြောင်း၊ ထိုသို့ လေ့ကျင့်ထားသည့် စစ်အတတ်ပညာများကို လက်တွေ့နယ်ပယ်တွင် လိုက်နာကျင့်သုံး အကောင်အထည်ဖော်ဆောင်ရွက် သွားကြရန်ကိုလည်း အလေးထားမှာကြားလိုကြောင်း။
    
နိုင်ငံတော်ကာကွယ်ရေးတာဝန်ထမ်းဆောင်နေသည့် မိမိတို့တပ်မတော်သား  များအနေဖြင့်ကာကွယ်ရေးစွမ်းရည်ရှိစေရန်နှင့်အရည်အချင်းပြည့်ဝစေရန်အတွက် အမြဲတမ်း လေ့ကျင့်ရမည်၊ အမြဲတမ်းစစ်ရေးသတိရှိရမည်၊ အမြဲတမ်းတိုက်ပွဲဝင်အသင့် ဖြစ်ရမည် ဆိုသည့် မြဲသုံးမြဲနှင့်လည်း ပြည့်စုံနေရန်လိုအပ်ကြောင်း၊ လေ့ကျင့်ရေးတွင် တစ်ဦးချင်း လေ့ကျင့်ရေးနှင့်အဖွဲ့လိုက် လေ့ကျင့်ရေးဆိုပြီး အခြေခံအားဖြင့် နှစ်မျိုးရှိ ကြောင်း၊ ရဲဘော်တို့ တက်ရောက်အောင်မြင်ပြီးဖြစ်သည့် တပ်မတော် (ကြည်း)ဗိုလ်သင် တန်းကျောင်း(ဗထူး)က တစ်ဦးချင်းအနေနှင့်ရော အဖွဲ့လိုက်အနေဖြင့်ပါ လုပ်ဆောင် တတ်စေရန် လေ့ကျင့်သင်ကြားပေးလိုက်ပြီးဖြစ်ကြောင်း၊ အရေအတွက်မှ အရည်အချင်း သို့ ဆိုသည့် လေ့ကျင့်ရေးမူဝါဒနှင့်အညီ တစ်ဦးချင်းမှသည် တပ်မတော်တစ်ရပ်လုံး စွမ်းဆောင်ရည် မြင့်မားစေရန် လေ့ကျင့်မှုများကို မှန်မှန်ကန်ကန်ဆောင်ရွက်သွား ကြရန်လိုအပ်ကြောင်း၊ လေ့ကျင့်မှ ကျွမ်းကျင်၊ ကျွမ်းကျင်မှ ယုံကြည်၊ ယုံကြည်မှ ရဲရင့်၊ ရဲရင့်မှ အောင်ပွဲဆင် ဆိုသည့်ဆောင်ပုဒ်အတိုင်း မီးနာမှသံကောင်းမည်ဆိုသည့်ထုံးကို လက်ကိုင်ထားပြီး မိမိ ဦးဆောင်ရသည့်တပ်စု၊ တပ်ဖွဲ့များကို အမြဲမပြတ်လေ့ကျင့်နေရန် လိုအပ်ကြောင်း၊ စစ်နည်း ဗျူဟာ၊ စစ်မဟာဗျူဟာများ ပြောင်းလဲမှုရှိတိုင်း၊ စစ်အသုံး အဆောင်ပစ္စည်းများ ပြောင်းလဲမှု ရှိတိုင်း၊ ခေတ်နှင့်အမီလိုက်နိုင်ပြီး အသုံးပြုနိုင်ရန် "လေ့လာ၊ လေ့ကျင့်၊ လိုက်နာ"ဆိုသည့်တပ်မတော်၏လေ့ကျင့်ရေးဆောင်ပုဒ် လုပ်ငန်း စဉ်အတိုင်း စဉ်ဆက်မပြတ် ကြိုးစားဆောင်ရွက် သွားကြရန်လိုကြောင်း။
    
မိမိတို့နိုင်ငံ၏ ငြိမ်းချမ်းရေးဆောင်ရွက်မှုများကို လေ့လာကြည့်မည်ဆိုလျှင် အစိုးရ အဆက်ဆက် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး တို့အတွက် ဆောင်ရွက်ခဲ့ပေမယ့်လည်း လက်နက်ကိုင်အဖွဲ့အစည်းများ၏ ကိုယ်ကျိုးစီးပွား တည်တံ့ ခိုင်မြဲရေးနှင့်လက်နက်ကိုင်စွဲပြီး အာဏာရယူရေး စသည့်ဆန္ဒစွဲ၊ ဘယာစွဲများကို ရှေ့တန်း တင်မှုများကြောင့် အလုံးစုံအောင်မြင်မှုမရှိခဲ့သည်ကို တွေ့ရမည်ပင်ဖြစ်ကြောင်း၊ ယခင် တပ်မတော်အစိုးရလက်ထက်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် ငြိမ်းချမ်းရေးရရှိအောင် ဆောင်ရွက်ခဲ့သကဲ့သို့ ၂၀၁၁ ခုနှစ်တွင် ပြည်သူများက ရွေးချယ် တင်မြှောက်ခဲ့သည့် အရပ်သားအစိုးရလက်ထက်တွင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများကို ငြိမ်းချမ်းရေးလမ်းပေါ်ရောက်ရှိအောင် ဆောင်ရွက်နိုင်ခဲ့သည်ကို ရဲဘော်တို့အသိပင်ဖြစ်ကြောင်း၊ တပ်မတော်အနေဖြင့် ၁၉၆၂ ခုနှစ်ကစ၍ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို အင်တိုက်အားတိုက် ကြိုးစားခဲ့သဖြင့် ၁၉၈၈ ခုနှစ်နောက်ပိုင်းမှ ၂၀၁၀ ပြည့်နှစ်အထိ ထိုက်သင့်သည့်ငြိမ်းချမ်းမှုများ ရရှိခဲ့သည့်အပြင် ပြည်သူများမျှော်လင့် တောင့် တနေသည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်ကို ရောက်အောင်လည်း စွမ်း ဆောင်ပေးနိုင် ခဲ့ကြောင်း၊ တိုင်းရင်းသားလက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပ ပျောက်စေရန်အတွက် ၂၀၁၅ ခုနှစ်တွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ ဖွဲ့နှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘော တူစာချုပ် (NCA)  ကို လက်မှတ်ရေးထိုးနိုင်ခဲ့သည့် အပြင် ၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်းတွင် နောက်ထပ် ၂ ဖွဲ့ NCA  တွင် ပါဝင် လက်မှတ်ရေးထိုးခဲ့ကြပြီးဖြစ်ကြောင်း၊ ထို့ပြင် ကျန်ရှိနေသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုလည်း ငြိမ်းချမ်းရေး လမ်းပေါ်လျှောက်လှမ်းနိုင်အောင် အခွင့်အခါကောင်းများကို အမြဲဖန်တီးပေးခဲ့ကြောင်း၊ အထူးသဖြင့်တပ်မတော်အနေဖြင့် ငြိမ်းချမ်းရေးလုပ်ငန်းများတွင်သာမက ပြည်တွင်းပဋိပက္ခ များကို ဖြေရှင်းသည့် အခါတွင်လည်း လတ်တလောပြဿနာပြေလည်ရေးပုံစံမျိုးမဟုတ်ဘဲ ရေရှည် အောင်မြင် မှုရရှိရေးအတွက် စေတနာထား ကြိုးစားဆောင်ရွက်နေခြင်းပင်ဖြစ် ကြောင်း၊ တပ်မတော် က ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူဝါဒ ၆ ရပ်သည် အတိတ်က ဖြစ်စဉ်များအပေါ် ဆင်ခြင်သုံးသပ်ကာ အမှန်တကယ် တိုင်းပြည်အေးချမ်းသာယာပြီး ဖွံ့ဖြိုး တိုးတက်လို သည့်စိတ်နှင့် ချမှတ်ထားသည့်အရာများပင်ဖြစ်ကြောင်း။
    
သမိုင်းကြောင်းနှင့်ယှဉ်သည့် မြန်မာ့တပ်မတော်၏ မွန်မြတ်သောအစဉ်အလာ ကောင်းများနှင့် အမျိုးသားနိုင်ငံရေးတာဝန်ထမ်းဆောင်မှုများကို ဆက်လက်ထိန်းသိမ်း ဆောင်ရွက်သွားကြရန်၊အရာရှိတစ်ဦးချင်းမှ မိမိဦးဆောင် သည့်တပ်ဖွဲ့ တစ်ခုလုံး  အရေအတွက်မှ အရည်အချင်းရှိစေရန်နှင့် လူကောင်းလူတော်များဖြစ်ကြပြီး နိုင်ငံတော်နှင့် တပ်မတော်က စံပြုထိုက်သည့်၊ အားကိုးထိုက်သည့် ခေါင်းဆောင်ကောင်း များဖြစ်အောင် ကြိုးစားသွားကြရန်၊ ခေါင်းဆောင်မှု အရည်အသွေးပြည့်ဝစွာ ဖြင့် ခေါင်းဆောင်မှု အင်္ဂါရပ် ၁၆ ရပ်နှင့်အညီ လက်အောက်ကို စည်းလုံးညီညွှတ်ပြီး စွမ်းရည်ရှိအောင်ကွပ်ကဲ သွားကြရန်၊စည်းကမ်းသည်လူ့တန်ဖိုး ဖြစ်သောကြောင့် စစ်ဘက်နယ်ဘက် စည်းကမ်းများကို တိတိကျကျ လိုက်နာပြီး မိမိကိုယ်ကို နှင့်တပ်မတော်၏ ဂုဏ်သိက္ခာ ကိုမြှင့်တင်နိုင်သူများဖြစ်အောင် ကြိုးစားသွားရန်၊ လေ့လာဆည်းပူးခဲ့သည့် ပညာရပ်များကို အခြေခံပြီး ခေတ်နှင့်အညီပြောင်းလဲနေသည့် စစ်နည်းဗျူဟာနှင့် စစ်ဘက်နည်းပညာများကို စဉ်ဆက်မပြတ်လေ့လာ ဆည်းပူးသွားရန်၊ဒို့တာဝန်အရေးသုံးပါးကို အစဉ်ဦးထိပ်ထားပြီး တာဝန်ကျရာ ဒေသအသီးသီးတွင် ပြည်တွင်းငြိမ်းချမ်းရေးနှင့် တိုင်းရင်းသား စည်းလုံး ညီညွတ်ရေးလုပ်ငန်းများအပြင် ပြည်သူ့အကျိုးပြုလုပ်ငန်းများကိုလည်း အလေးထား ဆောင်ရွက်ရန်၊စစ်သည်တော်ကျင့်ဝတ် အပါး(၆၀)ကို မြဲမြံအောင် စောင့်ထိန်းရင်း အနာဂတ် နိုင်ငံတော်နှင့် တပ်မတော်အတွက် အားကိုးအားထားပြုရမည့် အရာရှိကောင်း များဖြစ်အောင် ကြိုးစားသွားကြရန်လိုကြောင်းဖြင့်ပြောကြားသည်။ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည် ဗိုလ်လောင်းများ၏အလေးပြုခြင်းကိုခံယူပြီးပြန်လည်ထွက်ခွာသည်။
    
သင်တန်းဆင်းပွဲအခမ်းအနားအပြီးတွင် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး သီရိပျံချီ စိုးဝင်း သည်  ဧည့်ခန်းမဆောင်၌ ဆုရဗိုလ်လောင်းများအား တွေ့ဆုံ၍ ဂုဏ်ပြုအမှာစကားပြောကြား သည်။
    
ယင်းနောက်ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း နှင့်အဖွဲ့ဝင်များ သည် ကျောင်းဆင်းအရာရှိများ နှင့်အတူ သင်တန်းဆင်းဂုဏ်ပြုနေ့လယ်စာအတူတကွသုံးဆောင်ခဲ့ကြကြောင်း  သတင်း ရရှိ သည်။    

Recent News