တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ဗထူး) ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၁၂၃)သီဟတပ္ခြဲ သင္တန္းဆင္း ဗိုလ္ေလာင္းမ်ား အား ျပန္တမ္းဝင္အရာရွိခန႔္အပ္ျခင္း အခမ္းအနားက်င္းပ

 

တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ဗထူး) ဗိုလ္ေလာင္းသင္တန္းအမွတ္စဥ္ (၁၂၃)သီဟတပ္ခြဲ သင္တန္းဆင္း ဗိုလ္ေလာင္းမ်ား အား ျပန္တမ္းဝင္အရာရွိခန႔္အပ္ျခင္း အခမ္းအနားက်င္းပ

ေနျပည္ေတာ္၊  ဧၿပီ- ၂၃
    
တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ဗထူး)  ဗိုလ္ေလာင္းသင္တန္း အမွတ္စဥ္(၁၂၃) သီဟတပ္ခြဲ သင္တန္းဆင္းဗိုလ္ေလာင္းမ်ားအား ျပန္တမ္းဝင္အရာရွိ ခန႔္အပ္ျခင္းအခမ္းအနားကို ယေန႔နံနက္ပိုင္းတြင္ အဆိုပါ ဗိုလ္သင္တန္းေက်ာင္း စစ္ရာထူးခန႔္ခန္းမေဆာင္၌ က်င္းပရာ ကာကြယ္ေရးဦးစီးခ်ဳပ္႐ုံး (ၾကည္း)၊ စစ္ရာထူး ခန႔္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး လူေအး၊ ကာကြယ္ေရး ဦးစီးခ်ဳပ္႐ုံးမွ တပ္မေတာ္အရာရွိ ႀကီးမ်ား၊ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ဗထူး)ေက်ာင္းအုပ္ႀကီးႏွင့္ ေက်ာင္းဆင္းဗိုလ္ေလာင္းမ်ားတက္ေရာက္ၾကသည္။
    
အခမ္းအနားအစီအစဥ္အရ ဒုတိယဗိုလ္ခ်ဳပ္ႀကီး လူေအး၊ တပ္မေတာ္ အရာရွိႀကီးမ်ားႏွင့္ တပ္မေတာ္(ၾကည္း) ဗိုလ္သင္တန္းေက်ာင္း(ဗထူး) ေက်ာင္းအုပ္ႀကီး တို႔သည္ စင္ျမင့္ထက္တြင္ ေနရာယူၾကၿပီးေနာက္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး လူေအးက ေက်ာင္းဆင္းဗိုလ္ေလာင္း တစ္ဦးခ်င္းစီအား ျပန္တမ္းဝင္ခန႔္အပ္လႊာမ်ား ေပးအပ္သည္။
    
ျပန္တမ္းဝင္ခန႔္အပ္လႊာမ်ားေပးအပ္ၿပီးေနာက္ စစ္ရာထူးခန႔္ခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး လူေအးက အမွာစကားေျပာၾကားၿပီး အခမ္းအနားကို႐ုပ္သိမ္းလိုက္ ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ဗိုလ်လောင်းသင်တန်းအမှတ်စဉ် (၁၂၃)သီဟတပ်ခွဲ သင်တန်းဆင်း ဗိုလ်လောင်းများ အား ပြန်တမ်းဝင်အရာရှိခန့်အပ်ခြင်း အခမ်းအနားကျင်းပ

နေပြည်တော်၊  ဧပြီ- ၂၃
    
တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)  ဗိုလ်လောင်းသင်တန်း အမှတ်စဉ်(၁၂၃) သီဟတပ်ခွဲ သင်တန်းဆင်းဗိုလ်လောင်းများအား ပြန်တမ်းဝင်အရာရှိ ခန့်အပ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဗိုလ်သင်တန်းကျောင်း စစ်ရာထူးခန့်ခန်းမဆောင်၌ ကျင်းပရာ ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း)၊ စစ်ရာထူး ခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိ ကြီးများ၊ တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး)ကျောင်းအုပ်ကြီးနှင့် ကျောင်းဆင်းဗိုလ်လောင်းများတက်ရောက်ကြသည်။
    
အခမ်းအနားအစီအစဉ်အရ ဒုတိယဗိုလ်ချုပ်ကြီး လူအေး၊ တပ်မတော် အရာရှိကြီးများနှင့် တပ်မတော်(ကြည်း) ဗိုလ်သင်တန်းကျောင်း(ဗထူး) ကျောင်းအုပ်ကြီး တို့သည် စင်မြင့်ထက်တွင် နေရာယူကြပြီးနောက် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက ကျောင်းဆင်းဗိုလ်လောင်း တစ်ဦးချင်းစီအား ပြန်တမ်းဝင်ခန့်အပ်လွှာများ ပေးအပ်သည်။
    
ပြန်တမ်းဝင်ခန့်အပ်လွှာများပေးအပ်ပြီးနောက် စစ်ရာထူးခန့်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး လူအေးက အမှာစကားပြောကြားပြီး အခမ်းအနားကိုရုပ်သိမ်းလိုက် ကြောင်း သတင်းရရှိသည်။

 

Recent News