တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ ျမန္မာ့တပ္မေတာ္ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ား COVID-19 ေရာဂါႏွင့္ပတ္သက္၍ ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးဆိုင္ရာမ်ား အျမင္ခ်င္းဖလွယ္ေဆြးေႏြ

 

တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ ျမန္မာ့တပ္မေတာ္ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ား COVID-19 ေရာဂါႏွင့္ပတ္သက္၍ ထိန္းခ်ဳပ္ေရးႏွင့္ ကုသေရးဆိုင္ရာမ်ား အျမင္ခ်င္းဖလွယ္ေဆြးေႏြ

ေနျပည္ေတာ္ ဧၿပီ ၂၄

COVID-19 ေရာဂါႏွင့္ပတ္သက္၍ ႀကိဳတင္ကာကြယ္ထိန္းခ်ဳပ္ေရးႏွင့္ကုသေရးဆိုင္ရာကိစၥရပ္မ်ားအား  တရုတ္ျပည္သူ႔လြတ္ေျမာက္ေရး တပ္မေတာ္မွ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ားႏွင့္ ျမန္မာ့တပ္မေတာ္ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ား အျမင္ခ်င္းဖလွယ္ေဆြးးေႏြးပြဲကို ယေန႔မြန္းလြဲပိုင္းတြင္ မဂၤလာဒံုၿမိဳ႕ နယ္ရွိ တပ္မေတာ္ေဆးရံု ႀကီးခုတင္(၁၀၀၀)၌က်င္းပသည္။

အဆိုပါေဆြးေႏြးပြဲသို႔ တပ္မေတာ္ေဆးရံုႀကီးခုတင္(၁၀၀၀)တပ္မွဴး ဗုိလ္မွဴးခ်ဳပ္ျမင့္ေဇာ္ႏွင့္ တပ္မေတာ္ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္ပညာရွင္မ်ား၊ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ Dr. Bai Chong ဦးေဆာင္ေသာ ကၽြမ္းက်င္ပညာရွင္ေျခာက္ဦး၊ ျမန္မာႏိုင္ငံဆိုင္ရာ စစ္သံမွဴး Senior Colonel Xiong Shaoweiႏွင့္ တာ၀န္ရွိသူတို႔ တက္ေရာက္ၾကသည္။

ေရွးဦးစြာ တပ္မေတာ္ေဆးရံုႀကီး ခုတင္(၁၀၀၀)တပ္မွဴး ဗိုလ္မွဴးခ်ဳပ္ျမင့္ေဇာ္က တရုတ္ျပည္သူ႔လြတ္ေျမာက္ ေရးတပ္္ေတာ္မွ ျမန္မာ့တပ္မေတာ္သို႔ COVID-19 ေရာဂါထိန္းခ်ဳပ္ကုသေရးလုပ္ငန္းမ်ား ေဆာင္ရြက္ရာတြင္ အသံုးျပဳႏိုင္ရန္အတြက္ ေဆးဘက္ဆိုင္ရာေထာက္ပံ့ေရးပစၥည္းမ်ား လွဴဒါန္းရျခင္းႏွင့္ပတ္သက္၍ ေက်းဇူးတင္ စကားေျပာၾကားသည္။ ထို႔ေနာက္ျမန္မာ့တပ္မေတာ္ေဆးဘက္ဆုိင္ရာ ကၽြမ္းက်င္ပညာရွင္မ်ားက တပ္ မေတာ္အေနျဖင့္ႏိုင္ငံအတြင္း COVID-19 ေရာဂါျဖစ္ပြားမႈႏွင့္ ကာကြယ္ေရးလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ ေရာဂါ ပိုးေတြ႔ရွိလူနာမ်ားအတြက္ ေဆးရံုမ်ားႏွင့္ေဆးပစၥည္းကိရိယာမ်ား ျပင္ဆင္ထားရွိမႈ၊ ေရာဂါရွာေဖြေရး၊ကာကြယ္ တားဆီးေရးႏွင့္ကုသေရးလုပ္ ငန္းမ်ားတြင္ က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာနႏွင့္ ပူးေပါင္းေဆာင္ရြက္ေနမႈ အေျခအေနမ်ား၊ COVID-19 hospital (ေဖာင္ႀကီး)တြင္ တပ္မေတာ္ေဆး၀န္ထမ္းတပ္ဖြဲ႔မွ ပူးေပါင္းပါ၀င္ ေဆာင္ရြက္ေနမႈမ်ားကို ရွင္းလင္း ေဆြးေႏြးၿပီး တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ေဆးဘက္ဆိုင္ရာ ကၽြမ္းက်င္ပညာရွင္မ်ားက COVID-19 ဗိုင္းရပ္စ္ပိုးရွာေဖြျခင္းႏွင့္အတည္ျပဳျခင္းလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈ၊ ပတ္၀န္းက်င္ေရာဂါပိုး သန္႔စင္ျခင္းလုပ္ငန္းမ်ားေဆာင္ရြက္ေနမႈ၊ ေရာဂါထိန္းခ်ဳပ္ျခင္းေဆာင္ရြက္ေနမႈ၊ ကပ္ေရာဂါဆိုင္ရာေစာင့္ၾကပ္ ၾကည့္ရႈေထာက္လွမ္းျခင္းမ်ား၊ တစ္ဦးခ်င္းေရာဂါကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္ရြက္ေနမႈႏွင့္ ေရာဂါကုသျခင္းဆိုင္ရာ ေလ့က်င့္သင္တန္းေပးျခင္းတို႔ကို ရွင္းလင္းေဆြးေႏြးၾကသည္။

ထို႔ေနာက္ ေဆြးေႏြးမႈအၿပီးတြင္ ျမန္မာ့တပ္မေတာ္ႏွင့္ တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ေဆးဘက္ဆိုင္ရာကၽြမ္းက်င္ပညာရွင္မ်ား စုေပါင္းမွတ္တမ္းဓာတ္ပံုရိုက္ၾကသည္။

(Unicode Version)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့တပ်မတော် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ COVID-19 ရောဂါနှင့်ပတ်သက်၍ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာများ အမြင်ချင်းဖလှယ်ဆွေးနွေ

နေပြည်တော် ဧပြီ ၂၄

COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ထိန်းချုပ်ရေးနှင့်ကုသရေးဆိုင်ရာကိစ္စရပ်များအား  တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များနှင့် မြန်မာ့တပ်မတော် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ အမြင်ချင်းဖလှယ်ဆွေးးနွေးပွဲကို ယနေ့မွန်းလွဲပိုင်းတွင် မင်္ဂလာဒုံမြို့ နယ်ရှိ တပ်မတော်ဆေးရုံ ကြီးခုတင်(၁၀၀၀)၌ကျင်းပသည်။

အဆိုပါဆွေးနွေးပွဲသို့ တပ်မတော်ဆေးရုံကြီးခုတင်(၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်နှင့် တပ်မတော် ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ Dr. Bai Chong ဦးဆောင်သော ကျွမ်းကျင်ပညာရှင်ခြောက်ဦး၊ မြန်မာနိုင်ငံဆိုင်ရာ စစ်သံမှူး Senior Colonel Xiong Shaoweiနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။

ရှေးဦးစွာ တပ်မတော်ဆေးရုံကြီး ခုတင်(၁၀၀၀)တပ်မှူး ဗိုလ်မှူးချုပ်မြင့်ဇော်က တရုတ်ပြည်သူ့လွတ်မြောက် ရေးတပ််တော်မှ မြန်မာ့တပ်မတော်သို့ COVID-19 ရောဂါထိန်းချုပ်ကုသရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက် ဆေးဘက်ဆိုင်ရာထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားသည်။ ထို့နောက်မြန်မာ့တပ်မတော်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက တပ် မတော်အနေဖြင့်နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှုနှင့် ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှု၊ ရောဂါ ပိုးတွေ့ရှိလူနာများအတွက် ဆေးရုံများနှင့်ဆေးပစ္စည်းကိရိယာများ ပြင်ဆင်ထားရှိမှု၊ ရောဂါရှာဖွေရေး၊ကာကွယ် တားဆီးရေးနှင့်ကုသရေးလုပ် ငန်းများတွင် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်နေမှု အခြေအနေများ၊ COVID-19 hospital (ဖောင်ကြီး)တွင် တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့မှ ပူးပေါင်းပါဝင် ဆောင်ရွက်နေမှုများကို ရှင်းလင်း ဆွေးနွေးပြီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက COVID-19 ဗိုင်းရပ်စ်ပိုးရှာဖွေခြင်းနှင့်အတည်ပြုခြင်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ ပတ်ဝန်းကျင်ရောဂါပိုး သန့်စင်ခြင်းလုပ်ငန်းများဆောင်ရွက်နေမှု၊ ရောဂါထိန်းချုပ်ခြင်းဆောင်ရွက်နေမှု၊ ကပ်ရောဂါဆိုင်ရာစောင့်ကြပ် ကြည့်ရှုထောက်လှမ်းခြင်းများ၊ တစ်ဦးချင်းရောဂါကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့် ရောဂါကုသခြင်းဆိုင်ရာ လေ့ကျင့်သင်တန်းပေးခြင်းတို့ကို ရှင်းလင်းဆွေးနွေးကြသည်။

ထို့နောက် ဆွေးနွေးမှုအပြီးတွင် မြန်မာ့တပ်မတော်နှင့် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်များ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကြသည်။

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်း ကျင်ပညာရှင်အဖွဲ့သည် ရန်ကုန်မြို့၌နှစ်ပါတ်ကြာ COVID-19 ရောဂါပိုးအား PCRနည်းလမ်းဖြင့်ဓာတ်ခွဲပြုလုပ်မည်ဖြစ်ပြီး စက်ပစ္စည်းနှင့် နည်းပညာများ အကူအညီပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

တရုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ေဆးဘက္ဆိုင္ရာကၽြမ္း က်င္ပညာရွင္အဖြဲ႔သည္ ရန္ကုန္ၿမိဳ႕၌ႏွစ္ပါတ္ၾကာ COVID-19 ေရာဂါပိုးအား PCRနည္းလမ္းျဖင့္ဓာတ္ခြဲျပဳလုပ္မည္ျဖစ္ၿပီး စက္ပစၥည္းႏွင့္ နည္းပညာမ်ား အကူအညီေပးသြားမည္ျဖစ္ေၾကာင္း သတင္းရရွိသည္။

Recent News