

 


 


 

(Unicode Version)

 

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေးအပ် 

နေပြည်တော် အောက်တိုဘာ ၂ဝ 

၂ဝ၁၈-၂ဝ၁၉ ပညာသင်နှစ်တွင် တက် ရောက်ပညာသင်ကြားလျက်ရှိသည့် ကမ်းရိုး တန်းဒေသတိုင်းစစ်ဌာနချုပ်နှင့် ကွပ်ကဲမှု အောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော် သားမိသားစုဝင်နှင့် စစ်မှုထမ်းဟောင်းမိသားစုဝင် ကျောင်းသား၊ ကျောင်းသူများအား ကျောင်း ဝတ်စုံနှင့် စာရေးကိရိယာများ ပေးအပ်ခြင်းကိုအောက်တိုဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင် တိုင်းစစ်ဌာနချုပ်ရှိ တိုင်းရန်အောင်ခန်းမ၌ ပြုလုပ်သည်။ 

ဦးစွာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေ က ကျောင်းဝတ်စုံနှင့် စာရေးကိရိယာများပေး အပ်ရခြင်းနှင့်ပတ်သက်၍ အမှာစကားပြော ကြားသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင် များက တိုင်းစစ်ဌာနချုပ်နှင့်ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ တပ်မတော်သားမိသားစု ဝင် မူလတန်း၊ အလယ်တန်းနှင့် အထက်တန်း ကျောင်းသား၊ ကျောင်းသူ ၅၃၉၂ ဦးနှင့် စစ်မှု ထမ်းဟောင်းမိသားစုဝင် ကျောင်းသား၊ ကျောင်း သူ ၁၂ဝ ဦးတို့ကို ကျောင်းဝတ်စုံနှင့် စာရေး ကိရိယာများပေးအပ်ကြပြီး တက်ရောက်လာ ကြသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြောင်း သတင်းရရှိသည်။

Recent News