တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအဖွဲ့ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးအား လာရောက် လေ့လာပြီး COVID-19 ရောဂါနှင့် ပတ်သတ်၍ထိန်းချုပ်ကုသရေးဆိုင်ရာများ ဆွေးနွေး

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ ပညာရွင္မ်ားအဖြဲ႕ တပ္မေတာ္အသည္းေရာဂါအထူးကုေဆး႐ုံႀကီးအား လာေရာက္ ေလ့လာၿပီး COVID-19 ေရာဂါႏွင့္ ပတ္သတ္၍ထိန္းခ်ဳပ္ကုသေရးဆိုင္ရာမ်ား ေဆြးေႏြး

ရန္ကုန္  ဧၿပီ   ၂၉

တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္မွ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ ပညာရွင္မ်ားအဖြဲ႕သည္ ယေန႔နံနက္ပိုင္းတြင္ တပ္မေတာ္အသည္းေရာဂါ အထူးကု ေဆး႐ုံႀကီးတြင္ Covid-19 ေရာဂါကုသရန္ ျပင္ဆင္ထားရွိမႈမ်ားႏွင့္ ေဆး႐ုံအတြင္း ေဆးဝါးကုသမႈမ်ား၊ ေရာဂါရွာေဖြသည့္ ဓာတ္ခြဲခန္းအသုံးျပဳမႈမ်ားကို လိုက္လံ ၾကည့္ရႈခဲ့ၾကသည္။

ယင္းေနာက္ အဆိုပါအဖြဲ႕သည္ တပ္မေတာ္အသည္းေရာဂါအထူးကုေဆး႐ုံႀကီး၊ တပ္ရင္းအစည္းအေဝးခန္းမတြင္ COVID-19 ေရာဂါကုသေရး၊ ကာကြယ္တားဆီးေရး ႏွင့္ က်န္းမာေရးေစာင့္ေရွာက္မႈမ်ားကို တပ္မႉး ဗိုလ္မႉးႀကီးေဇာ္မ်ိဳးဟန္ ႏွင့္ ဌာနမႉးမ်ား၊ ေဆးပညာရွင္မ်ားႏွင့္အတူ အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

ယင္းသို႔ ေဆြးေႏြးရာတြင္ ေဆး႐ုံတပ္မႉး ဗိုလ္မႉးႀကီးေဇာ္မ်ိဳးဟန္က တပ္မေတာ္အသည္းေရာဂါအထူးကုေဆး႐ုံႀကီးအတြင္း COVID-19 လူနာလက္ခံရန္ လ်ာထားသည့္ ကုသေဆာင္မ်ား၊ အထူးၾကပ္မတ္ကုသခန္းမ်ားႏွင့္ ဓာတ္ခြဲခန္းတို႔အျပင္ ကုသရန္ျပင္ဆင္ထားမႈမ်ား၊ ေဆး႐ုံႀကီးအတြင္း က်န္းမာေရးေစာင့္ေရွာက္ေနမႈမ်ားအား Power Point ျဖင့္ ရွင္းလင္းေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ တ႐ုတ္ျပည္သူ႔ လြတ္ေျမာက္ေရးတပ္မေတာ္မွ ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္မ်ားက ဝူဟန္ၿမိဳ႕ တြင္ COVID-19 ေရာဂါျဖစ္ပြားစဥ္က လူနာမ်ားအား ျပဳစုကုသရာတြင္ ေတြ႕ႀကဳံခဲ့ရ ေသာ အေတြ႕အႀကဳံမ်ား၊ အႀကံျပဳခ်က္မ်ားအား ရွင္းလင္းေျပာၾကားခဲ့ပါသည္။ ထို႔ေနာက္ ႏွစ္ဖက္ေဆးပညာရွင္မ်ားက ေဆးပညာရပ္ဆိုင္ရာမ်ားအား အျပန္အလွန္ ေဆြးေႏြးခဲ့ၾကေၾကာင္း သတင္းရရွိပါသည္။

ဆက္လက္ၿပီး တ႐ုတ္ေဆးဘက္ဆိုင္ရာကြၽမ္းက်င္ပညာရွင္အဖြဲ႕ႏွင့္ တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁၀၀၀)၊ တပ္မေတာ္အသည္းေရာဂါအထူးကုေဆး႐ုံႀကီး၊ တပ္မေတာ္သားဖြားမီးယပ္ႏွင့္ ကေလးေဆး႐ုံ၊ စစ္ေျမျပင္ေဆးတပ္ရင္းမ်ားမွ ပါရဂူေဆးမႉးသူနာျပဳအရာရွိမ်ားပါဝင္ေသာ အဖြဲ႕တို႔ႏွင့္ COVID ေရာဂါအေၾကာင္းကို တပ္မေတာ္ေဆး႐ုံႀကီး (ခုတင္-၁၀၀၀)ရွိ စာသင္ခန္းမတြင္ ဒုတိယေန႔အျဖစ္ ဆက္လက္ေဆြးေႏြးခဲ့ၾကသည္။

တ႐ုတ္ေဆးဘက္ဆိုင္ရာ ကြၽမ္းက်င္ပညာရွင္အဖြဲ႕ဝင္မ်ားက ဝူဟန္ႏွင့္ ရွန္ဟဲၿမိဳ႕ တို႔တြင္ COVID ေရာဂါေဝဒနာရွင္မ်ားကို ICU အထူးၾကပ္မတ္ကုသေဆာင္ တြင္ ေတြ႕ႀကဳံရေသာအေတြ႕အႀကဳံမ်ား၊ ကုသနည္းမ်ားကို ေဆြးေႏြးခဲ့ၾကသည္။ ထို႔ေနာက္ တ႐ုတ္ျပည္သူ႔လြတ္ေျမာက္ေရးတပ္မေတာ္ ေရာဂါကာကြယ္တားဆီး ထိန္းခ်ဳပ္ေရးဌာန (CDC) မွ ေဆာင္႐ြက္ခဲ့ေသာ ေရာဂါအခ်က္အလက္ ေထာက္ လွမ္းမႈလုပ္ငန္း၊ တားဆီးကာကြယ္ေရးလုပ္ငန္းႏွင့္ COVID-19 ေရာဂါကာကြယ္ေဆး ထုတ္လုပ္ေနမႈ အေျခအေနမ်ားကို အျပန္အလွန္ေဆြးေႏြးခဲ့ၾကသည္။

တ႐ုတ္ေဆးဘက္ဆိုင္ရာအဖြဲ႕သည္ ေနာက္ရက္မ်ားတြင္ ၎တို႔သယ္ေဆာင္ လာေသာ ဓာတ္ခြဲခန္းပစၥည္းကိရိယာမ်ားကိုတပ္မေတာ္ေဆး႐ုံႀကီး   (ခုတင္-၁၀၀၀) PCR Lob တြင္ တပ္ဆင္ကာ COVID-19 ေရာဂါပိုးရွိမရွိ စမ္းသပ္စစ္ေဆးမႈမ်ား ဆက္လက္လုပ္ေဆာင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

(Unicode Version)

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအဖွဲ့ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးအား လာရောက် လေ့လာပြီး COVID-19 ရောဂါနှင့် ပတ်သတ်၍ထိန်းချုပ်ကုသရေးဆိုင်ရာများ ဆွေးနွေး

ရန်ကုန်  ဧပြီ   ၂၉

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင် ပညာရှင်များအဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် တပ်မတော်အသည်းရောဂါ အထူးကု ဆေးရုံကြီးတွင် Covid-19 ရောဂါကုသရန် ပြင်ဆင်ထားရှိမှုများနှင့် ဆေးရုံအတွင်း ဆေးဝါးကုသမှုများ၊ ရောဂါရှာဖွေသည့် ဓာတ်ခွဲခန်းအသုံးပြုမှုများကို လိုက်လံ ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် အဆိုပါအဖွဲ့သည် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၊ တပ်ရင်းအစည်းအဝေးခန်းမတွင် COVID-19 ရောဂါကုသရေး၊ ကာကွယ်တားဆီးရေး နှင့် ကျန်းမာရေးစောင့်ရှောက်မှုများကို တပ်မှူး ဗိုလ်မှူးကြီးဇော်မျိုးဟန် နှင့် ဌာနမှူးများ၊ ဆေးပညာရှင်များနှင့်အတူ အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

ယင်းသို့ ဆွေးနွေးရာတွင် ဆေးရုံတပ်မှူး ဗိုလ်မှူးကြီးဇော်မျိုးဟန်က တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီးအတွင်း COVID-19 လူနာလက်ခံရန် လျာထားသည့် ကုသဆောင်များ၊ အထူးကြပ်မတ်ကုသခန်းများနှင့် ဓာတ်ခွဲခန်းတို့အပြင် ကုသရန်ပြင်ဆင်ထားမှုများ၊ ဆေးရုံကြီးအတွင်း ကျန်းမာရေးစောင့်ရှောက်နေမှုများအား Power Point ဖြင့် ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များက ဝူဟန်မြို့ တွင် COVID-19 ရောဂါဖြစ်ပွားစဉ်က လူနာများအား ပြုစုကုသရာတွင် တွေ့ကြုံခဲ့ရ သော အတွေ့အကြုံများ၊ အကြံပြုချက်များအား ရှင်းလင်းပြောကြားခဲ့ပါသည်။ ထို့နောက် နှစ်ဖက်ဆေးပညာရှင်များက ဆေးပညာရပ်ဆိုင်ရာများအား အပြန်အလှန် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိပါသည်။

ဆက်လက်ပြီး တရုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့နှင့် တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၊ တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး၊ တပ်မတော်သားဖွားမီးယပ်နှင့် ကလေးဆေးရုံ၊ စစ်မြေပြင်ဆေးတပ်ရင်းများမှ ပါရဂူဆေးမှူးသူနာပြုအရာရှိများပါဝင်သော အဖွဲ့တို့နှင့် COVID ရောဂါအကြောင်းကို တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)ရှိ စာသင်ခန်းမတွင် ဒုတိယနေ့အဖြစ် ဆက်လက်ဆွေးနွေးခဲ့ကြသည်။

တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်အဖွဲ့ဝင်များက ဝူဟန်နှင့် ရှန်ဟဲမြို့ တို့တွင် COVID ရောဂါဝေဒနာရှင်များကို ICU အထူးကြပ်မတ်ကုသဆောင် တွင် တွေ့ကြုံရသောအတွေ့အကြုံများ၊ ကုသနည်းများကို ဆွေးနွေးခဲ့ကြသည်။ ထို့နောက် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော် ရောဂါကာကွယ်တားဆီး ထိန်းချုပ်ရေးဌာန (CDC) မှ ဆောင်ရွက်ခဲ့သော ရောဂါအချက်အလက် ထောက် လှမ်းမှုလုပ်ငန်း၊ တားဆီးကာကွယ်ရေးလုပ်ငန်းနှင့် COVID-19 ရောဂါကာကွယ်ဆေး ထုတ်လုပ်နေမှု အခြေအနေများကို အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။

တရုတ်ဆေးဘက်ဆိုင်ရာအဖွဲ့သည် နောက်ရက်များတွင် ၎င်းတို့သယ်ဆောင် လာသော ဓာတ်ခွဲခန်းပစ္စည်းကိရိယာများကိုတပ်မတော်ဆေးရုံကြီး   (ခုတင်-၁၀၀၀) PCR Lob တွင် တပ်ဆင်ကာ COVID-19 ရောဂါပိုးရှိမရှိ စမ်းသပ်စစ်ဆေးမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

Recent News