

 


 


 

(Unicode Version)

 

ထန်တလန်မြို့ရှိ ပြည်သူ့ဆေးရုံ၌ တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည့ ် ဒေသခံပြည်သူများအား ကြည့ ်ရှုအားပေး 

နေပြည်တော် အောက်တိုဘာ ၂ဝ 

ချင်းပြည်နယ်၊ ထန်တလန်မြို့ရှိ ပြည်သူ့ ဆေးရုံ၌ တက်ရောက်ဆေးကုသမှုခံယူလျက် ရှိသည့် ဒေသခံပြည်သူများအား အောက်တို ဘာ ၁၉ ရက် နေ့လယ်ပိုင်းတွင်အနောက်မြောက် တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ဖုန်းမြတ်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍ တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှုများ၊ ဆေးဝါး ကုသပေးထားမှုများနှင့် ကျန်းမာရေးတိုးတက် မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်း အားပေးစကားပြောကြားပြီး စားသောက်ဖွယ် ရာများပေးအပ်သည်။ 

ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် အဆိုပါပြည်သူ့ဆေးရုံ၌ တွဲဖက်တာဝန်ထမ်း ဆောင်လျက်ရှိသည့် တပ်မတော်သားဆရာ ဝန်များနှင့် ဆေးရုံရှိ ကျန်းမာရေးဝန်ထမ်းများ အား တွေ့ဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များညှိနှိုင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News