သာပေါင်းမြို့နယ်အတွင်းရှိကျေးရွာများနှင့် အ၀ါရောင်မျိုးဆက်သစ် ပရဟိတကျောင်းသို့ ဆိုလာမီးအိမ်များ ပေးအပ်လှူဒါန်း

 

နေပြည်တော်၊ ဖေဖော်ဝါရီ ၈

ဧရာဝတီတိုင်းဒေသကြီး၊ သာပေါင်းမြို့နယ်အတွင်းရှိ ကြက်သွန်ကွင်းကျေးရွာ၊ ကဇင်းတောကျေးရွာ၊ မြစံကျေးရွာနှင့် ညောင်ပင်သာကျေးရွာတို့အတွက် ဆိုလာမီးအိမ်များ ပေးအပ်လှူဒါန်းခြင်းကို ယနေ့နံနက်ပိုင်းတွင် ကြက်သွန်ကွင်းကျေးရွာနှင့် မြစံကျေးရွာတို့၌ ပြုလုပ်ရာ အနောက်တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်တေဇကျော်နှင့်အဖွဲ့ဝင်များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက ဆိုလာမီးအိမ်များပေး အပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ဒေသခံပြည်သူများအတွက် ဆိုလာမီးအိမ်များ ပေးအပ်လှူဒါန်းကာ ကျေးရွာနေအိမ်များတွင် ဆိုလာမီးအိမ် တပ်ဆင်အသုံးပြုမှုအခြေအနေများကို လိုက်လံကြည့်ရှုသည်။

ထို့နောက် ကဇင်းတောကျေးရွာရှိ အ၀ါရောင်မျိုးဆက်သစ် ပရဟိတကျောင်းသို့ သွားရောက်၍ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ ပညာသီရိအားဖူးမြော်၍ ဆိုလာမီးအိမ် ငါးစုံ၊ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News