တကၠသိုလ္ ေလ့က်င့္ေရး တပ္မ်ားမွ ၂ဝ၁၇-၂၀၁၈ ပညာသင္ႏွစ္၊ တကၠသုိလ္ ေလ့က်င့္ေရး တပ္ဖြဲ႕၀င္ ဆရာ၊ ဆရာမ မ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား ေလ့လာေရးခရီး သြားေရာက္

 

ေနျပည္ေတာ္ ေအာက္တုိဘာ  ၂၁

၂ဝ၁၇-၂ဝ၁၈ ပညာသင္ႏွစ္၊ တကၠသုိလ္ ေလ့က်င့္ေရးတပ္ဖြဲ႕ဝင္ ဆရာ၊ ဆရာမမ်ားႏွင့္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားသည္ ရန္ကုန္ တိုင္းေဒသႀကီး၊ တုိက္ႀကီးၿမိဳ႕နယ္၊ မႏၲေလးတိုင္းေဒသႀကီး၊ ရမည္းသင္းၿမိဳ႕နယ္၊ မြန္ျပည္နယ္၊ သံျဖဴ ဇရပ္ၿမိဳ႕နယ္၊ ရွမ္းျပည္နယ္(ေတာင္ ပိုင္း)၊ ပင္ေလာင္းၿမိဳ႕နယ္ႏွင့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမ၊     ဥတၱရ သီရိၿမိဳ႕နယ္တို႔ရွိ နယ္ေျမခံေလ့က်င့္ေရး သင္တန္းေက်ာင္းမ်ား၌ စခန္းခ်ေလ့က်င့္ေရး သင္တန္းမ်ား အသီးသီး တက္ေရာက္ သင္ၾကားလ်က္ရွိရာ ယေန႔တြင္ ယင္းသင္တန္း ေက်ာင္းမ်ားမွ တကၠသုိလ္ ေလ့က်င့္ေရး တပ္ဖြဲ႕ဝင္  ဆရာ၊  ဆရာမမ်ားႏွင့္  ေက်ာင္းသား၊  ေက်ာင္းသူမ်ားသည္  သက္ဆိုင္ရာ ၿမိဳ႕နယ္မ်ား အတြင္းရွိ အထင္ကရ ေနရာ မ်ားသုိ႔ ေလ့လာေရးခရီး သြားေရာက္ၾကသည္။

ထုိသို႔ ေလ့လာေရးခရီး သြားေရာက္ၾကရာတြင္ ေနျပည္ေတာ္ ေကာင္စီနယ္္ေျမအတြင္း၌  ျမဝတီ႐ုပ္ျမင္သံၾကား ထုတ္ လႊင့္ေရး စက္႐ုံ၊ တပ္မေတာ္ စစ္သမိုင္းျပတိုက္ႏွင့္ သူရဲေကာင္း ဗိမာန္တို႔ကို လည္းေကာင္း၊ ရန္ကုန္တိုင္း ေဒသႀကီး အတြင္း၌ သန္လ်င္တပ္နယ္ရွိ နယ္ေျမခံ စစ္ေရယာဥ္စုႏွင့္ မဂၤလာဒံု တပ္နယ္ရွိ ေလတပ္ စခန္းဌာနခ်ဳပ္တို႔ကို လည္းေကာင္း၊ မႏၲေလး တိုင္းေဒသႀကီး အတြင္း၌ မိတီၴလာ တပ္နယ္ရွိ ေလေၾကာင္း အတတ္သင္ ေလတပ္ စခန္းဌာနခ်ဳပ္၊ တင့္ကား တပ္ရင္းႏွင့္ အေျမာက္သင္တန္းေက်ာင္း တို႔ကို လည္းေကာင္း၊ ရွမ္းျပည္နယ္ (ေတာင္ပိုင္း) အတြင္း၌  ဒီးေမာ့ ဆိုၿမိဳ႕ရွိ ေငြေတာင္ဆည္၊ ကန္ခုနစ္ဆင့္ႏွင့္ လိြဳင္ေကာ္ ၿမိဳ႕ရွိ သီရိမဂၤလာေတာင္ ေတာ္ (ေတာင္ကြဲေစတီေတာ္)တို႔ကို လည္းေကာင္း၊ မြန္ျပည္နယ္အတြင္း၌ မုဒံုတပ္နယ္ရွိ နယ္ေျမခံ သံခ်ပ္ကာ တပ္ရင္း၊  သံျဖဴဇရပ္ၿမိဳ႕ရွိ ေသမင္း တမန္ရထားလမ္း ျပတိုက္ႏွင့္ နယ္ေျမခံ အေျမာက္တပ္ရင္း၊ က်ဳိကၡမီ ေရလယ္ ဘုရားႏွင့္ စက္စဲကမ္းေျခ တို႔ကိုလည္းေကာင္း အသီးသီး သြားေရာက္ ေလ့လာခဲ့ၾကေၾကာင္း သတင္း ရရွိသည္။ 

(Unicode Version)

တက္ကသိုလ် လေ့ကျင့်ရေး တပ်များမှ ၂ဝ၁၇-၂၀၁၈ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင် ဆရာ၊ ဆရာမ များနှင့် ကျောင်းသား၊ ကျောင်းသူများ လေ့လာရေးခရီး သွားရောက်
နေပြည်တော် အောက်တိုဘာ  ၂၁

၂ဝ၁၇-၂ဝ၁၈ ပညာသင်နှစ်၊ တက္ကသိုလ် လေ့ကျင့်ရေးတပ်ဖွဲ့ဝင် ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူ များသည် ရန်ကုန် တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ မွန်ပြည်နယ်၊ သံဖြူ ဇရပ်မြို့နယ်၊ ရှမ်းပြည်နယ်(တောင် ပိုင်း)၊ ပင်လောင်းမြို့နယ်နှင့် နေပြည်တော် ကောင်စီနယ်မြေ၊     ဥတ္တရ သီရိမြို့နယ်တို့ရှိ နယ်မြေခံလေ့ကျင့်ရေး သင်တန်းကျောင်းများ၌ စခန်းချလေ့ကျင့်ရေး သင်တန်းများ အသီးသီး တက်ရောက် သင်ကြားလျက်ရှိရာ ယနေ့တွင် ယင်းသင်တန်း ကျောင်းများမှ တက္ကသိုလ် လေ့ကျင့်ရေး တပ်ဖွဲ့ဝင်  ဆရာ၊  ဆရာမများနှင့်  ကျောင်းသား၊  ကျောင်းသူများသည်  သက်ဆိုင်ရာ မြို့နယ်များ အတွင်းရှိ အထင်ကရ နေရာ များသို့ လေ့လာရေးခရီး သွားရောက်ကြသည်။

ထိုသို့ လေ့လာရေးခရီး သွားရောက်ကြရာတွင် နေပြည်တော် ကောင်စီနယ်မြေအတွင်း၌  မြဝတီရုပ်မြင်သံကြား ထုတ် လွှင့်ရေး စက်ရုံ၊ တပ်မတော် စစ်သမိုင်းပြတိုက်နှင့် သူရဲကောင်း ဗိမာန်တို့ကို လည်းကောင်း၊ ရန်ကုန်တိုင်း ဒေသကြီး အတွင်း၌ သန်လျင်တပ်နယ်ရှိ နယ်မြေခံ စစ်ရေယာဉ်စုနှင့် မင်္ဂလာဒုံ တပ်နယ်ရှိ လေတပ် စခန်းဌာနချုပ်တို့ကို လည်းကောင်း၊ မန္တလေး တိုင်းဒေသကြီး အတွင်း၌ မိတ္ထီလာ တပ်နယ်ရှိ လေကြောင်း အတတ်သင် လေတပ် စခန်းဌာနချုပ်၊ တင့်ကား တပ်ရင်းနှင့် အမြောက်သင်တန်းကျောင်း တို့ကို လည်းကောင်း၊ ရှမ်းပြည်နယ် (တောင်ပိုင်း) အတွင်း၌  ဒီးမော့ ဆိုမြို့ရှိ ငွေတောင်ဆည်၊ ကန်ခုနစ်ဆင့်နှင့် လွိုင်ကော် မြို့ရှိ သီရိမင်္ဂလာတောင် တော် (တောင်ကွဲစေတီတော်)တို့ကို လည်းကောင်း၊ မွန်ပြည်နယ်အတွင်း၌ မုဒုံတပ်နယ်ရှိ နယ်မြေခံ သံချပ်ကာ တပ်ရင်း၊  သံဖြူဇရပ်မြို့ရှိ သေမင်း တမန်ရထားလမ်း ပြတိုက်နှင့် နယ်မြေခံ အမြောက်တပ်ရင်း၊ ကျိုက္ခမီ ရေလယ် ဘုရားနှင့် စက်စဲကမ်းခြေ တို့ကိုလည်းကောင်း အသီးသီး သွားရောက် လေ့လာခဲ့ကြကြောင်း သတင်း ရရှိသည်။

Recent News