(၁၂-၅-၂၀၂၀ - ည ၈:၀၀ နာရီသတင်း) သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

 သောက်သုံးရေ ရှားပါးလျက်ရှိသော နေရာများသို့ တပ်မတော်သားများက သောက်သုံးရေများ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ မေ - ၁၂
    
သောက်သုံးရေရှားပါးလျက်ရှိပြီး Covid-19  ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရေးအတွက် သွားလာမှုကန့်သတ်ချက်များကြောင့် သောက်သုံးရေအခက်အခဲဖြစ်ပေါ် လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော် သားများက သောက်သုံးရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင်  နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်၊ သိုက်ချောင်းကျေးရွာသို့ သောက်သုံးရေ ဂါလန် ၁၂၀၀ နှင့် ပုဗ္ဗသီရိမြို့နယ်၊ သစ်ယာကုန်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၄၀၀ ကိုလည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ အမှတ်(၁)စိုက်ပျိုးမွေးမြူရေးရပ်ကွက်သို့ သောက်သုံးရေဂါလန် ၂၄၀၀၊ မှော်ဘီမြို့နယ်၊ ကန်သာယာကျေးရွာသို့ သောက်သုံးရေဂါလန် ၂၃၀၀ ၊ လှည်းကူး မြို့နယ်၊ ဒါးပိန်မြောက်ကျေးရွာအုပ်စု၊ ကျွဲကူးဆိပ်ကျေးရွာနှင့် တောရကျေးရွာများသို့ သောက်သုံးရေဂါလန် ၁၂၀၀နှင့် ရေသန့်ဘူးများ၊ တိုက်ကြီးမြို့နယ်၊ ကျားချောင်းကျေးရွာသို့ သောက်သုံးရေဂါလန် ၁၄၂၀၊ သန်လျင်မြို့နယ်၊ အလွမ်းဆွတ်ကျေးရွာသို့ သောက်သုံးရေဂါလန် ၁၂၀၀နှင့် ရေသန့်ဘူးများနှင့် ဒလမြို့နယ်၊ ပျော်ဘွယ်ကြီးကျေးရွာသို့ သောက်သုံးရေဂါလန် ၁၀၀၀ ကိုလည်းကောင်း၊ တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့၊ မကြီးစမ်းကျေးရွာသို့ သောက်သုံးရေဂါလန် ၅၃၀၀ နှင့် ရေသန့်ဘူးများကို လည်းကောင်း သွားရောက်ဖြန့်ဝေလှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။

(Zawgyi Version)

(၁၂-၅-၂၀၂၀ - ည ၈:၀၀ နာရီသတင္း) ေသာက္သုံးေရ ရွားပါးလ်က္ရွိေသာ ေနရာမ်ားသို႔ တပ္မေတာ္သားမ်ားက ေသာက္သုံးေရမ်ား ျဖန႔္ေဝလႉဒါန္း

ေနျပည္ေတာ္၊ ေမ - ၁၂
    
ေသာက္သုံးေရရွားပါးလ်က္ရွိၿပီး Covid-19  ေရာဂါ ႀကိဳတင္ကာကြယ္ ထိန္းခ်ဳပ္ ႏိုင္ေရးအတြက္ သြားလာမႈကန႔္သတ္ခ်က္မ်ားေၾကာင့္ ေသာက္သုံးေရအခက္အခဲျဖစ္ေပၚ လ်က္ရွိေသာ ျပည္နယ္ႏွင့္ တိုင္းေဒသႀကီးမ်ားအတြင္းရွိ ေက်း႐ြာမ်ားသို႔ နယ္ေျမခံတပ္မေတာ္ သားမ်ားက ေသာက္သုံးေရမ်ား သြားေရာက္လႉဒါန္းလ်က္ရွိသည္။

  
ထိုသို႔လႉဒါန္းလ်က္ရွိရာ ယေန႔တြင္  ေနျပည္ေတာ္တိုင္းစစ္ဌာနခ်ဳပ္အေနျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ေဇယ်ာသီရိၿမိဳ႕နယ္၊ သိုက္ေခ်ာင္းေက်း႐ြာသို႔ ေသာက္သုံးေရ ဂါလန္ ၁၂၀၀ ႏွင့္ ပုဗၺသီရိၿမိဳ႕နယ္၊ သစ္ယာကုန္းေက်း႐ြာသို႔ ေသာက္သုံးေရဂါလန္ ၁၄၀၀ ကိုလည္းေကာင္း၊ ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္အေနျဖင့္ ရန္ကုန္တိုင္းေဒသႀကီး၊ ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း)ၿမိဳ႕နယ္၊ အမွတ္(၁)စိုက္ပ်ိဳးေမြးျမဴေရးရပ္ကြက္သို႔ ေသာက္သုံးေရဂါလန္ ၂၄၀၀၊ ေမွာ္ဘီၿမိဳ႕နယ္၊ ကန္သာယာေက်း႐ြာသို႔ ေသာက္သုံးေရဂါလန္ ၂၃၀၀ ၊ လွည္းကူး ၿမိဳ႕နယ္၊ ဒါးပိန္ေျမာက္ေက်း႐ြာအုပ္စု၊ ကြၽဲကူးဆိပ္ေက်း႐ြာႏွင့္ ေတာရေက်း႐ြာမ်ားသို႔ ေသာက္သုံးေရဂါလန္ ၁၂၀၀ႏွင့္ ေရသန႔္ဘူးမ်ား၊ တိုက္ႀကီးၿမိဳ႕နယ္၊ က်ားေခ်ာင္းေက်း႐ြာသို႔ ေသာက္သုံးေရဂါလန္ ၁၄၂၀၊ သန္လ်င္ၿမိဳ႕နယ္၊ အလြမ္းဆြတ္ေက်း႐ြာသို႔ ေသာက္သုံးေရဂါလန္ ၁၂၀၀ႏွင့္ ေရသန႔္ဘူးမ်ားႏွင့္ ဒလၿမိဳ႕နယ္၊ ေပ်ာ္ဘြယ္ႀကီးေက်း႐ြာသို႔ ေသာက္သုံးေရဂါလန္ ၁၀၀၀ ကိုလည္းေကာင္း၊ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္အေနျဖင့္ ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕၊ မႀကီးစမ္းေက်း႐ြာသို႔ ေသာက္သုံးေရဂါလန္ ၅၃၀၀ ႏွင့္ ေရသန႔္ဘူးမ်ားကို လည္းေကာင္း သြားေရာက္ျဖန႔္ေဝလႉဒါန္းခဲ့ၾကေၾကာင္း သတင္းရရွိသည္။

Recent News