(၁၂-၅-၂၀၂၀ - ည ၈:၀၀ နာရီသတင်း) လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့် နေရာများသို့ တပ်မတော်သားများက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်

လေပြင်းတိုက်ခတ်မှုဖြစ်ပေါ်ခဲ့သည့်နေရာများသို့ တပ်မတော်သားများက ကူညီကယ်ဆယ် ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၂
    
နေပြည်တော်ကောင်စီနယ်မြေပုဗ္ဗသီရိမြို့နယ်၊ ဥတ္တရသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများ၌လည်းကောင်း၊ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်၊ နမ့်စန်မြို့နယ်နှင့် ခိုလမ်မြို့အတွင်းရှိ ကျေးရွာများ၌လည်းကောင်း၊ မန္တလေးတိုင်း ဒေသကြီး၊ မန္တလေးမြို့၊ မိတ္ထီလာမြို့နယ်၊ နွားထိုးကြီးမြို့နယ်၊ ကျောက်ပန်းတောင်းမြို့နယ်နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၌လည်းကောင်း၊ ပဲခူးတိုင်းဒေသကြီး၊ ပန်းတောင်းမြို့နယ်နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်အတွင်းရှိ ကျေးရွာများ၌လည်းကောင်း ဧပြီ ၁၁ ရက်တွင် လေပြင်းများ တိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းမှုများကြောင့် နေအိမ်များ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦများ၊ ဈေးဆိုင်ခန်းများ အမိုးလန်ပြိုကျ ပျက်စီးခြင်း၊ ဓာတ်မီးတိုင်(ကွန်ကရစ်)လဲကျပျက်စီးခြင်းများနှင့် သစ်ပင်သစ်ကိုင်းများ ပြိုလဲကျခြင်းများ ဖြစ်ပေါ်ခဲ့သည်။
    
အဆိုပါ လေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် နေရာများသို့ မေ ၁၁ ရက်ညနေပိုင်းနှင့် ယနေ့တို့တွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ အလယ်ပိုင်း တိုင်းစစ်ဌာနချုပ်နှင့် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တို့ရှိ နယ်မြေခံတပ်နယ်များမှ တပ်မတော် သားများ၊ စည်ပင်သာယာရေးကော်မတီမှဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များစုပေါင်း၍ အမိုးလန်သွပ်များ၊ သစ်များဆယ်တင်ပေးခြင်း၊ ပစ္စည်းများ ကူညီရွှေ့ပြောင်းပေးခြင်း၊ သစ်ပင်သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်းပေးခြင်းနှင့် နေအိမ်များ ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးပြီး လေဘေးသင့်ပြည်သူများအား အိမ်မိုးသွပ်များ နှင့် စားသောက်ဖွယ်ရာများ ပေးအပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

(Zawgyi Version)

လျပင္းတိုက္ခတ္မႈျဖစ္ေပၚခဲ့သည့္ေနရာမ်ားသို႔ တပ္မေတာ္သားမ်ားက ကူညီကယ္ဆယ္ ေရးလုပ္ငန္းမ်ား သြားေရာက္ေဆာင္႐ြက္

ေနျပည္ေတာ္၊ ေမ - ၁၂
    
ေနျပည္ေတာ္ေကာင္စီနယ္ေျမပုဗၺသီရိၿမိဳ႕နယ္၊ ဥတၱရသီရိၿမိဳ႕နယ္ႏွင့္ တပ္ကုန္းၿမိဳ႕နယ္ အတြင္းရွိ ေက်း႐ြာမ်ား၌လည္းေကာင္း၊ ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ရပ္ေစာက္ၿမိဳ႕နယ္၊ နမ့္စန္ၿမိဳ႕နယ္ႏွင့္ ခိုလမ္ၿမိဳ႕အတြင္းရွိ ေက်း႐ြာမ်ား၌လည္းေကာင္း၊ မႏၲေလးတိုင္း ေဒသႀကီး၊ မႏၲေလးၿမိဳ႕၊ မိတၳီလာၿမိဳ႕နယ္၊ ႏြားထိုးႀကီးၿမိဳ႕နယ္၊ ေက်ာက္ပန္းေတာင္းၿမိဳ႕နယ္ႏွင့္ မေကြးတိုင္းေဒသႀကီး၊ မေကြးၿမိဳ႕နယ္အတြင္းရွိ ရပ္ကြက္၊ ေက်း႐ြာမ်ား၌လည္းေကာင္း၊ ပဲခူးတိုင္းေဒသႀကီး၊ ပန္းေတာင္းၿမိဳ႕နယ္ႏွင့္ ကရင္ျပည္နယ္၊ သံေတာင္ႀကီးၿမိဳ႕နယ္အတြင္းရွိ ေက်း႐ြာမ်ား၌လည္းေကာင္း ဧၿပီ ၁၁ ရက္တြင္ ေလျပင္းမ်ား တိုက္ခတ္ၿပီး မိုးသည္းထန္စြာ ႐ြာသြန္းမႈမ်ားေၾကာင့္ ေနအိမ္မ်ား၊ စာသင္ေက်ာင္းမ်ား၊ ဘာသာေရးအေဆာက္အဦမ်ား၊ ေဈးဆိုင္ခန္းမ်ား အမိုးလန္ၿပိဳက် ပ်က္စီးျခင္း၊ ဓာတ္မီးတိုင္(ကြန္ကရစ္)လဲက်ပ်က္စီးျခင္းမ်ားႏွင့္ သစ္ပင္သစ္ကိုင္းမ်ား ၿပိဳလဲက်ျခင္းမ်ား ျဖစ္ေပၚခဲ့သည္။
    
အဆိုပါ ေလျပင္းတိုက္ခတ္ၿပီး မိုးသည္းထန္စြာ႐ြာသြန္းမႈမ်ားေၾကာင့္ ပ်က္စီးမႈမ်ား ျဖစ္ေပၚခဲ့သည့္ ေနရာမ်ားသို႔ ေမ ၁၁ ရက္ညေနပိုင္းႏွင့္ ယေန႔တို႔တြင္ ေနျပည္ေတာ္တိုင္း စစ္ဌာနခ်ဳပ္၊ အေရွ႕ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အေရွ႕အလယ္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္၊ အလယ္ပိုင္း တိုင္းစစ္ဌာနခ်ဳပ္ႏွင့္ ေတာင္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တို႔ရွိ နယ္ေျမခံတပ္နယ္မ်ားမွ တပ္မေတာ္ သားမ်ား၊ စည္ပင္သာယာေရးေကာ္မတီမွဝန္ထမ္းမ်ား၊ ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕ဝင္မ်ားႏွင့္ မီးသတ္တပ္ဖြဲ႕ဝင္မ်ားစုေပါင္း၍ အမိုးလန္သြပ္မ်ား၊ သစ္မ်ားဆယ္တင္ေပးျခင္း၊ ပစၥည္းမ်ား ကူညီေ႐ႊ႕ေျပာင္းေပးျခင္း၊ သစ္ပင္သစ္ကိုင္းမ်ား ခုတ္ထြင္ရွင္းလင္းေပးျခင္းႏွင့္ ေနအိမ္မ်ား ျပန္လည္ျပဳျပင္ေပးျခင္းမ်ား ေဆာင္႐ြက္ေပးၿပီး ေလေဘးသင့္ျပည္သူမ်ားအား အိမ္မိုးသြပ္မ်ား ႏွင့္ စားေသာက္ဖြယ္ရာမ်ား ေပးအပ္လႉဒါန္းခဲ့ေၾကာင္း သတင္းရရွိသည္။

 

Recent News