(၁၂-၅-၂၀၂၀ - ည ၈:၀၀ နာရီသတင်း) ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ လှူဒါန်းသည့် Covid-19 ရောဂါနှင့်ပတ်သက်၍ အထောက်အကူပြုဆေးပစ္စည်းများပေးအပ်လှူဒါန်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

ရခိုင်ပြည်နယ်အတွင်း တပ်မတော်မှ လှူဒါန်းသည့် Covid-19 ရောဂါနှင့်ပတ်သက်၍ အထောက်အကူပြုဆေးပစ္စည်းများပေးအပ်လှူဒါန်း၊ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၁၂
    
Covid-19 ရောဂါကြိုတင်ကာကွယ်ကုသရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေးအတွက် ရခိုင်ပြည်နယ်အတွင်း ရောက်ရှိနေသော တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြုများပါဝင်သော ဆေးအဖွဲ့သည် နယ်မြေခံဆေး အဖွဲ့များနှင့်ပူးပေါင်း၍ Covid-19 ရောဂါအထောက်အကူပြုဆေးပစ္စည်းများလှူဒါန်းခြင်းနှင့် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။
    
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာတွင် ယနေ့တွင်  စစ်တွေမြို့ရှိ အောင်မင်္ဂလာ ဘုန်းတော်ကြီးကျောင်း၊ ဒုံးပြင်တောင်ဗလီ၊ မင်းပြားမြို့ ပြည်သူ့ဆေးရုံ၊မောင်တောမြို့ရှိ ပြည်သူ့ဆေးရုံ၊ ဇောတိကာရုံကျောင်းတိုက်၊ မြို့မကျောင်းတိုက်၊ သျှီရီးရာဒါးခြိချ်နော် ဟိန္ဒူ ဘုရားရှိခိုးကျောင်း၊ ကညင်တန်းဗလီ၊ ရမ်းဗြဲမြို့ရှိ ပြည်သူ့ဆေးရုံနှင့် ပုဏ္ဏားတောင် ကျောင်းတိုက်၊ ကျောက်ဖြူမြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံ၊ နဂါးကျောင်းပရိယတ္တိစာသင်တိုက်၊ ယပ်လှဲပရိယတ္တိစာသင်တိုက်၊ မင်းကျောင်းတိုက်၊ မြို့မကရာနီနှစ်ခြင်းအသင်းတော်တို့သို့ သွားရောက်၍ တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းSurgical  Mask များ၊ N95 Mask များ၊ Personal Protective Equipment (PPE) ဝတ်စုံများ၊ ခွဲစိတ်ခန်းသုံးလက်အိတ်(Surgical Gloves)များ၊ မျက်မှန်(Goggles/ Eye Shield) များ၊ သြည Non Contact Thermometer များ၊Hand Sanitizer များ၊Bleaching Powder များနှင့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ဖုန်းမြတ်နှင့် သက်ဆိုင်ရာတပ်နယ်များမှ တာဝန်ရှိသူများက အသီးသီးပေးအပ်လှူဒါန်းကြသည်။
    

ထို့ပြင် ဆေးအဖွဲ့များက သံဃာတော်များ၊ သာသနာနွယ်ဝင်သီလရှင်များ၊ တိုက်ပွဲရှောင်ပြည်သူများ၊ အခြားဘာသာရေးအဖွဲ့များနှင့် ဒေသခံပြည်သူများကို COVID-19  ရောဂါနှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊  လက်ကမ်းစာစောင်များဖြန့်ဝေပေးခြင်း၊ စနစ်တကျလက်ဆေးနည်းနှင့်Face Maskအသုံးပြုနည်းတို့ကို သရုပ်ပြခြင်းများဆောင်ရွက်ပေးပြီး အများပြည်သူအသုံးပြုလျက်ရှိသော နေရာများ၌ ပိုးသတ်ဆေးဖျန်းခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

(Zawgyi Version)

ရခိုင္ျပည္နယ္အတြင္း တပ္မေတာ္မွ လႉဒါန္းသည့္ Covid-19 ေရာဂါႏွင့္ပတ္သက္၍ အေထာက္အကူျပဳေဆးပစၥည္းမ်ားေပးအပ္လႉဒါန္း၊ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား ဆက္လက္ေဆာင္႐ြက္

ေနျပည္ေတာ္၊ ေမ - ၁၂
    
Covid-19 ေရာဂါႀကိဳတင္ကာကြယ္ကုသေရးလုပ္ငန္းမ်ား အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္ႏိုင္ေရးအတြက္ ရခိုင္ျပည္နယ္အတြင္း ေရာက္ရွိေနေသာ တပ္မေတာ္ေဆးဝန္ထမ္း တပ္ဖြဲ႕မွ ပါရဂူမ်ား၊ ေဆးမႉးမ်ားႏွင့္ သူနာျပဳမ်ားပါဝင္ေသာ ေဆးအဖြဲ႕သည္ နယ္ေျမခံေဆး အဖြဲ႕မ်ားႏွင့္ပူးေပါင္း၍ Covid-19 ေရာဂါအေထာက္အကူျပဳေဆးပစၥည္းမ်ားလႉဒါန္းျခင္းႏွင့္ ႀကိဳတင္ကာကြယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္လ်က္ရွိသည္။
    
ထိုသို႔ ေဆာင္႐ြက္ေပးလ်က္ရွိရာတြင္ ယေန႔တြင္  စစ္ေတြၿမိဳ႕ရွိ ေအာင္မဂၤလာ ဘုန္းေတာ္ႀကီးေက်ာင္း၊ ဒုံးျပင္ေတာင္ဗလီ၊ မင္းျပားၿမိဳ႕ ျပည္သူ႔ေဆး႐ုံ၊ေမာင္ေတာၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံ၊ ေဇာတိကာ႐ုံေက်ာင္းတိုက္၊ ၿမိဳ႕မေက်ာင္းတိုက္၊ သွ်ီရီးရာဒါးၿခိခ်္ေနာ္ ဟိႏၵဴ ဘုရားရွိခိုးေက်ာင္း၊ ကညင္တန္းဗလီ၊ ရမ္းၿဗဲၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံႏွင့္ ပုဏၰားေတာင္ ေက်ာင္းတိုက္၊ ေက်ာက္ျဖဴၿမိဳ႕ရွိ ခ႐ိုင္ျပည္သူ႔ေဆး႐ုံ၊ နဂါးေက်ာင္းပရိယတၱိစာသင္တိုက္၊ ယပ္လွဲပရိယတၱိစာသင္တိုက္၊ မင္းေက်ာင္းတိုက္၊ ၿမိဳ႕မကရာနီႏွစ္ျခင္းအသင္းေတာ္တို႔သို႔ သြားေရာက္၍ တပ္မေတာ္က လႉဒါန္းေသာ ခြဲစိတ္ခန္းသုံး ႏွာေခါင္းစည္းSurgical  Mask မ်ား၊ N95 Mask မ်ား၊ Personal Protective Equipment (PPE) ဝတ္စုံမ်ား၊ ခြဲစိတ္ခန္းသုံးလက္အိတ္(Surgical Gloves)မ်ား၊ မ်က္မွန္(Goggles/ Eye Shield) မ်ား၊ ၾသည Non Contact Thermometer မ်ား၊Hand Sanitizer မ်ား၊Bleaching Powder မ်ားႏွင့္ အာဟာရျဖည့္စားေသာက္ဖြယ္ရာမ်ားကို အေနာက္ပိုင္းတိုင္း စစ္ဌာနခ်ဳပ္ တိုင္းမႉး ဗိုလ္ခ်ဳပ္ ဖုန္းျမတ္ႏွင့္ သက္ဆိုင္ရာတပ္နယ္မ်ားမွ တာဝန္ရွိသူမ်ားက အသီးသီးေပးအပ္လႉဒါန္းၾကသည္။
    

ထို႔ျပင္ ေဆးအဖြဲ႕မ်ားက သံဃာေတာ္မ်ား၊ သာသနာႏြယ္ဝင္သီလရွင္မ်ား၊ တိုက္ပြဲေရွာင္ျပည္သူမ်ား၊ အျခားဘာသာေရးအဖြဲ႕မ်ားႏွင့္ ေဒသခံျပည္သူမ်ားကို COVID-19  ေရာဂါႏွင့္ပတ္သက္၍ လိုအပ္သည့္ က်န္းမာေရးစစ္ေဆးေပးျခင္း၊ အပူခ်ိန္တိုင္းတာေပးျခင္း၊  လက္ကမ္းစာေစာင္မ်ားျဖန႔္ေဝေပးျခင္း၊ စနစ္တက်လက္ေဆးနည္းႏွင့္Face Maskအသုံးျပဳနည္းတို႔ကို သ႐ုပ္ျပျခင္းမ်ားေဆာင္႐ြက္ေပးၿပီး အမ်ားျပည္သူအသုံးျပဳလ်က္ရွိေသာ ေနရာမ်ား၌ ပိုးသတ္ေဆးဖ်န္းျခင္းမ်ား ေဆာင္႐ြက္ေပးခဲ့ေၾကာင္း သတင္းရရွိသည္။

Recent News