(၁၂-၅-၂၀၂၀ - ည ၈:၀၀ နာရီသတင်း) တောင်ကြီးမြို့ရှိ ပြည်သူ့ဆေးရုံများသို့ ဟိုပုံးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းက တီထွင်သော အလိုလျောက်လက်ဆေးစက် (Automatic Hand Washing Machine) များလှူဒါန်း

 

တောင်ကြီးမြို့ရှိ ပြည်သူ့ဆေးရုံများသို့  ဟိုပုံးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းက တီထွင်သော အလိုလျောက်လက်ဆေးစက် (Automatic Hand Washing Machine)  များလှူဒါန်း

နေပြည်တော်၊ မေ - ၁၂
    
တပ်မတော်အနေဖြင့် COVID-19 ရောဂါကြိုတင်ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းများတွင် အင်တိုက်အားတိုက်ပါဝင်ကူညီဆောင်ရွက်လျက်ရှိရာ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ ဟိုပုံးတပ်နယ်ရှိ နယ်မြေခံသင်တန်းကျောင်းက အလိုလျောက်လက်ဆေးစက် (Automatic Hand Washing Machine)ကို ဧပြီ ၁၀ ရက်တွင် စတင်တီထွင် ဆောင်ရွက် နိုင်ခဲ့သည်။
    
အဆိုပါစက်ကို ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အမျိုးသမီးနှင့် ကလေး အထူးကုဆေးရုံကြီးနှင့် စဝ်စံထွန်းပြည်သူ့ဆေးရုံကြီးသို့ ယနေ့နံနက်ပိုင်းတွင် တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အဖွဲ့ဝင်များက သွားရောက်လှူဒါန်းရာ ဆေးရုံအုပ်ကြီးများက လက်ခံ ရယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များသည် Automatic Hand Washing Machine   အလိုလျောက်လက်ဆေးစက် အသုံးပြုပုံအဆင့်ဆင့်ကို ရှင်းလင်းပြောကြားပြီး လိုက်လံကြည့်ရှုခဲ့ကြောင်း သတင်းရရှိသည်။

(Zawgyi Version)

ေတာင္ႀကီးၿမိဳ႕ရွိ ျပည္သူ႔ေဆး႐ုံမ်ားသို႔  ဟိုပုံးတပ္နယ္ရွိ နယ္ေျမခံသင္တန္းေက်ာင္းက တီထြင္ေသာ အလိုေလ်ာက္လက္ေဆးစက္ (Automatic Hand Washing Machine)  မ်ားလႉဒါန္း

ေနျပည္ေတာ္၊ ေမ - ၁၂
    
တပ္မေတာ္အေနျဖင့္ COVID-19 ေရာဂါႀကိဳတင္ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး လုပ္ငန္းမ်ားတြင္ အင္တိုက္အားတိုက္ပါဝင္ကူညီေဆာင္႐ြက္လ်က္ရွိရာ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္၊ ဟိုပုံးတပ္နယ္ရွိ နယ္ေျမခံသင္တန္းေက်ာင္းက အလိုေလ်ာက္လက္ေဆးစက္ (Automatic Hand Washing Machine)ကို ဧၿပီ ၁၀ ရက္တြင္ စတင္တီထြင္ ေဆာင္႐ြက္ ႏိုင္ခဲ့သည္။
    
အဆိုပါစက္ကို ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ေတာင္ႀကီးၿမိဳ႕ရွိ အမ်ိဳးသမီးႏွင့္ ကေလး အထူးကုေဆး႐ုံႀကီးႏွင့္ စဝ္စံထြန္းျပည္သူ႔ေဆး႐ုံႀကီးသို႔ ယေန႔နံနက္ပိုင္းတြင္ တိုင္းမႉး ဗိုလ္ခ်ဳပ္ လင္းေအာင္ႏွင့္ အဖြဲ႕ဝင္မ်ားက သြားေရာက္လႉဒါန္းရာ ေဆး႐ုံအုပ္ႀကီးမ်ားက လက္ခံ ရယူၾကသည္။ ထို႔ေနာက္ တိုင္းမႉးႏွင့္ အဖြဲ႕ဝင္မ်ားသည္ Automatic Hand Washing Machine   အလိုေလ်ာက္လက္ေဆးစက္ အသုံးျပဳပုံအဆင့္ဆင့္ကို ရွင္းလင္းေျပာၾကားၿပီး လိုက္လံၾကည့္ရႈခဲ့ေၾကာင္း သတင္းရရွိသည္။

Recent News