(၁၂-၅-၂၀၂၀ - ည ၈:၀၀ နာရီသတင်း) တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှလှူဒါန်းသည့် COVID-19 ရောဂါကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများ ထပ်မံရောက်ရှိ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင် ဆေးအဖွဲ့ ပြန်လည်ထွက်ခွာ

 

တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှလှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ်ရေး အထောက်အကူပြုဆေးပစ္စည်းများထပ်မံရောက်ရှိ၊ တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်ဆေးအဖွဲ့ ပြန်လည်ထွက်ခွာ

နေပြည်တော်၊ မေ - ၁၂
    
တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ မြန်မာ့တပ်မတော်သို့လှူဒါန်းသည့် COVID-19 ရောဂါ ကာကွယ် ထိန်းချုပ်ကုသရာတွင် အသုံးပြုသည့် အထောက်အကူပြု ဆေးပစ္စည်းများတင်ဆောင်လာသော တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(လေ)မှ လေယာဉ်သည် ယနေ့ညနေပိုင်းတွင် ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ရောက်ရှိလာရာ   ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သက်ပုံ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံ အမတ်ကြီး H.E.Mr. Chen Hai  ၊ တရုတ်စစ်သံမှူးSenior Colonel Xiong Shaowei  နှင့် တာဝန်ရှိသူများက လေဆိပ်၌် ကြိုဆိုကြသည်။
    
တို့နောက် အဆိုပါလေယာဉ်နှင့်အတူပါရှိလာသော တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ မြန်မာ့တပ်မတော်သို့လှူဒါန်းသည့် PPE ဝတ်စုံ ၁၀၀၀၀ စုံကို တရုတ်ပြည်သူ့ လွတ်မြောက်ရေးတပ်မတော်ကိုယ်စား စစ်သံမှူးက လိုအပ်သည့်စာရွက်စာတမ်းများနှင့်အတူ လွှဲပြောင်းပေးအပ်ရာ တိုင်းမှူးက လက်ခံရယူခဲ့ကြောင်းနှင့် ယင်းသို့ပေးအပ်လှူဒါန်းမှုကို ပြည်တွင်း ပြည်ပမီဒီယာများက  လာရောက်သတင်းရယူခဲ့ကြသည်။
    
ယင်းနောက် အဆိုပါဆေးပစ္စည်းများတင်ဆောင်လာသည့်လေယာဉ်သည် ည ၈ နာရီတွင် ပြန်လည်ထွက်ခွာရာ Covid-19 ရောဂါ ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာကိစ္စရပ်များနှင့်ပတ်သက်၍ မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးရန်အတွက် ရန်ကုန်မြို့သို့ရောက်ရှိ နေသည့်တရုတ်ပြည်သူ့လွတ်မြောက်ရေး တပ်မတော်မှ Dr. Bai Chong  ၊ ဦးဆောင်သည့် ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်(၆) ဦး ပြန်လည် လိုက်ပါသွားကြောင်း သိရသည်။
    
ပြန်လည်မထွက်ခွာမီ အဆိုပါ ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင်အဖွဲ့ခေါင်းဆောင် Dr. Bai Chong  နှင့်အဖွဲ့အား မြန်မာ့တပ်မတော်ကိုယ်စား ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) ဆေးဝန်ထမ်းညွှန်ကြားရေးမှူးရုံး၊ ညွှန်ကြားရေးမှူး ဗိုလ်ချုပ်စိုးဝင်းက Video Call  ဖြင့် ဆက်သွယ်၍ COVID-19  ရောဂါကာကွယ်ရေး၊ ထိန်ချုပ်ရေးနှင့်ကုသရေးလုပ်ငန်း များတွင် တပ်မတော်အနေဖြင့် နိုင်ငံတော်၏ ဆောင်ရွက်မှုအတွင်း လိုက်ပါဆောင်ရွက် နေခြင်းဖြစ်ပြီး ယခုကဲ့သို့ မြန်မာနိုင်ငံနှင့်မြန်မာ့တပ်မတော်၏ COVID-19 ရောဂါကာကွယ် ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးလုပ်ငန်းများတွင် လာရောက်ကူညီဆောင်ရွက်ပေးခဲ့မှုများ၊ တရုတ်နိုင်ငံနှင့် ဆေးတပ်ဖွဲ့အနေဖြင့် ရောဂါဖြစ်ပွားချိန်မှစ၍ အချိန်တိုအတွင်း အောင်အောင်မြင်မြင် ကုသထိန်းချုပ်နိုင်ခဲ့သော အတွေ့အကြုံကောင်းများကိုမျှဝေပေးခဲ့မှု နှင့် အထောက်အကူပြုဆေးပစ္စည်းများပေးပို့လှူဒါန်းမှုများအတွက် မြန်မာ့တပ်မတော်မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပြောကြားရာ တရုတ်ဆေးဘက်ဆိုင်ရာကျွမ်းကျင်ပညာရှင် အဖွဲ့ ခေါင်းဆောင်က မြန်မာနိုင်ငံသို့ရောက်ရှိနေစဉ်အတွင်း ဧည့်ဝတ်ကျေပွန်မှုများအတွက် ကျေးဇူးတင်ရှိပါကြောင်းဖြင့် အပြန်အလှန်ပြောကြားခဲ့ကြောင်း သိရှိရသည်။
    
အဆိုပါ တရုတ်ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်ဆေးအဖွဲ့သည် မြန်မာနိုင်ငံတွင် နှစ်ပတ်ကြာ နေထိုင်ခဲ့ပြီး COVID-19 ရောဂါနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရေး၊ ထိန်းချုပ်ရေးနှင့် ကုသရေးဆိုင်ရာကိစ္စရပ်များအား မြန်မာ့တပ်မတော်မှ ဆေးဘက်ဆိုင်ရာ ကျွမ်းကျင်ပညာရှင်များနှင့် အမြင်ချင်းဖလှယ်ဆွေးနွေးမှုများ ဆောင်ရွက်ခြင်းနှင့် ဆေးဘက် ဆိုင်ရာ ထောက်ပံ့ရေးပစ္စည်းများ လှူဒါန်းခြင်းများ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

(Zawgyi Version)


နေပြည်တော်၊ မေ - ၁၂
    
    
    
    
    

Recent News