ကရင္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈ ရပ္စဲေရးဆုိင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ (JMC-S) (၁၈) ႀကိမ္ေျမာက္ အစည္းအေဝး ျပဳလုပ္ 

 

ေနျပည္ေတာ္ ေအာက္တုိဘာ ၂၂ 

 

ကရင္ျပည္နယ္ ပစ္ခတ္တိုက္ခိုက္မႈရပ္စဲေရးဆုိင္ရာ ပူးတြဲ ေစာင့္ၾကည့္ေရးေကာ္မတီ (JMC-S) ၏ (၁၈)ႀကိမ္ေျမာက္အစည္း အေဝးကို ယေန႔နံနက္ပိုင္းတြင္ ကရင္ျပည္နယ္၊ ဘားအံၿမိဳ႕ရွိ ေကာ္မတီ႐ံုး အစည္းအေဝး ခန္းမ၌ ျပဳလုပ္ရာ ကရင္ျပည္နယ္ ပစ္ခတ္ တိုက္ခုိက္မႈ ရပ္စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ေရး ေကာ္မတီ ဥကၠ႒ အေရွ႕ေတာင္တိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးမိုးေအာင္၊ ဒုတိယဥကၠ႒မ်ား၊ ေကာ္မတီဝင္မ်ားႏွင့္ အရပ္သား ကိုယ္စားလွယ္မ်ား တက္ေရာက္ၾကသည္။ 

 

ဦးစြာ ေကာ္မတီဥကၠ႒ တိုင္းမွဴးက အဖြင့္အမွာစကားေျပာၾကား သည္။ ထို႔ေနာက္ ဒုတိယဥကၠ႒ႏွင့္ ေကာ္မတီဝင္မ်ားက ေကာ္မတီ ၏ လုပ္ငန္းတာဝန္မ်ားႏွင့္ ေဆာင္ရြက္သြားမည့္ အစီအမံမ်ားကို ေဆြးေႏြးၾကရာ တိုင္းမွဴးက လိုအပ္သည္မ်ား ညိႇႏိႈင္းေဆာင္ရြက္ေပးခဲ့ ေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

 

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ (JMC-S) (၁၈) ကြိမ်မြောက် အစည်းအဝေး ပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၂၂ 

ကရင်ပြည်နယ် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာ ပူးတွဲ စောင့်ကြည့်ရေးကော်မတီ (JMC-S) ၏ (၁၈)ကြိမ်မြောက်အစည်း အဝေးကို ယနေ့နံနက်ပိုင်းတွင် ကရင်ပြည်နယ်၊ ဘားအံမြို့ရှိ ကော်မတီရုံး အစည်းအဝေး ခန်းမ၌ ပြုလုပ်ရာ ကရင်ပြည်နယ် ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ ဥက္ကဋ္ဌ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးမိုးအောင်၊ ဒုတိယဥက္ကဋ္ဌများ၊ ကော်မတီဝင်များနှင့် အရပ်သား ကိုယ်စားလှယ်များ တက်ရောက်ကြသည်။ 

ဦးစွာ ကော်မတီဥက္ကဋ္ဌ တိုင်းမှူးက အဖွင့်အမှာစကားပြောကြား သည်။ ထို့နောက် ဒုတိယဥက္ကဋ္ဌနှင့် ကော်မတီဝင်များက ကော်မတီ ၏ လုပ်ငန်းတာဝန်များနှင့် ဆောင်ရွက်သွားမည့် အစီအမံများကို ဆွေးနွေးကြရာ တိုင်းမှူးက လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ ကြောင်း သတင်းရရှိသည်။

Recent News