မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၌ မီးလောင်မှုဖြစ်ပွား

နေပြည်တော်၊ မေ- ၁၉
    
မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ ၅၅ လမ်းနှင့် ၅၆ လမ်းကြား၊ အေးမေတ္တာလမ်းနှင့် အေးသုခလမ်းကြားရှိ ဦးမျိုးအောင်၏ နေအိမ်၌  ဝရိန်ဆော်၍ မီးပွားကျရာမှတစ်ဆင့် ယနေ့နံနက် ၁၁ နာရီ ၅၃ မိနစ်ခန့်တွင် မီးလောင်မှုစတင် ဖြစ်ပွားခဲ့သည်။
    
မီးလောင်မှုဖြစ်ပွားရာနေရာသို့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဝင်များနှင့် ဒေသခံပြည်သူများက မီးသတ် ယာဉ် ၂၅ စီး၊ ရေသယ်ယာဉ် ၁၀ စီး၊ အုပ်ချုပ်မှုယာဉ် ၃ စီးတို့ဖြင့် ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ရာ နေ့လယ် ၁၂ နာရီ ၂၅ မိနစ်ခန့်တွင် မီးငြိမ်းသွားခဲ့သည်။
    
အဆိုပါမီးလောင်မှုကြောင့် လူနှင့် တိရစ္ဆာန်ထိခိုက်ဒဏ်ရာ ရရှိမှုမရှိဘဲ နေအိမ် ၂၀ လုံး မီးလောင်ပျက်စီးခဲ့ရာ မီးပေါ့ဆစွာ သုံးစွဲသူ ဦးမျိုးအောင် အား စက်မှုနယ်မြေရဲစခန်းမှ အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

Recent News