နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာကျောင်းများ၌ စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ- ၁၉
    
နေပြည်တော်ကောင်စီနယ်မြေ၊ ဇေယျာသီရိမြို့နယ်အတွင်းရှိ အခြေခံပညာအထက် တန်းကျောင်း(ပြည်စံအောင်)၊ ပျဉ်းမနားမြို့နယ်၊ အခြေခံပညာအလယ်တန်းကျောင်း(မရမ်းခုံ)နှင့် အမှတ်(၂)အခြေခံပညာအလယ်တန်းကျောင်း(ဇေယျာသီရိ)တို့၌ တက်ရောက်ပညာသင် ကြားမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရေးနှင့် ကျောင်း ပတ်ဝန်းကျင်သာယာလှပရေးတို့အတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ကျောင်းဝန်းအတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း နှင့် ပိုးသတ်ဆေးဖျန်းခြင်းများကို စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News