COVID-19    ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌  ဆက်လက်ဆောင်ရွက်

COVID-19    ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီး၌  ဆက်လက်ဆောင်ရွက်

နေပြည်တော်၊ မေ - ၂၀

COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး အထောက်အကူဖြစ်စေရန် အတွက် တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးတွင် ဆေးအဖွဲ့များဖြင့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ ဆေးဖျန်းပေးခြင်းများအပါအဝင် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို နေ့စဉ် ဆောင်ရွက်ပေးလျက်ရှိသည်။
    
ယနေ့တွင်လည်း နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော် ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ ပုဗ္ဗသီရိမြို့နယ်နှင့် ဇေယျာသီရိမြို့နယ်တို့၌လည်းကောင်း၊  အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့၊ နမ္မတူမြို့၊ မိုင်းရယ်မြို့၊ ကွတ်ခိုင်မြို့နှင့် တန့်ယန်းမြို့တို့၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ဟိုပုံးမြို့၊ ရွှေညောင်မြို့၊ ရပ်စောက်မြို့၊ အောင်ပန်းမြို့၊ ကလောမြို့၊ ဟဲဟိုးမြို့၊ တီကျစ်မြို့၊ ပင်လောင်းမြို့၊ ဆီဆိုင်မြို့၊ ဘန်းယဉ်မြို့၊ ဖယ်ခုံမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့၊ ဒီးမော့ဆိုမြို့၊ ဖရူဆိုမြို့၊ ဘောလခဲမြို့နှင့် ဖားဆောင်းမြို့ တို့၌လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လဲချားမြို့၊ ကျေးသီးမြို့၊ မိုင်းပန်မြို့၊ လင်းခေးမြို့၊ ခိုလမ်မြို့နှင့် ကာလိမြို့(ဝိန်နန်းကျေးရွာ) တို့၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ တာချီလိတ်မြို့၊ မိုင်းဆတ်မြို့၊ မိုင်းခတ်မြို့နှင့် မိုင်းယန်းမြို့တို့၌လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ မော်လမြိုင်မြို့၊ ကျိုက်ထိုမြို့၊ သထုံမြို့နှင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မြိုင်ကလေးမြို့နှင့် ဘားအံမြို့တို့၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ် အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ကလိန်အောင်မြို့၊ ရေဖြူမြို့၊ သရက်ချောင်းမြို၊ မြိတ်မြို့၊ ကျွန်းစုမြို့နှင့် ဘုတ်ပြင်းမြို့တို့၌လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်း ဒေသကြီး၊ မရမ်းကုန်းမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်၊ မှော်ဘီမြို့နယ်၊ တိုက်ကြီးမြို့နယ်၊ လှည်းကူးမြို့နယ်၊ ဒလမြို့နယ်၊ ကြည့်မြင်တိုင်မြို့နယ်၊ မင်္ဂလာဒုံမြို့နယ်၊ သန်လျင်မြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ်တို့၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီ တိုင်းဒေသကြီး၊ ပုသိမ်မြို့၊ ဖျာပုံမြို့နှင့် မြောင်းမြမြို့တို့၌လည်းကောင်း၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ရခိုင်ပြည်နယ်၊ ဂွမြို့၌လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ် အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ ရွှေဘိုမြို့၊ ကလေးမြို့၊ ဟုမ္မလင်းမြို့နှင့် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊ ပခုက္ကူမြို့နှင့် ချင်းပြည်နယ်၊ ဖလမ်းမြို့တို့၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့၊ မိတ္ထီလာမြို့နယ်၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်နှင့် သရက်မြို့နယ်တို့၌လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရွှေကျင်မြို့၊ ကျောက်ကြီးမြို့၊ ဘုရားကြီးမြို့၊ ပြည်မြို့၊ ပန်းတောင်းမြို့၊ အုတ်ဖိုမြို့နှင့် ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့တို့၌လည်းကောင်း ဆေးအဖွဲ့များက ထေရ်ကြီးဝါကြီး ဆရာတော်ကြီးများ၊ သံဃာတော်များ၊ သာသနာ နွယ်ဝင်သီလရှင်များ၊ အခြားဘာသာရေး ခေါင်းဆောင်များနှင့် ဘာသာရေးအဖွဲ့ဝင်များ၊ နိုင်ငံ့ဝန်ထမ်းများနှင့် မိသားစုဝင်များ၊ စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများ၊ မသန်စွမ်းသူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများ၊ မိဘမဲ့ကျောင်းများမှ ကလေးငယ်များ၊ ပရဟိတစေတနာ့ဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို COVID-19   ရောဂါ နှင့်ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေးစစ်ဆေး ပေးခြင်း၊ အပူချိန်တိုင်းတာပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်း၊ စနစ်တကျ လက်ဆေးနည်းနှင့် Face Mask  အသုံးပြုနည်း တို့ကို သရုပ်ပြသခြင်း၊ လက်ကမ်းစာစောင်များ၊ စားသောက်ဖွယ်ရာများ၊ ရေမလိုလက်သန့် ဆေးရည်များ၊ Face Mask များနှင့်Hand Gel များဖြန့်ဝေပေးခြင်း၊ အသံချဲ့စက်ဖြင့် ကျန်းမာရေးအသိပညာပေးခြင်းများကို ဆောင်ရွက် ပေးကြပြီး မြို့နယ်အသီးသီးရှိ အများပြည်သူ အသုံးပြုသောနေရာများ၌ မီးသတ်တပ်ဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ဆေးဖျန်းယာဉ်များ၊ မီးသတ်ယာဉ်များ၊ ရေသယ်ယာဉ်များဖြင့် ပိုးသတ်ဆေး ဖျန်းခြင်းများ ဆောင်ရွက်ပေးကြသည်။ 

ထိုသို့ဆောင်ရွက်နေမှုများ၊ တပ်မတော်ဆေးရုံ၌ ဆေးရုံတက်ရောက်ကုသမှုခံယူနေသူများနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ သီးသန့် စောင့်ကြည့်ရမည့်သူများ ထားရှိသည့်နေရာများသို့ တိုင်းမှူးများနှင့် တာဝန်ရှိသူများက လိုက်လံကြည့်ရှုကြသည်။
    
ထို့ပြင် ဘုန်းတော်ကြီးကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများ၊ ပရဟိတကျောင်းများနှင့် ဘိုးဘွားရိပ်သာများအတွက် ဆန်၊ ဆီ၊ စားသောက်ဖွယ်ရာများနှင့် လှူဖွယ်ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်းသတင်းရရှိသည်။    

 

Recent News