က်ဳိင္းတံုၿမိဳ႔၊ ပန္ကြဲေတာင္၊ ဗုဒၶဥယ်ာဥ္တြင္ တည္ထားကိုးကြယ္ေတာ္မူသည့္ အဘယလာဘမုနိ ႐ုပ္ပြားေတာ္ျမတ္ႀကီး၌ ဆီမီးပူေဇာ္ပြဲျပဳလုပ္

 

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၄

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ က်ဳိင္းတံုၿမိဳ႕၊ ပန္ကြဲေတာင္ရွိ ဗုဒၶဥယ်ာဥ္တြင္ တည္ထား ကိုးကြယ္ေတာ္မူသည့္ အဘယလာဘမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီး၌ ဆီမီးပူေဇာ္ျခင္းကို ေအာက္တိုဘာ ၂၃ ရက္ညပိုင္းတြင္ ျပဳလုပ္ရာ ႀတိဂံေဒသတိုင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴးဗိုလ္ခ်ဳပ္ခင္လိႈင္ႏွင့္အဖြဲ႕၀င္မ်ား၊ မိသားစု၀င္မ်ားႏွင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ားတက္ေရာက္ၾကသည္။

ဦးစြာ တုိင္းမွဴးႏွင့္တက္ေရာက္လာၾကသူမ်ားက သီလဓမၼေတာရေက်ာင္းဆရာေတာ္ ဘဒၵႏၲေကာ၀ိဒ ထံမွ ငါးပါးသီလခံယူၾကသည္။ ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖြဲ႕၀င္မ်ားက သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ားဆက္ကပ္ၿပီး ေဒသခံတုိင္းရင္းသားျပည္သူမ်ားအား ေစာင္မ်ားေပးအပ္သည္။

ယင္းေနာက္ သံဃာေတာ္မ်ားဦးေဆာင္ၿပီး အဘယလာဘမုနိ႐ုပ္ပြားေတာ္ျမတ္ႀကီးအား လက္ယာရစ္လွည့္လည္၍ ေမတၱသုတ္ရြတ္ဖတ္ပူေဇာ္ၾကၿပီး သတ္မွတ္ေနရာအသီးသီး၌ ဆီမီးမ်ားပူေဇာ္ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

(Unicode Version)

ကျိုင်းတုံမြို့၊ ပန်ကွဲတောင်၊ ဗုဒ္ဓဥယျာဉ်တွင် တည်ထားကိုးကွယ်တော်မူသည့် အဘယလာဘမုနိ ရုပ်ပွားတော်မြတ်ကြီး၌ ဆီမီးပူဇော်ပွဲပြုလုပ်

နေပြည်တော် အောက်တိုဘာ ၂၄

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ပန်ကွဲတောင်ရှိ ဗုဒ္ဓဥယျာဉ်တွင် တည်ထား ကိုးကွယ်တော်မူသည့် အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီး၌ ဆီမီးပူဇော်ခြင်းကို အောက်တိုဘာ ၂၃ ရက်ညပိုင်းတွင် ပြုလုပ်ရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူးဗိုလ်ချုပ်ခင်လှိုင်နှင့်အဖွဲ့ဝင်များ၊ မိသားစုဝင်များနှင့် ဒေသခံတိုင်းရင်းသားပြည်သူများတက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးနှင့်တက်ရောက်လာကြသူများက သီလဓမ္မတောရကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒ ထံမှ ငါးပါးသီလခံယူကြသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများဆက်ကပ်ပြီး ဒေသခံတိုင်းရင်းသားပြည်သူများအား စောင်များပေးအပ်သည်။

ယင်းနောက် သံဃာတော်များဦးဆောင်ပြီး အဘယလာဘမုနိရုပ်ပွားတော်မြတ်ကြီးအား လက်ယာရစ်လှည့်လည်၍ မေတ္တသုတ်ရွတ်ဖတ်ပူဇော်ကြပြီး သတ်မှတ်နေရာအသီးသီး၌ ဆီမီးများပူဇော်ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News