ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက်ဆေးကုသမှုခံယူသူများအား ကြည့်ရှုအားပေး

ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက်ဆေးကုသမှုခံယူသူများအား ကြည့်ရှုအားပေး

နေပြည်တော်၊ မေ- ၂၂
    
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့ရှိ နယ်မြေခံဆေးတပ်ရင်း၌ တက်ရောက် ဆေးကုသမှုခံယူလျက်ရှိသော အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ဒေသခံတိုင်းရင်းသား ပြည်သူများကို ယနေ့ နံနက်ပိုင်းတွင် အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သန်းလှိုင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှု၍တစ်ဦးချင်း၏ရောဂါဖြစ်ပွားမှု၊ ဆေးဝါး ကုသပေးထား မှုနှင့် ကျန်းမာရေးတိုးတက်မှုအခြေအနေများကို ရင်းရင်းနှီးနှီးမေးမြန်းအား ပေးစကားပြောကြားပြီး စားသောက်ဖွယ်ရာများပေးအပ်သည်။
    
ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ဆေးရုံအတွင်းလှည့်လည်ကြည့်ရှု၍ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News