COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သီးနှံများရောင်းချရန်အခက်အခဲဖြစ်ပေါ်နေသည့် တောင်သူများထံမှ တပ်မတော်သားများက စိုက်ခင်းများအရောက် သွားရောက်ဝယ်ယူ

COVID-19 ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း သီးနှံများရောင်းချရန်အခက်အခဲဖြစ်ပေါ်နေသည့် တောင်သူများထံမှ တပ်မတော်သားများက စိုက်ခင်းများအရောက် သွားရောက်ဝယ်ယူ

နေပြည်တော်၊ မေ- ၂၂
    
ကမ္ဘာ့ကပ်ရောဂါ COVID-19 ဖြစ်ပွားမှုကြောင့် သွားလာမှုများ ရပ်ဆိုင်းကာ သီးနှံများဝယ်ယူသူနည်းပါးပြီး ဒေသခံတောင်သူများအနေဖြင့် ရောင်းချရန် အခက်အခဲဖြစ် ပေါ်လျက်ရှိခြင်းကြောင့် သီးနှံများ ပျက်စီးဆုံးရှုံးနိုင်သည့် အခြေအနေများဖြစ်ပေါ်ခဲ့သည်။ 
    
ထိုသို့အခက်အခဲဖြစ်ပေါ်နေသော မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ဆင်ဖြူ အင်းကျေးရွာနှင့်အုတ်ဖိုကျေးရွာဒေသတစ်ဝိုက်တို့ရှိ ဒေသခံတောင်သူများ စိုက်ပျိုးထားသည့် ဂေါ်ဖီသီးနှံစိုက်ခင်းများသို့ ယနေ့နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပြင်ဦးလွင် တပ်နယ်မှ တပ်မတော်သားများက  စိုက်ခင်းများသို့အရောက် ဒေသခံတောင်သူများ ရောင်းချ နိုင်သည့်ဈေးနှုန်းများဖြင့် ဂေါ်ဖီထုပ် တစ်သိန်းထုပ်အား သွားရောက်ဝယ်ယူပေးခဲ့သည်။
    
အဆိုပါတောင်သူများထံမှ ဝယ်ယူခဲ့သော ဂေါ်ဖီထုပ်များကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်နယ်များသို့ဖြန့်ဝေကာ ဒေသခံပြည်သူများနှင့်ဌာနဆိုင်ရာများကို သက်သာ သောဈေးနှုန်းဖြင့် ရောင်းချပေးခဲ့သည်။ ၎င်းအပြင် ဂေါ်ဖီထုပ်များကို တိုင်းစစ်ဌာနချုပ်၊ စိုက်ပျိုးမွေးမြူရေးစခန်းမှ ထွက်ရှိသော ကြက်ဥ ၆၀၀၀ လုံးနှင့်အတူ  မန္တလေးမြို့၊ ကန်သာယာ ဈေးနှင့်ကမ်းနားလမ်းဈေးတို့၌ နယ်မြေခံတပ်မတော်သားများက ဒေသခံပြည်သူများနှင့်ဌာန ဆိုင်ရာဝန်ထမ်းများသို့ ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့ ကြောင်း သတင်းရရှိသည်။  

Recent News