"ဝ"တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေး

"ဝ"တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများအား COVID-19 ရောဂါနှင့်ပတ်သက်၍ ကျန်းမာရေးစစ်ဆေးပေး

နေပြည်တော်၊ မေ- ၂၂
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်အတွင်း ရောက်ရှိနေသော တြိဂံဒေသ တိုင်းစစ်ဌာနချုပ်မှ ဆေးအဖွဲ့များသည် ယနေ့တွင် ယောင်ခတိုက်နယ်ဆေးရုံ၌ UWSA   "ဝ" တပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ ဒေသခံတိုင်းရင်းသားပြည်သူများကို ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ECG စက်ဖြင့် ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ အထွေထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ဆေးရုံ အဆောက်အဦအတွင်း၊ အပြင်နှင့် နေအိမ်များ၊ ဘာသာရေးအဆောက်အဦများအား ပိုးသတ် ဆေးဖျန်းပေးခြင်း၊ COVID-19  ရောဂါကာကွယ်ရေးဆိုင်ရာလက်ကမ်းစာစောင်များ ဖြန့်ေ၀ ပေးခြင်းနှင့် ဆေးရုံတက်လူနာများအား ကြက်ဥ၊ နွားနို့၊ ပေါင်မုန့် စသည့် အာဟာရဖြည့် စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News