ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ အတွက် မြန်မာတော်ဝင်အနွယ်တော်များ အစည်းအရုံးက အလှူငွေများပေးအပ်လှူဒါန်း

ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ အတွက် မြန်မာတော်ဝင်အနွယ်တော်များ အစည်းအရုံးက အလှူငွေများပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ- ၂၂
    
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့တွင် နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို သက်စွန့်ကြိုးပမ်းထမ်းဆောင်နေကြသော တပ်မတော်သားများအတွက် မြန်မာတော်ဝင်အနွယ် တော်များအစည်းအရုံး (Myanmar Royal Descendants Association- MRDA) က အလှူငွေများပေးအပ်လှူဒါန်းခြင်းကို ယနေ့နေ့လယ်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်ကြီးအောင်ဧည့်ရိပ်သာ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုဦးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များ တက်ရောက်ကြသည်။
    
ဦးစွာ မြန်မာတော်ဝင်အနွယ်တော်များအစည်းအရုံးမှ တာဝန်ရှိသူတစ်ဦးက အလှူငွေပေးအပ်လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ 

ထို့နောက် တပ်မတော်သားများအတွက် အလှူငွေကျပ်သိန်း ၁၀၀ ကိုပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ပြီး ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News