စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

စာသင်ကျောင်းများ၌ သန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော်၊ မေ- ၂၂
    
နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း၊ လယ်ဝေးမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း(သပြေပင်)နှင့် ပုဗ္ဗသီရိမြို့နယ်ရှိ အမှတ်(၁၃)အခြေခံပညာအထက်တန်းကျောင်းတို့၌ တက်ရောက်ပညာ သင်ကြားကြမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာသင်ကြားနိုင်ရန်နှင့် ကျောင်းပတ်ဝန်းကျင် သာယာလှပရေးအတွက် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်တိုင်း စစ်ဌာနချုပ်ရှိ နယ်မြေခံတပ်မတော်သားများက ကျောင်းဝန်းအတွင်း၊အပြင်ရှိ ချုံနွယ် ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပိုးသတ်ဆေးဖျန်းခြင်းများအား ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News