ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက်ကုသ နေသော လူနာများအား ဖြည့်စွက်အာဟာရများ ပေးအပ်လှူဒါန်း

ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်နေသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံ တက်ရောက်ကုသ နေသော လူနာများအား ဖြည့်စွက်အာဟာရများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ -  ၂၂

Coronavirus Disease 2019 (COVID-19)  ရောဂါ ကူးစက်ပြန့်ပွားမှုကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ရေး လုပ်ငန်းများကို တပ်မတော်အနေဖြင့် အင်တိုက်အားတိုက် ပါဝင်ကူညီဆောင်ရွက်လျက်ရှိပြီး မြို့နယ်အသီးသီးရှိ ပြည်သူ့ဆေးရုံများတွင် အသုံးပြုနိုင်ရန် အတွက် ဆေးရုံသုံးပစ္စည်းများကို ပေးပို့လှူဒါန်းလျက်ရှိသည်။

ထို့ပြင် ပြည်သူ့ဆေးရုံများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများနှင့် ဆေးရုံတက် ရောက်ကုသ မှုခံယူလျက်ရှိသော ပြည်သူများ အာဟာရပြည့်ဝကာ ကျန်းမာစေရန်အတွက် အာဟာရဖြည့် စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းလျက်ရှိသည်။

ထိုသို့လှူဒါန်းရာတွင် မေ ၁၅ ရက်မှ ၂၁ ရက်အထိ တိုင်းစစ်ဌာနချုပ်နယ်မြေ အသီးသီးရှိ ပြည်သူ့ဆေးရုံစုစုပေါင်း ၃၀၁ ရုံတွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းနှင့် ဆေးရုံတက်ရောက်ကုသလျက် ရှိသောလူနာ စုစုပေါင်းအင်အား  ၁၈၆၃၄ ဦးတို့ကို ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ ကြက်သားဆန်ပြုတ်၊ ငါးဆန်ပြုတ်၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်)နှင့် အခြားအာဟာရဖြည့်စား သောက်ဖွယ်ရာများ (စုစုပေါင်းငွေကျပ် ၉၇ သိန်းကျော်တန်ဖိုး)ရှိ အာဟာရဖြည့်အစားအစာများ ပေးအပ်လှူ ဒါန်းခဲ့ကြောင်း သတင်းရရှိသည်။

Recent News