မူဆယ်မြို့နယ်၊ ရွှေလီမြစ်အနီး၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

မူဆယ်မြို့နယ်၊ ရွှေလီမြစ်အနီး၌ လက်နက်၊ ခဲယမ်းများ သိမ်းဆည်းရမိ

နေပြည်တော် ၊  မေ - ၂၃
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ယနေ့နေ့လယ် ၁ နာရီ ၄၅ မိနစ်တွင် နောင်မွန်ကျေးရွာ၏ အနောက်မြောက်ဘက် မီတာ ၁၀၀၀ ခန့်အကွာ ရွှေလီမြစ် အနီးသွားရောက်စစ်ဆေးရာ ချုံပုတ်အတွင်း၌ အမ်-၁၆ သေနတ် ၂ လက်၊ ၎င်းင်းကျည်အိမ် ၂ ခု၊ အမ်- ၂၀ ပါရာပစ္စတို ၁ လက်၊ ၎င်းကျည်အိမ် ၁ ခုနှင့် ၎င်းကျည် ၂ တောင့်တို့ကို  သိမ်းဆည်းရမိခဲ့သည်။
    
အဆိုပါ  သိမ်းဆည်းရမိ လက်နက်၊ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News