နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ၊  မေ - ၂၃
    
နေပြည်တော်ကောင်စီနယ်မြေ၊  တပ်ကုန်းမြို့နယ်၊ အခြေခံပညာအလယ်တန်း ကျောင်း(သပြေချောင်း)၊ ပျဉ်းမနားမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း (သပြေပင်)၊ ဥတ္တရသီရိမြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(တောင်ညို)တို့တွင် ကျောင်းဖွင့်ချိန်တွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာပျော်ရွှင်စွာ ပညာ  သင်ကြားနိုင်ရေးနှင့် ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးတို့အတွက် ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများက ကျောင်း များ အတွင်း၊ အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခန်းများအတွင်း သန့်ရှင်းရေး လုပ်ငန်းဆောင်ရွက်ခြင်းနှင့် ပိုးသတ်ဆေးဖျန်း ခြင်းလုပ်ငန်းများ စုပေါင်းဆောင်ရွက်ပေး ခဲ့ကြောင်း သတင်းရရှိသည်။

Recent News