မင်္ဂလာဒုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

 

မင်္ဂလာဒုံမြို့နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ၊  မေ - ၂၃
    
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ဈေးရပ်ကွက်ရှိ အမှတ်(၂)အခြေခံပညာ  အထက်တန်းကျောင်း(အောင်ဆန်းသူရိယလှသောင်းကျောင်း)၏ အတွင်းအပြင်သန့်ရှင်း သာယာမှုရှိစေရေးနှင့် ကျောင်းဖွင့်ချိန်တွင် ကျောင်းသား၊ ကျောင်းသူများ ကောင်းမွန်စွာ ပညာသင်ကြားနိုင်ရေးအတွက် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ မင်္ဂလာဒုံ တပ်နယ်မှ နယ်မြေခံတပ်မတော်သားများက ကျောင်းဝန်းအတွင်းအပြင်ရှိ အမှိုက်များ ရှင်းလင်းခြင်း၊ စာသင်ခုံများ နေရာချထားပေးခြင်း၊ ပျက်စီးနေသာ စာသင်ခုံများ ပြန်လည် ပြုပြင်ပေးခြင်း၊ ပိုးသတ်ဆေးဖျန်းခြင်းနှင့် ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း စသည့် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News