အမ်းမြို့နှင့် တောင်ကုတ်မြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

 

အမ်းမြို့နှင့် တောင်ကုတ်မြို့တို့ရှိ အခြေခံပညာအထက်တန်းကျောင်းများ၌ စုပေါင်း သန့်ရှင်းရေးဆောင်ရွက်

နေပြည်တော် ၊  မေ - ၂၃
    
ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းနှင့် တောင်ကုတ်မြို့ရှိ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်းတို့ရှိ ကျောင်းပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေးတို့အတွက် ယနေ့နံနက်ပိုင်းတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံတပ်မတော်သားများက ကျောင်းဝင်းများအတွင်း အပြင်ရှိ ချုံနွယ်ပေါင်းမြက်များ ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရန် ရေနုတ် မြောင်းများ တူးဖော်ပေးခြင်း၊ စာသင်ဆောင်များ၊ ရုံးခန်းများနှင့် မလွတ်ကင်းသည့်  သစ်ကိုင်းများအား ခုတ်ထွင်ဖယ်ရှားခြင်းများအား စုပေါင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News