နေရပ်ပြန်အလုပ်သမားများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေရပ်ပြန်အလုပ်သမားများအား ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်

နေပြည်တော် ၊  မေ - ၂၃
    
COVID-19  ရောဂါကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက် နေသည့် ကာလအတွင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းလားနယ်မြေ အထူးဒေသ(၄)၊ နမ့်ပန်းဒေသတွင် Community  Based  Facility  Quarantine   ၂၁ ရက် ထားရှိပြီး ဖြစ်သော မြန်မာနိုင်ငံသား ရွှေ့ပြောင်းလုပ်သား အမျိုးသား ၃၉ ဦးနှင့် အမျိုးသမီး ၆၉ ဦးတို့သည် ယနေ့တွင် ၎င်းင်းတို့၏ နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် မိုင်းယု- မိုင်းယောင်း-မိုင်းဖြတ်-ကျိုင်းတုံ-တောင်ကြီးလမ်းကြောင်းအတိုင်း ပြန်လည်ထွက်ခွာကြသည်။ 

အဆိုပါနေရပ်ပြန်အလုပ်သမားများအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ တပ်မတော်သားများနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက မိုင်းယောင်းမြို့၊ စစ်ဆေးရေးဂိတ်၌ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ရေသန့်ဘူးနှင့် စားသောက်ဖွယ်ရာများ ဖြန့်ဝေပေးပြီး လိုအပ်သော ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News