မူဆယ်မြို့နယ်၊ နောင်မွန်ကျေးရွာ၌ လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

 

မူဆယ်မြို့နယ်၊ နောင်မွန်ကျေးရွာ၌  လက်နက်၊ ခဲယမ်းများ ဖမ်းဆီးရမိ

နေပြည်တော် ၊  မေ - ၂၅
    
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် မေ ၂၄ ရက် ည ၇ နာရီခွဲခန့်တွင် နောင်မွန်ကျေးရွာနေ စိုင်းဟန်မြင့်(ဘ)ဦးအိုက်လျှံ ၏ နေအိမ်အား သတင်းအရ ဝင်ရောက် ရှာဖွေရာ ၎င်းကို  ပစ္စတို ၃ လက်၊ ၎င်းကျည်အိမ် ၄ ခု၊  ၉ မမကျည် ၂၇ တောင့်တို့နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ  ဖမ်းဆီးရမိသူနှင့်  လက်နက်၊ခဲယမ်းများအား လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

 

Recent News