COVID-19  ရောဂါကူးစက်ပြန့်ပွားမှုကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်း များတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာနိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက အလှူငွေနှင့် ကာကွယ်ရေးပစ္စည်းများ ပေးအပ်လှူဒါန်း

နေပြည်တော်၊ မေ- ၂၅
    
တပ်မတော်က ဆောင်ရွက်လျက်ရှိသော COVID-19  ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် မြန်မာ နိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းက အလှူငွေနှင့်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို ယနေ့ ညနေပိုင်းတွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် သက်ပုံနှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်း ဥက္ကဋ္ဌ ဒေါ်ချောချောအေးနှင့်အဖွဲ့ဝင်များ တက်ရောက် ကြသည်။
    
ဦးစွာ မြန်မာနိုင်ငံကိုးကန့်လူမှုဖွံ့ဖြိုးရေးအသင်းမှ အဖွဲ့ဝင် တစ်ဦးက လှူဒါန်းရခြင်း နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး COVID-19  ရောဂါကူးစက်ပြန့်ပွားမှု ကာကွယ် တားဆီးရေးနှင့် ထိန်းချုပ်ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေ ကျပ်သိန်း ၂၀၀ နှင့် Surgical  Mask ၅၀၀၀၀ ခုတို့အား ပေးအပ်လှူဒါန်းရာ တိုင်းမှူးက လက်ခံရယူပြီး ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။

Recent News