ေရႊက်င္ၿမိဳ႕၏ (၁၆၇)ႏွစ္ေျမာက္ မီးေမွ်ာပူေဇာ္ပြဲျပဳလုပ္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၆ 

 

ပဲခူးတိုင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕၏ (၁၆၇) ႏွစ္ေျမာက္ မီးေမွ်ာပူေဇာ္ပြဲကို ေအာက္တို ဘာ ၂၅ ရက္ နံနက္ပိုင္းတြင္ ေရႊက်င္ၿမိဳ႕၊ ပ်ဥ္းမပင္ရပ္ကြက္၊ ေရႊက်င္ေခ်ာင္းအတြင္း၌ ျပဳလုပ္ရာ ေတာင္ပိုင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္အဖြဲ႕ဝင္မ်ား၊ ဌာန ဆိုင္ရာတာဝန္ရွိသူမ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေဒသခံတုိင္းရင္းသားျပည္သူမ်ား တက္ေရာက္ ၾကသည္။ 

 

ဦးစြာ တုိင္းမွဴးႏွင့္တာဝန္ရွိသူမ်ားက မီးေမွ်ာပူေဇာ္ပြဲကို ဖဲႀကိဳးျဖတ္ဖြင့္လွစ္ေပးၿပီး တက္ေရာက္လာၾကသူမ်ားႏွင့္အတူ ယိမ္းအကအလွအဖဲြ႕မ်ား၏ ေဖ်ာ္ေျဖတင္ဆက္မႈ မ်ား၊ ေလွာ္ကားေတာ္ႀကီး ေလွအဖြဲ႕၏ တက္ ေရးျပေဖ်ာ္ေျဖျခင္းမ်ား၊ ယိမ္းအဖြဲ႕ၿပိဳင္ပြဲမ်ား၊ ေလွအဖြဲ႕မ်ား၏ တက္ခုတ္၊ တက္ပ်ံယိမ္း ၿပိဳင္ပြဲမ်ားကို ၾကည့္႐ႈအားေပးၾကသည္။ 

 

ထုိ႔ေနာက္ ဆုေပးပြဲကို ဆက္လက္ျပဳလုပ္ရာ ယိမ္းအဖြဲ႕ၿပိဳင္ပြဲအသီးသီးတြင္ ဆုရရွိၾက သည့္အဖြဲ႕မ်ားအား တုိင္းမွဴးႏွင့္အဖဲြ႕ဝင္မ်ား က ဂုဏ္ျပဳဆုမ်ား အသီးသီးေပးအပ္ၾကသည္။ေရႊက်င္ၿမိဳ႕၏ (၁၆၇)ႏွစ္ေျမာက္ ႐ိုးရာမီးေမွ်ာ ပူေဇာ္ပြဲတြင္ ယိမ္းအဖြဲ႕ ငါးဖြဲ႕၊ တက္ခုတ္ယိမ္း အဖြဲ႕ ေလးဖြဲ႕ႏွင့္ တက္ပ်ံယိမ္းအဖြဲ႕ ေလးဖြဲ႕ တုိ႔ ပါဝင္ယွဥ္ၿပိဳင္ၾကသည္။ ညပိုင္းတြင္ အရွင္ဥပဂုတၱမေထရ္ျမတ္အား ေရႊက်င္ေခ်ာင္းအတြင္း လွည့္လည္အပူေဇာ္ခံ ၿပီး ေရာင္စံုမီးၾကာခြက္မ်ားကို မီးေမွ်ာပူေဇာ္ ခဲ့ၾကေၾကာင္း သတင္းရရွိသည္။

 

(Unicode Version)

 

ရွှေကျင်မြို့၏ (၁၆၇)နှစ်မြောက် မီးမျှောပူဇော်ပွဲပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၂၆ 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၏ (၁၆၇) နှစ်မြောက် မီးမျှောပူဇော်ပွဲကို အောက်တို ဘာ ၂၅ ရက် နံနက်ပိုင်းတွင် ရွှေကျင်မြို့၊ ပျဉ်းမပင်ရပ်ကွက်၊ ရွှေကျင်ချောင်းအတွင်း၌ ပြုလုပ်ရာ တောင်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများနှင့် ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက် ကြသည်။ 

ဦးစွာ တိုင်းမှူးနှင့်တာဝန်ရှိသူများက မီးမျှောပူဇော်ပွဲကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး တက်ရောက်လာကြသူများနှင့်အတူ ယိမ်းအကအလှအဖွဲ့များ၏ ဖျော်ဖြေတင်ဆက်မှု များ၊ လှော်ကားတော်ကြီး လှေအဖွဲ့၏ တက် ရေးပြဖျော်ဖြေခြင်းများ၊ ယိမ်းအဖွဲ့ပြိုင်ပွဲများ၊ လှေအဖွဲ့များ၏ တက်ခုတ်၊ တက်ပျံယိမ်း ပြိုင်ပွဲများကို ကြည့်ရှုအားပေးကြသည်။ 

ထို့နောက် ဆုပေးပွဲကို ဆက်လက်ပြုလုပ်ရာ ယိမ်းအဖွဲ့ပြိုင်ပွဲအသီးသီးတွင် ဆုရရှိကြ သည့်အဖွဲ့များအား တိုင်းမှူးနှင့်အဖွဲ့ဝင်များ က ဂုဏ်ပြုဆုများ အသီးသီးပေးအပ်ကြသည်။ရွှေကျင်မြို့၏ (၁၆၇)နှစ်မြောက် ရိုးရာမီးမျှော ပူဇော်ပွဲတွင် ယိမ်းအဖွဲ့ ငါးဖွဲ့၊ တက်ခုတ်ယိမ်း အဖွဲ့ လေးဖွဲ့နှင့် တက်ပျံယိမ်းအဖွဲ့ လေးဖွဲ့ တို့ ပါဝင်ယှဉ်ပြိုင်ကြသည်။ ညပိုင်းတွင် အရှင်ဥပဂုတ္တမထေရ်မြတ်အား ရွှေကျင်ချောင်းအတွင်း လှည့်လည်အပူဇော်ခံ ပြီး ရောင်စုံမီးကြာခွက်များကို မီးမျှောပူဇော် ခဲ့ကြကြောင်း သတင်းရရှိသည်။

Recent News