ေအာင္ေျမသာစံၿမိဳ႕နယ္ရွိ မဟာေလာကမာရဇိန္ ကုသုိလ္ေတာ္ဘုရား၏ အႀကိမ္(၁၃ဝ)ေျမာက္ ဗုဒၶပူဇနိယဘုရားပြဲေတာ္ႏွင့္ ဆြမ္းသပိတ္ ေလာင္းလွဴပူေဇာ္ပြဲ ျပဳလုပ္ 

ေနျပည္ေတာ္ ေအာက္တုိဘာ ၂၆ 

 

မႏၲေလးတုိင္းေဒသႀကီး၊ ေအာင္ေျမသာစံ ၿမိဳ႕နယ္ရွိ မဟာေလာကမာရဇိန္ ကုသုိလ္ေတာ္ ဘုရား၏ အႀကိမ္(၁၃ဝ)ေျမာက္ ဗုဒၶပူဇနိယ ဘုရားပြဲေတာ္ႏွင့္ ဆြမ္းသပိတ္ ၃၂ဝ၁ လံုး ေလာင္းလွဴပူေဇာ္ပြဲကို ယေန႔နံနက္ပုိင္းတြင္ အဆုိပါ ဘုရားရင္ျပင္ေတာ္၌ ျပဳလုပ္ရာ မႏၲ ေလးၿမိဳ႕ ေက်ာင္းထုိင္ဘုန္းႀကီးသင္တန္းေက်ာင္း၊ ေက်ာင္းအုပ္ဆရာေတာ္ အဂၢမဟာ ပ႑ိတ ဘဒၵႏၲေကသဝအမွဴးျပဳေသာ သံဃာ ေတာ္မ်ားၾကြ ေရာက္ေတာ္မူၾကသည္။ 

 

ဦးစြာ အလယ္ပုိင္းတုိင္းစစ္ဌာနခ်ဳပ္ တုိင္းမွဴး ဗိုလ္မွဴးခ်ဳပ္ေက်ာ္စြာလင္းႏွင့္ အဖြဲ႕ဝင္မ်ား၊ အလွဴရွင္မ်ားက သံဃာေတာ္ မ်ားအား ဆြမ္းသပိတ္ ဆက္ကပ္ေလာင္းလွဴ ၾကသည္။ 

 

ထုိ႔ေနာက္ တုိင္းမွဴးႏွင့္တက္ေရာက္ လာၾကသူမ်ားက ေက်ာင္းထုိင္ဘုန္းႀကီး သင္တန္းေက်ာင္း၊ ေက်ာင္းအုပ္ဆရာေတာ္ ႀကီးထံမွ ငါးပါးသီလခံယူေဆာက္တည္ၾက ၿပီး သံဃာေတာ္မ်ားထံမွ ေမတၱသုတ္ႏွင့္ အႏၲရာယ္ကင္း ပရိတ္တရားေတာ္မ်ား နာယူ ၾကသည္။ ယင္းေနာက္ တုိင္းမွဴးႏွင့္အလွဴရွင္မ်ားက သံဃာေတာ္မ်ားအား လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းၿပီး လွဴဒါန္းမႈအစုစုအတြက္ ေရစက္သြန္းခ်အမွ်ေပးေဝခဲ့ေၾကာင္း သတင္း ရရွိသည္။

 

(Unicode Version)

 

အောင်မြေသာစံမြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော်ဘုရား၏ အကြိမ်(၁၃ဝ)မြောက် ဗုဒ္ဓပူဇနိယဘုရားပွဲတော်နှင့် ဆွမ်းသပိတ် လောင်းလှူပူဇော်ပွဲ ပြုလုပ် 

နေပြည်တော် အောက်တိုဘာ ၂၆ 

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံ မြို့နယ်ရှိ မဟာလောကမာရဇိန် ကုသိုလ်တော် ဘုရား၏ အကြိမ်(၁၃ဝ)မြောက် ဗုဒ္ဓပူဇနိယ ဘုရားပွဲတော်နှင့် ဆွမ်းသပိတ် ၃၂ဝ၁ လုံး လောင်းလှူပူဇော်ပွဲကို ယနေ့နံနက်ပိုင်းတွင် အဆိုပါ ဘုရားရင်ပြင်တော်၌ ပြုလုပ်ရာ မန္တ လေးမြို့ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တကေသဝအမှူးပြုသော သံဃာ တော်များကြွ ရောက်တော်မူကြသည်။ 

ဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ကျော်စွာလင်းနှင့် အဖွဲ့ဝင်များ၊ အလှူရှင်များက သံဃာတော် များအား ဆွမ်းသပိတ် ဆက်ကပ်လောင်းလှူ ကြသည်။ 

ထို့နောက် တိုင်းမှူးနှင့်တက်ရောက် လာကြသူများက ကျောင်းထိုင်ဘုန်းကြီး သင်တန်းကျောင်း၊ ကျောင်းအုပ်ဆရာတော် ကြီးထံမှ ငါးပါးသီလခံယူဆောက်တည်ကြ ပြီး သံဃာတော်များထံမှ မေတ္တသုတ်နှင့် အန္တရာယ်ကင်း ပရိတ်တရားတော်များ နာယူ ကြသည်။ ယင်းနောက် တိုင်းမှူးနှင့်အလှူရှင်များက သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြောင်း သတင်း ရရှိသည်။

Recent News