ေရႊက်င္ၿမိဳ႕၊ ေရႊက်င္နိကာယဆင္႐ံု ေတာရေက်ာင္းဝိုင္းႀကီးေက်ာင္းရွိ သံဃာေတာ္မ်ားအား က်န္းမာေရးေစာင့္ေရွာက္မႈ လုပ္ငန္းမ်ားေဆာင္ရြက္ 

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၆ 

 

ပဲခူးတုိင္းေဒသႀကီး၊ ေရႊက်င္ၿမိဳ႕၊ ေရႊက်င္ နိကာယဆင္႐ံု ေတာရေက်ာင္းဝိုင္းႀကီးေက်ာင္း ရွိ သံဃာေတာ္မ်ားအား ေအာက္တိုဘာ ၂၅ ရက္ ေန႔လယ္ပုိင္းတြင္ ေတာင္ပိုင္းတုိင္း စစ္ဌာနခ်ဳပ္၊ နယ္လွည့္ေဆးကုသေရးအဖဲြ႕ က အဆိုပါဘုန္းေတာ္ႀကီးေက်ာင္း၌ က်န္းမာ ေရးေစာင့္ေရွာက္မႈလုပ္ငန္းမ်ား ေဆာင္ရြက္ ေပးသည္။ 

 

ထိုသို႔ေဆာင္ရြက္ေပးရာတြင္ ေဆးကုသ ေရးအဖြဲ႕က သံဃာေတာ္ ၆ဝ ပါးတို႔အား နား/ႏွာေခါင္း/လည္ေခ်ာင္းေရာဂါ၊ မ်က္စိ ေရာဂါ၊ သြားႏွင့္ခံတြင္းေရာဂါ၊ အ႐ုိး/အေၾကာ ေရာဂါ၊ အစာအိမ္ေရာဂါ၊ အေထြေထြေရာဂါ တို႔ႏွင့္ပတ္သက္၍ လိုအပ္သည့္က်န္းမာေရး စစ္ေဆးကုသေပးျခင္း၊ ECG စက္ျဖင့္ ႏွလံုး စမ္းသပ္စစ္ေဆးျခင္း၊ ဓာတ္မွန္႐ိုက္ျခင္း စသည့္ ေရာဂါရွာေဖြ စမ္းသပ္ကုသေပးျခင္း မ်ားေဆာင္ရြက္ေပးၿပီး ေဆး႐ံုတက္ေရာက္ ကုသရန္လိုအပ္ေသာ သံဃာေတာ္မ်ားအား ေရႊက်င္ၿမိဳ႕ရွိ တပ္မေတာ္ေဆး႐ံုသို႔ တက္ ေရာက္ကုသႏုိင္ေရး စီစဥ္ေဆာင္ရြက္ေပးသည္။ 

 

ယင္းသို႔ ေဆာင္ရြက္ေပးေနမႈမ်ားကို တုိင္းမွဴး ဗိုလ္ခ်ဳပ္မ်ဳိးဝင္းႏွင့္ အဖဲြ႕ဝင္မ်ားက သြားေရာက္ၾကည့္႐ႈအားေပးၿပီး လိုအပ္သည္ မ်ား ညိႇႏႈိင္းေဆာင္ရြက္ေပးသည္။ ထို႔ေနာက္ တုိင္းမွဴးႏွင့္အဖဲြ႕ဝင္မ်ားသည္ မေဒါက္ၿမိဳ႕၊ ပန္းေငြ႐ံု ေတာရေက်ာင္းဆရာေတာ္ အဂၢ မဟာပ႑ိတ၊ အဘိဓဇအဂၢမဟာသဒၶမၼ ေဇာတိက၊ အဂၢမဟာသဒၶမၼေဇာတိကဓဇ ဘဒၵႏၲသုမနာဘိဝံသႏွင့္ ေရႊက်င္နိကာယ ဆင္႐ံု ေတာရေက်ာင္းဝိုင္းႀကီး ဆရာေတာ္ ဘဒၵႏၲမ႑လတို႔အားဖူးေျမာ္ကာ သကၤန္း၊ ဆြမ္းဆန္ေတာ္၊ ဆီႏွင့္ လွဴဖြယ္ပစၥည္းမ်ား ဆက္ကပ္လွဴဒါန္းခဲ့ေၾကာင္း သတင္းရရွိ သည္။

 

(Unicode Version)

 

ရွှေကျင်မြို့၊ ရွှေကျင်နိကာယဆင်ရုံ တောရကျောင်းဝိုင်းကြီးကျောင်းရှိ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက် 

နေပြည်တော် အောက်တိုဘာ ၂၆ 

ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့၊ ရွှေကျင် နိကာယဆင်ရုံ တောရကျောင်းဝိုင်းကြီးကျောင်း ရှိ သံဃာတော်များအား အောက်တိုဘာ ၂၅ ရက် နေ့လယ်ပိုင်းတွင် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့်ဆေးကုသရေးအဖွဲ့ က အဆိုပါဘုန်းတော်ကြီးကျောင်း၌ ကျန်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက် ပေးသည်။ 

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က သံဃာတော် ၆ဝ ပါးတို့အား နား/နှာခေါင်း/လည်ချောင်းရောဂါ၊ မျက်စိ ရောဂါ၊ သွားနှင့်ခံတွင်းရောဂါ၊ အရိုး/အကြော ရောဂါ၊ အစာအိမ်ရောဂါ၊ အထွေထွေရောဂါ တို့နှင့်ပတ်သက်၍ လိုအပ်သည့်ကျန်းမာရေး စစ်ဆေးကုသပေးခြင်း၊ ECG စက်ဖြင့် နှလုံး စမ်းသပ်စစ်ဆေးခြင်း၊ ဓာတ်မှန်ရိုက်ခြင်း စသည့် ရောဂါရှာဖွေ စမ်းသပ်ကုသပေးခြင်း များဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက် ကုသရန်လိုအပ်သော သံဃာတော်များအား ရွှေကျင်မြို့ရှိ တပ်မတော်ဆေးရုံသို့ တက် ရောက်ကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးသည်။ 

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို တိုင်းမှူး ဗိုလ်ချုပ်မျိုးဝင်းနှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး လိုအပ်သည် များ ညှိနှိုင်းဆောင်ရွက်ပေးသည်။ ထို့နောက် တိုင်းမှူးနှင့်အဖွဲ့ဝင်များသည် မဒေါက်မြို့၊ ပန်းငွေရုံ တောရကျောင်းဆရာတော် အဂ္ဂ မဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မ ဇောတိက၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တသုမနာဘိဝံသနှင့် ရွှေကျင်နိကာယ ဆင်ရုံ တောရကျောင်းဝိုင်းကြီး ဆရာတော် ဘဒ္ဒန္တမဏ္ဍလတို့အားဖူးမြော်ကာ သင်္ကန်း၊ ဆွမ်းဆန်တော်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သတင်းရရှိ သည်။

Recent News