သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်း

 

သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇွန် - ၂
    
သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံး ရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်၊ ကန်တောင်ကျေးရွာနှင့် မုန်ပင်ဆည်ကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၁၀၀ ဘူးနှင့် အောင်ပင်သာကျေးရွာသို့ သုံးရေ ဂါလန် ၁၆၀၀ တို့ကို သွားရောက်ဖြန့်ေ၀ လှူဒါန်းခဲ့ကြာင်း သတင်းရရှိသည်။

Recent News