နေရပ်ပြန်အလုပ်သမားများကို စားသောက်ဖွယ်ရာများပေးအပ်

 

နေရပ်ပြန်အလုပ်သမားများကို စားသောက်ဖွယ်ရာများပေးအပ်

နေပြည်တော်၊ ဇွန် - ၂
    
Covid-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ပြီး တာချီလိတ်မှ တစ်ဆင့် ပြန်လည် ဝင်ရောက်လာသော နေရပ်ပြန်ရွေ့ပြောင်းအလုပ်သမား အမျိုးသား ၁၇ ဦးနှင့် အမျိုးသမီး ၁၈ ဦးတို့ကို ယနေ့နံနက်ပိုင်းတွင် ၎င်းင်းတို့၏နေရပ်အသီးသီးသို့ မော်တော်ယာဉ်များဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တာကော်၊ ကွန်ဟိန်း၊ ခိုလမ်နှင့် နမ့်စန်မြို့များသို့ ဖြတ်သန်း၍ ပြန်လည်ထွက်ခွာကြသည်။
    
အဆိုပါ နေရပ်ပြန်အလုပ်သမားများအား အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် နယ်မြေခံတပ်မတော်သားများက ပေါင်မုန့်၊ အအေးဘူး၊ ရေသန့်ဘူးများနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Recent News