စိန္ေခၚသူ လက္ဘႏြန္ႏိုင္ငံသား မိုဟာမက္ခရာကီအားအႏိုင္ရရွိသည့္ ျမန္မာအမ်ဳိးသား ကခ်င္ တိုင္းရင္းသားေအာင္လအန္ဆန္အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္၏ ဂုဏ္ျပဳစာလႊာႏွင့္ ဂုဏ္ျပဳဆုေငြေပးအပ္

 

ေနျပည္ေတာ္ ေအာက္တိုဘာ ၂၇

ရန္ကုန္ၿမိဳ႕ရွိ သု၀ဏၰမိုးလံုေလလံု အားကစား႐ံုႀကီး၌ ေအာက္တိုဘာ ၂၆ ရက္ညပိုင္းက က်င္းပျပဳလုပ္သည့္ PURSUIT OF GREATNESS ၿပိဳင္ပြဲတြင္ အဓိကပြဲစဥ္အျဖစ္ ယွဥ္ၿပိဳင္ထိုးသတ္သည့္ လိုက္ဟဲဗီး၀ိတ္တန္း ကမၻာ့ခ်န္ပီယံႏွင့္မစ္ဒယ္၀ိတ္တန္း လက္ရွိ ကမၻာ့ ခ်န္ပီယံျဖစ္သူ ေအာင္လအန္ဆန္ အေနျဖင့္ စိန္ေခၚသူ လက္ဘႏြန္ႏိုင္ငံသား မိုဟာမက္ခရာကီအား ပထမအခ်ီ၌ပင္ ဒိုင္ပြဲရပ္ျဖင့္ အလဲထိုးအႏိုင္ရရွိခဲ့သည္။

မစ္ဒယ္၀ိတ္တန္းကမၻာ့ခ်န္ပီယံကာကြယ္ပြဲတြင္ စိန္ေခၚသူ လက္ဘႏြန္ႏိုင္ငံသား မိုဟာမက္ ခရာကီအား ပထမအခ်ီ၌ပင္ တိက်ေသသပ္ၿပီး ျပင္းထန္ေသာလက္သီးထိုးခ်က္မ်ားျဖင့္ ဒိုင္ပြဲရပ္အလဲထိုးအႏိုင္ယူခဲ့သည့္အတြက္ ျမန္မာအမ်ဳိးသား ကခ်င္တိုင္းရင္းသား ေအာင္လအန္ဆန္ အား တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ေပးပို႔သည့္ ဂုဏ္ျပဳစာလႊာႏွင့္ ဂုဏ္ျပဳခ်ီးျမႇင့္ေငြ က်ပ္သိန္း(၁၀၀)တို႔ကို တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကိုယ္စား ရန္ကုန္တိုင္းစစ္ဌာနခ်ဳပ္တိုင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံုက ယေန႔ညေနပိုင္းတြင္ ရန္ကုန္ၿမိဳ႕ရွိ Rose Garden Hotel ၌ သြားေရာက္ေပးအပ္ခ်ီးျမႇင့္သည္။

ထို႔ေနာက္ MMA  မစ္ဒယ္၀ိတ္တန္းႏွင့္ လိုက္ဟဲဗီး၀ိတ္တန္းႏွစ္ခု၏ ကမၻာ့ခ်န္ပီယံ ေအာင္လအန္ဆန္က ယခုလိုေပးအပ္ခ်ီးျမႇင့္ျခင္းအတြက္ တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ႏွင့္ တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ)အရာရွိ၊ စစ္သည္၊ မိသားစုမ်ားအားလံုးကို ေက်းဇူးတင္ရွိပါေၾကာင္း၊ ေနာက္ထပ္ခ်န္ပီယံကာကြယ္ပြဲမ်ားတြင္လည္း ႏိုင္ငံႏွင့္ပရိသတ္အတြက္ ဒီထက္မက အစြမ္းကုန္ႀကိဳးစားကာကြယ္သြားမည္ျဖစ္ေၾကာင္းေျပာၾကားၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္အား ေအာင္လအန္ဆန္ လက္မွတ္ေရးထိုးထားသည့္ အက်ႌႏွင့္ One Championship ပိုစတာတို႔ကို အမွတ္တရလက္ေဆာင္ေပးအပ္ရာ တိုင္းမွဴးကလက္ခံရယူခဲ့ေၾကာင္း သတင္းရရွိသည္။

(Unicode Version)

စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီအားအနိုင်ရရှိသည့် မြန်မာအမျိုးသား ကချင် တိုင်းရင်းသားအောင်လအန်ဆန်အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုဆုငွေပေးအပ်

နေပြည်တော် အောက်တိုဘာ ၂၇

ရန်ကုန်မြို့ရှိ သုဝဏ္ဏမိုးလုံလေလုံ အားကစားရုံကြီး၌ အောက်တိုဘာ ၂၆ ရက်ညပိုင်းက ကျင်းပပြုလုပ်သည့် PURSUIT OF GREATNESS ပြိုင်ပွဲတွင် အဓိကပွဲစဉ်အဖြစ် ယှဉ်ပြိုင်ထိုးသတ်သည့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံနှင့်မစ်ဒယ်ဝိတ်တန်း လက်ရှိ ကမ္ဘာ့ ချန်ပီယံဖြစ်သူ အောင်လအန်ဆန် အနေဖြင့် စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက်ခရာကီအား ပထမအချီ၌ပင် ဒိုင်ပွဲရပ်ဖြင့် အလဲထိုးအနိုင်ရရှိခဲ့သည်။

မစ်ဒယ်ဝိတ်တန်းကမ္ဘာ့ချန်ပီယံကာကွယ်ပွဲတွင် စိန်ခေါ်သူ လက်ဘနွန်နိုင်ငံသား မိုဟာမက် ခရာကီအား ပထမအချီ၌ပင် တိကျသေသပ်ပြီး ပြင်းထန်သောလက်သီးထိုးချက်များဖြင့် ဒိုင်ပွဲရပ်အလဲထိုးအနိုင်ယူခဲ့သည့်အတွက် မြန်မာအမျိုးသား ကချင်တိုင်းရင်းသား အောင်လအန်ဆန် အား တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ပေးပို့သည့် ဂုဏ်ပြုစာလွှာနှင့် ဂုဏ်ပြုချီးမြှင့်ငွေ ကျပ်သိန်း(၁၀၀)တို့ကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကိုယ်စား ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံက ယနေ့ညနေပိုင်းတွင် ရန်ကုန်မြို့ရှိ Rose Garden Hotel ၌ သွားရောက်ပေးအပ်ချီးမြှင့်သည်။

ထို့နောက် MMA  မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်းနှစ်ခု၏ ကမ္ဘာ့ချန်ပီယံ အောင်လအန်ဆန်က ယခုလိုပေးအပ်ချီးမြှင့်ခြင်းအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် တပ်မတော်(ကြည်း၊ ရေ၊ လေ)အရာရှိ၊ စစ်သည်၊ မိသားစုများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း၊ နောက်ထပ်ချန်ပီယံကာကွယ်ပွဲများတွင်လည်း နိုင်ငံနှင့်ပရိသတ်အတွက် ဒီထက်မက အစွမ်းကုန်ကြိုးစားကာကွယ်သွားမည်ဖြစ်ကြောင်းပြောကြားပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အောင်လအန်ဆန် လက်မှတ်ရေးထိုးထားသည့် အင်္ကျီနှင့် One Championship ပိုစတာတို့ကို အမှတ်တရလက်ဆောင်ပေးအပ်ရာ တိုင်းမှူးကလက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။

Recent News