COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား  နေပြည်တော်၊ ရန်ကုန်မြို့၊ မော်လမြိုင်တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများနှင့် နယ်မြေခံသင်တန်းကျောင်းတို့၌ ဆက်လက်လက်ခံ

COVID-19 ရောဂါကြိုတင်ကာကွယ်ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား  နေပြည်တော်၊ ရန်ကုန်မြို့၊ မော်လမြိုင်တို့ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းများနှင့် နယ်မြေခံသင်တန်းကျောင်းတို့၌ ဆက်လက်လက်ခံ

နေပြည်တော်၊ ဇွန် - ၃

Coronavirus Disease 2019 (COVID-19)  ရောဂါကြိုတင်ကာကွယ် ထိန်းချုပ် ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအား နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းတို့၌ လက်ခံဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင်လည်း နေပြည်တော်၊ စစ်ကြောရေးနှင့်တည်းခို ရေးစခန်းသို့ တရုတ်နိုင်ငံမှပြန်လည်ရောက်ရှိလာသူ အမျိုးသမီး ၂ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းသို့ ထိုင်းနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူအမျိုးသား ၁ ဦးတို့ ထပ်မံရောက်ရှိကြောင်း သိရှိရသည်။

ထို့ပြင် စောင့်ကြပ်ကြည့်ရှုထားသူများအနက်မှ ၂၁ ရက်ပြည့်မြောက်သည့် နေပြည် တော်၊ စစ်ကြောရေးနှင့်တည်းခိုရေးစခန်းမှ ၄၁ ဦးနှင့် လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းမှ ၂၀ ဦးတို့ကို ယနေ့တွင် ကျန်းမာရေးဦးစီးဌာနနှင့် စောင့်ကြပ်ကြည့်ရှု ရေးစခန်းတို့မှ Quarantine စောင့်ကြည့် ၂၁ ရက်ပြည့်ပြီးကြောင်းလက်မှတ်များနှင့် COVID-19 ရောဂါနှင့်ပတ်သက်၍ ဆောင်ရန်ရှောင်ရန် စာရွက်စာတမ်းများကို တာဝန်ရှိ သူများက ပေးအပ်ပြီး သက်ဆိုင်ရာမြို့နယ်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများသို့ တပ်မတော်က စီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် လိုက်လံပို့ဆောင်ပေးခဲ့သည်။ 
    
ယနေ့ည ၇ နာရီအထိ နေပြည်တော်၊ စစ်ကြောရေးနှင့် တည်းခိုရေးစခန်းတွင် စုစုပေါင်းပြည်သူ ၇၃၅ ဦးနှင့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်ရှိ စစ်ကြောရေးနှင့်တည်းခိုရေး စခန်းတွင် စုစုပေါင်းပြည်သူ ၂၈၅ ဦးတို့ကို လက်ခံထားရှိပြီး အဆိုပါစောင့်ကြည့်လူနာများ အားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိသည်။ အဆိုပါသီးသန့်စောင့်ကြည့်ရမည့်သူများ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်ပေးနေမှုတို့ကို နေပြည်တော်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေက လိုက်လံကြည့်ရှု၍ လိုအပ်သည်များညှိနှိုင်း ဆောင်ရွက်ပေးသည်။
    
ထို့ပြင် အရှေ့တောင်တိုင်းစစ်ဌာနချုပ်၊ မော်လမြိုင်မြို့ရှိ တည်းခိုရေးစခန်း၌ Covid-19 ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရန် သီးသန့်စောင့်ကြည့်ရမည့်သူများအနက်  အမျိုးသား ၂ ဦးနှင့် အမျိုးသမီး ၂ ဦးတို့ကို ဇွန် ၂ ရက်ညနေပိုင်းတွင်  အခြားရောဂါဖြင့် မော်လမြိုင်မြို့၊ ပြည်သူ့ဆေးရုံသို့ လွှဲပြောင်းပေးအပ်ခဲ့ရာ ယနေ့အထိ ၈၉ ဦးရှိ ကြောင်း သိရှိရသည်။ သံဖြူဇရပ်မြို့ရှိ နယ်မြေခံသင်တန်းကျောင်း၌ ယနေ့တွင် ထိုင်းနိုင်ငံမှ ပြန်လည် ရောက်ရှိလာသူ အမျိုးသား ၅၈ ဦးနှင့် အမျိုးသမီး ၄၇ ဦးတို့ ကိုထပ်မံလက်ခံခဲ့ရာ ယနေ့အထိ သီးသန့်စောင့်ကြည့်ရမည့်သူ ၅၀၀ ဦးကို လက်ခံထားရှိပြီးဖြစ်ကြောင်း၊ ဆေးအဖွဲ့များက လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးပြီး ၎င်းတို့နေထိုင် စားသောက်မှုဆိုင်ရာများအား တိုင်းစစ်ဌာနချုပ်မှ စီစဉ်ဆောင်ရွက်ပေး လျက်ရှိကြောင်းနှင့် အဆိုပါစောင့်ကြည့်လူနာများအားလုံးမှာ ကျန်းမာရေးကောင်းမွန်လျက်ရှိကြောင်း သတင်း ရရှိသည်။
    

Recent News