တာချီလိတ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ၊ မူးယစ်းဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ

 

တာချီလိတ်မြို့နယ်အတွင်း လက်နက်၊ ခဲယမ်းများ၊ မူးယစ်းဆေးဝါးများနှင့် မူးယစ်ဆေးဝါး ချက်လုပ်ရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများအား ဖမ်းဆီးရမိ

နေပြည်တော်၊ ဇွန် - ၄
    
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသည့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ဇွန် ၃ ရက် ညနေ ၃ နာရီ ၁၀ မိနစ်ခန့်တွင်  တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးဂိတ်၌ ယာဉ်ဝင်၊ ထွက်မှုများအား စစ်ဆေးစဉ်  ကျိုင်းတုံမြို့ဘက်မှ တာချီလိတ်မြို့ဘက်သို့ ဟိန်းမင်းထိုက်(ဘ)ဦးဆန်းဝင်း မောင်းနှင်လာ သည့် MDY/4L ------NISSAN   Diesel  အမျိုးအစား ၁၂ ဘီးယာဉ်နှင့် မင်းမင်းလတ် (ဘ)ဦးဆန်းဝင်း မောင်းနှင်လာသည့် SHN/9I ------NISSAN   Diesel အမျိုးအစား ၆ ဘီးယာဉ်တို့အား စစ်ဆေးရာ ဟိန်းမင်းထိုက် မောင်းနှင်လာသည့် ယာဉ်နောက်ခန်းအတွင်းမှ မူးယစ်ဆေးဝါးချက်လုပ်ရာတွင် အသုံးပြု သည့် အမှုန့်ကြိက်စက် ၁ လုံး၊ အပူပေးစက် ၃ လုံးနှင့် ယာဉ်မောင်း မင်းမင်းလတ် မောင်းနှင်လာသည့် ယာဉ်နောက်ခန်းအတွင်းမှ ဆာလာအိတ်အကြီး ၁ လုံးတွင် အိတ်အသေး ၂ သောင်းခန့်ပါ ဆာလာအိတ်အကြီး ၆၉ လုံး တို့အား သိမ်းဆည်းရမိခဲ့သည်။
    
သိမ်းဆည်းရမိပစ္စည်းများနှင့်ပတ်သက်၍ ယာဉ်မောင်း ၂ ဦးအား စစ်ဆေးချက်အရ   ၎င်းတို့သယ်ဆောင်လာသော ကုန်ပစ္စည်းများအား တာချီလိတ်မြို့သို့ရောက်ရှိပါက စိုင်းအောင်ခမ်း (ဘ)ဦးစိုင်းမွန်၊ ဝိန်းကျောက်ရပ်ကွက်၊ တာချီလိတ်မြို့နေသူထံသို့ ပို့ဆောင်ပေးရမည်ဖြစ် ကြောင်း သိရှိရသဖြင့် စိုင်းအောင်ခမ်း အား ဖုန်းဆက်သွယ်ခေါ်ခဲ့ရာ မယ်ယန်းဂိတ်သို့ ညနေ ၄ နာရီတွင် ရောက်ရှိထိန်းသိမ်းခဲ့သည်။
    
စိုင်းအောင်ခမ်းအား စစ်ဆေးချက်အရ ပူးပေါင်းအဖွဲ့က ၎င်းငှားရမ်းနေထိုင်သည့်  တာချီလိတ်မြို့၊ ရန်အောင်မြေရပ်ကွက်၊ ပါလျှံ(၃)လမ်း၊ ရွှေနဂါးတိုက်တန်းအိမ်ခန်းငှားရှိ အခန်းနံပါ(၄)အား ဝင်ရောက်ရှာဖွေရာ WY စာတန်းပါစိတ်ကြွရူးသွပ်ဆေးပြား ၄၀၀၀ ပြား၊ အိုက်စ် ၈၀၀ ဂရမ်ခန့်၊ အမ်-၂၂ သေနတ် ၂ လက်၊ အမ်-၁၆ သေနတ် ၁ လက်၊ ပွိုင့် -၄၅ ပစ္စတို ၁ လက်၊ အမ်-၂၂ ကျည်အိမ် ၄ ခု၊ အမ်-၁၆ ကျည်အိမ် ၆ ခု၊ ပွိုင့်-၄၅ ကျည်အိမ် ၁ ခု၊ ပွိုင့်-၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမ လူဂါကျည် ၇၅ တောင့်၊ ပွိုင့်-၃၂ ကျည် ၁ တောင့်၊  ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် ၆၆၀ တောင့်၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၅ လုံး၊ ဆေးပြားရိုက်ရာတွင် အသုံးပြုသည့်သံမှိုလ် ၁၀၀၀ ချောင်းခန့် နှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါဖမ်းဆီးရမိသူများ၊ မူးယစ်ဆေးဝါးများ၊ လက်နက်၊ခဲယမ်းများနှင့် မော်တော် ယာဉ်များအား တာချီလိတ်မြို့မရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံပြီး လုပ်ထုံးလုပ်နည်း နှင်အ့ညီ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News