သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်း

 

သောက်သုံးရေ ရှားပါးလျက်ရှိသော ကျေးရွာများသို့ တပ်မတော်သားများက သောက်သုံးရေ များ ဖြန့်ဝေလှူဒါန်း

နေပြည်တော်၊ ဇွန် - ၄
    
သောက်သုံးရေရှားပါးမှုကြောင့် အခက်အခဲဖြစ်ပေါ်လျက်ရှိသော ပြည်နယ်နှင့် တိုင်းဒေသကြီးများအတွင်းရှိ ကျေးရွာများသို့ နယ်မြေခံတပ်မတော်သားများက သောက်သုံး ရေများ သွားရောက်လှူဒါန်းလျက်ရှိသည်။
    
ထိုသို့လှူဒါန်းလျက်ရှိရာ ယနေ့တွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၊ ကွမ်းခြံကုန်းကျေးရွာသို့ သောက်ရေသန့် ၂၀ လီတာဆံ့ ၄၀ ဘူး၊ ရေပေါင်းစုံကျေးရွာသို့ သုံးရေ ဂါလန် ၁၀၀၀ ၊ မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်၊ ရေကန်ကျေးရွာသို့ သုံးရေ ဂါလန် ၃၈၀၀ နှင့် မင်းဘူး(စကု)မြို့နယ်၊ ခရုကန်ကျေးရွာသို့ သောက်သုံးရေ ဂါလန် ၃၈၀၀ ကို သွားရောက်ဖြန့်ေ၀ လှူဒါန်းခဲ့ကြာင်း သတင်းရရှိသည်။

Recent News