ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

 

ပြည်သူ့ဆေးရုံများတွင် ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများကို တန်ဖိုးသင့်ထမင်း၊ ဟင်းများနှင့် စားသောက်ကုန်ပစ္စည်းများ သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေး

နေပြည်တော်၊ ဇွန် - ၄
    
Covid-19 ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် ကာလအတွင်း ဆေးရုံတက်ရောက်နေသည့် လူနာများ၊ လူနာစောင့်များနှင့် ကျန်းမာရေးဝန်ထမ်း များ စားရေးသောက်ရေးတွင် အဆင်ပြေစေရန်အတွက် ယနေ့တွင် နေပြည်တော်တိုင်းစစ် ဌာနချုပ် အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ဇဗ္ဗူသီရိမြို့နယ် ပြည်သူ့ဆေးရုံနှင့် ပျဉ်းမနား မြို့နယ် ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ စဝ်စံထွန်းပြည်သူ့ဆေးရုံကြီး၊ ရပ်စောက်ပြည်သူ့ဆေးရုံနှင့် ကယား ပြည်နယ်၊ လွိုင်ကော်မြို့ ပြည်သူ့ဆေးရုံ၌ လည်းကောင်း၊ အရှေ့အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ လွိုင်လင်မြို့၊ နမ့်စန်မြို့၊ လင်းခေးမြို့၊ ကျိုင်းတောင်းမြို့၊ မိုးနဲမြို့၊ မိုင်းပန်မြို့၊ ကွန်ဟိန်းမြို့၊ မိုင်းနောင်မြို့နှင့် လဲချားမြို့တို့ရှိ ပြည်သူ့ ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့ ပြည်သူ့ဆေးရုံ၌လည်းကောင်း၊ ကမ်းရိုးတန်းဒေသတိုင်း စစ်ဌာနချုပ်အနေဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြိတ်မြို့၊ ဘုတ်ပြင်းမြို့နှင့် ကော့သောင်းမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ လသာမြို့နယ်၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး၌လည်းကောင်း၊ အနောက် ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရခိုင်ပြည်နယ်၊ အမ်းမြို့ပြည်သူ့ဆေးရုံနှင့် တောင်ကုတ်မြို့ ပြည်သူ့ဆေးရုံဝန်း၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် မကွေးတိုင်း ဒေသကြီး၊ ပခုက္ကူမြို့ ပြည်သူ့ဆေးရုံနှင့် ချင်းပြည်နယ်၊ ဟားခါးမြို့ ပြည်သူ့ဆေးရုံများ၌ လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ မန္တလေးမြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ မိတ္ထီလာပြည်သူ့ဆေးရုံ၊ ညောင်ဦးမြို့နယ်ပြည်သူ့ ဆေးရုံနှင့် မကွေးသင်ကြားရေးဆေးရုံ၌ လည်းကောင်း တန်ဖိုးသင့်ထမင်း၊ ဟင်းနှင့် ဟင်းသီး၊ ဟင်းရွက်များ၊ အသား၊ ငါးများနှင့် ဥအမျိုးမျိုးတို့ကို သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး ခဲ့သည်။
    
ထို့ပြင် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များနှင့် မိသားစုဝင်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ဒေသခံပြည်သူများ စားရေးအထောက်အကူဖြစ်စေရန်အတွက်  တိုင်းစစ်ဌာနချုပ်နယ်မြေများရှိ မြို့နယ်အသီးသီး၌ နယ်မြေခံတပ်မတော်သားများက စားသောက်ကုန်ပစ္စည်းများနှင့် တန်ဖိုးသင့်ထမင်းဟင်းများကို ပြင်ပပေါက်ဈေးထက် သက်သာသောဈေးနှုန်းများဖြင့် ရောင်းချပေးခဲ့သည်။
    
ထိုသို့ရောင်းချရာတွင် နယ်မြေခံတပ်မတော်သားများနှင့် မိသားစုဝင်များ၏ တစ်ပိုင် တစ်နိုင်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းမှ ထွက်ရှိလာသည့် အသား၊ ငါး၊ ဟင်းသီးဟင်းရွက်များ၊ ကြက်ဥ၊ ဘဲဥများ၊ နွားနို့များ၊ တပ်မတော်စက်ရုံထုတ် စားသောက်ကုန်ပစ္စည်းများ၊ တန်ဖိုးသင့် ထမင်း၊ ဟင်းများနှင့် တောင်သူများထံမှဝယ်ယူခဲ့သော ရာသီသီးနှံများကို ပြင်ပပေါက်ဈေးထက် ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ကြောင်း သတင်းရရှိသည်။
   

Recent News