Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

 

Covid-19 ရောဂါကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းများအတွက် ဆေးရုံသုံးပစ္စည်းများ ဆက်လက်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၄
    
တိုင်းစစ်ဌာနချုပ်နယ်မြေအသီးသီးရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများ၊ ကျန်းမာရေးဌာနခွဲများ၌ ကာကွယ်ကုသရေးများတွင် အဆင်ပြေချောမွေ့စေရေးအတွက် ဆေးရုံသုံးပစ္စည်းများကို တပ်မတော်က ပေးပို့လှူဒါန်းလျက်ရှိသည်။
    
ယနေ့တွင် နေပြည်တော်တိုင်းစစ်ဌာနချုပ်အနေဖြင့် နေပြည်တော်ကောင်စီနယ်မြေ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံ၊ တပ်ကုန်းမြို့နယ်၊ မြောင်းမြကျေးရွာ၊ လက်ပံကျေးရွာ၊ အလယ်ကျွန်းကျေးရွာ၊ ထန်းတောကြီးကျေးရွာနှင့် ရွေးစုကျေးရွာတို့ရှိ ကျေးလက်ကျန်းမာရေး ဌာနခွဲများ၌လည်းကောင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်အနေဖြင့်၊ ကချင်ပြည်နယ်၊ မန်စီမြို့နယ်၊ မန်ဝိန်းကြီးကျေးလက်ကျန်းမာရေးဌာန၊ မိုးမိတ်မြို့နယ်၊ မန်ကျည်းပင်တိုက်နယ် ဆေးရုံ၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မဘိမ်းမြို့နယ်၊ မန်ကင်နှင့် ပြချောင်းကျေးလက်ကျန်းမာရေး ဌာနများ၌ လည်းကောင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ သီပေါပြည်သူ့ဆေးရုံ၊ နမ့်စလပ်နှင့် နမ့်လန်တိုက်နယ်ဆေးရုံ၊ မြို့သစ် နှင့် နမ့်လင်းကျေးလက် ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ဆီဆိုင်မြို့နှင့် ညောင်ရွှေမြို့တို့ရှိ ပြည်သူ့ဆေးရုံများ၊ တောင်ကြီးမြို့၊ အမျိုးသမီးနှင့် ကလေးအထူးကုဆေးရုံကြီး၊ ရွာငံမြို့နယ်၊ ဖယ်ခုံမြို့နယ်၊ ကယားပြည်နယ်၊ ဒီးမော့ဆို မြိ့နယ်တို့ရှိ တိုက်နယ်ဆေးရုံများ၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်အနေဖြင့် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့နယ်၊ ဝမ်ပုံပြည်သူ့ဆေးရုံ၊ မုံးထမြို့တိုက်နယ်ဆေးရုံ၊ မိုင်းဖုန်းကျေးလက်ကျန်းမာရေးဌာန၊ မိုင်းတုံမြို့နယ်၊ နမ့်ဟူးချွန် ကျေးရွာနှင့် ပုံပါကျင်မြို့နယ်၊ နမ့်ယွန်းကျေးရွာတို့ရှိ ကျေးလက် ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ အရှေ့တောင်တိုင်း စစ်ဌာနချုပ်အနေဖြင့် မွန်ပြည်နယ်၊ သထုံမြို့၊ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နှင့်မြိုင်ကြီးငူတို့ရှိ ပြည်သူ့ဆေးရုံများ၊ မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ ရင်းငြိမ်နှင့်သဲကုန်းတိုက်နယ်ဆေးရုံတို့၌ လည်းကောင်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းမြို့နယ်ရှိ စံပြဆေးရုံကြီး၌လည်းကောင်း၊ အနောက်တောင်တိုင်းစစ်ဌာနချုပ်အနေဖြင့် ဧရာဝတီတိုင်း ဒေသကြီး၊ ကန်ကြီးထောင့်မြို့ ပြည်သူ့ဆေးရုံနှင့် မြောင်းမြမြို့၊ ကနိတိုက်နယ်ဆေးရုံ၌ လည်းကောင်း၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ ချောင်းဦးမြို့နယ်နှင့် ဟုမ္မလင်းမြို့နယ်တို့ရှိ ပြည်သူ့ဆေးရုံများ၊ ချင်းပြည်နယ်၊ တီးတိန်မြိုနယ်၊ တွီးထန်ကျေးရွာတိုက်နယ်ဆေးရုံ၌လည်းကောင်း၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် အနေဖြင့် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့နယ်ရှိ တကောင်း၊ ကြာညှပ်၊ ဇရပ်ကွင်း၊ စဉ့်ကူးမြို့နယ်ရှိ ထုံးကြီး၊ ကျည်တောက် ပေါက်၊ သဲအင်းတိုက်နယ်ဆေးရုံများနှင့် ကြာညှပ်၊ ဇရပ်ကွင်း၊ လက်ပံလှ၊ ငပြင်းအင်း၊ ဆည်သည်နှင့် သဲအင်းကျေးလက်ကျန်းမာရေးဌာနများ၌ လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်အနေဖြင့် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ မြို့လှမြို့၊ ကျောက်ကြီးမြို့နှင့် ရွှေတောင်မြို့တို့ရှိ ပြည်သူ့ဆေးရုံများနှင့် မိခင်နှင့်ကလေးကျန်းမာ ရေး ဌာနတို့၌လည်းကောင်း တပ်မတော်က လှူဒါန်းသော ခွဲစိတ်ခန်းသုံး နှာခေါင်းစည်း Surgical  Maskများ၊N95 Mask များ၊ Personal Protective Equipment (PPE)   ဝတ်စုံများ၊  ခွဲစိတ်ခန်းသုံး လက်အိတ်(Surgical Gloves) များ၊ Ehamintion Glove များ၊ မျက်မှန်(Goggles)များ၊ Plus Oxymeter(Finger Tip) များ၊  Non Touch Thermometer  များ၊ Non - Contact Infrared Thermometer များ၊ Suction  Machine  ၊OT Cap များ၊ OT Gown  များ၊Digital B.P Cuff များ၊Face Shield များ၊Hand Wash များ၊Hand Sanitizer များ၊ ပိုးသတ်ဆေးပုံးများ၊ Sodium Hypochloride များ၊ Bleaching Powder  များ၊ နားကြပ်နှင့် ရေမလိုလက်သန့် ဆေးရည်များကို တိုင်းမှူးများနှင့် တာဝန်ရှိသူ များက ဆေးရုံအသီးသီးရှိ တာဝန်ရှိသူများထံသို့ ပေးအပ်လှူဒါန်းကြသည်။

ထို့ပြင် တိုင်းစစ်ဌာနချုပ်များနှင့် တပ်နယ်အသီးသီးများရှိ ပြည်သူ့ဆေးရုံများ၊ တိုက်နယ်ဆေးရုံများနှင့် ကျန်းမာရေးဌာနခွဲများတို့တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ကျန်းမာရေးဝန်ထမ်းများ၊ ဆေးရုံတက်ရောက်ကုသမှုခံယူလျက်ရှိသော ပြည်သူများနှင့်  ဒေသခံပြည်သူများအတွက် ဆေးဝါးများနှင့် ဘီစကစ်၊ ကြက်ဥ၊ နွားနို့၊ ကုလားပဲ၊ ငှက်ပျောသီး၊ ပေါင်မုန့်၊ ခေါက်ဆွဲခြောက်၊ အိုဗာတင်း၊ ရွှေဖီဦးလဖက်ရည်ထုပ်၊ နို့ဆီ၊ သကြား၊ ကော်ဖီမစ်(စ်)၊ တီးမစ်(စ်) စသည့် အာဟာရဖြည့်စားသောက်ဖွယ်ရာများကို ပေးအပ်လှူဒါန်းခဲ့ကြကြောင်း သတင်းရရှိသည်။    
   

Recent News