COVID-19ရောဂါဖြစ်ပွားမှုကြောင့် နေရပ်သို့ပြန်လည်ထွက်ခွာရန်အခက်အခဲရှိနေသည့် နီပေါနိုင်ငံသားများကို တပ်မတော်လေယာဉ်ဖြင့် နီပေါနိုင်ငံသို့ပို့ဆောင်၊ ရောဂါကာကွယ် ထိန်းချုပ်ကုသရေး အထောက်အကူပြု ဆေးပစ္စည်းများပေးအပ်လှူဒါန်း

နေပြည်တော်၊ ဇွန် - ၅

မြန်မာနိုင်ငံမှ ပြန်လည် ထွက်ခွာရန် အခက်အခဲရှိနေသည့် နီပေါနိုင်ငံသား သံဃာတော် ၂ ပါးနှင့် သီလရှင် ၁ ပါးတို့အပါအဝင် ၂၆ ဦးကို တပ်မတော်လေယာဉ်ဖြင့် ပို့ဆောင်ပေးခဲ့ကြသည်။ အဆိုပါလေယာဉ်နှင့်အတူ နီပေါနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံရုံးရှိ ဝန်ထမ်းများနှင့် နီပေါပြည်သူများအတွက် တပ်မတော်က လှူဒါန်းသည့် COVID-19 ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအထောက်အကူပြုဆေးပစ္စည်းများပါရှိသွားကြောင်း သိရှိရပြီး ဆေးပစ္စည်းများအား သက်ဆိုင်ရာ တာဝန်ရှိသူများထံသို့ ပေး အပ်လှူဒါန်းသွားမည်ဖြစ်ကြောင်းနှင့် နီပေါနိုင်ငံတွင် အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေပြီး မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိရန် အခက်အခဲဖြစ်နေသူများအား မြန်မာနိုင်ငံသို့ ပြန်လည် ခေါ်ဆောင်လာမည်ဖြစ်ကြောင်း သတင်းရရှိသည်။

Recent News