အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များ အနက်မှ စစ်သည် ၃ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိ

 

အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီး ပြန်လည်ရောက်ရှိလာသည့် အရာရှိ၊ စစ်သည်များ အနက်မှ စစ်သည် ၃ ဦးတွင် COVID-19 ရောဂါပိုး ထပ်မံတွေ့ရှိ

နေပြည်တော်၊ ဇွန် - ၂၈
    
အိန္ဒိယနိုင်ငံ၌ သင်တန်းတက်ရောက်ပြီးဆုံး၍ ဇွန် ၂၆ ရက်တွင် တပ်မတော် လေယာဉ်ဖြင့် အိန္ဒိယနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ပြန်လည်ရောက်ရှိလာပြီး ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေအတွင်း အသွားအလာကန့်သတ် သီးခြားစောင့်ကြည့် ထားသည့် အရာရှိ၊ စစ်သည် ၄၈ ဦးအနက် စစ်သည် ၂ ဦး COVID-19 ရောဂါပိုး တွေ့ရှိမှု သတင်းအား ဇွန် ၂၇ ရက်တွင် ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
    
အဆိုပါ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းလာခဲ့သည့် ကျန်ရှိသူ ၄၆ ဦးအား ဇွန် ၂၇ ရက် ညပိုင်းတွင် ၎င်းတို့၏ နှာခေါင်းတို့ဖတ်၊ အာခေါင်တို့ဖတ်တို့အား ရယူ၍ မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀)၌ Polymerase Chain Reation (PCR) နည်းဖြင့် ဓာတ်ခွဲစစ်ဆေးခဲ့ရာ စစ်သည် ၃ ဦး၌ COVID-19  ရောဂါပိုးထပ်မံ တွေ့ရှိ (တွေ့ရှိ)ရကြောင်း သိရှိရသည်။

ရောဂါပိုးတွေ့ရှိရသောစစ်သည်များအား တပ်မတော်က ကြိုတင်စီစဉ်ထားသည့် တပ်မတော်အသည်းရောဂါအထူးကုဆေးရုံကြီး(မင်္ဂလာဒုံ) သို့ ပို့ဆောင်၍ ဆေးဝါးကုသမှုခံယူစေလျက်ရှိကြောင်းနှင့် ၎င်းတို့၏ကျန်းမာရေးအခြေအနေမှာ တည်ငြိမ် ကောင်းမွန်လျက်ရှိကြောင်း သိရှိရသည်။
    
COVID-19 ရောဂါပိုးတွေ့ရှိခဲ့သည့်စစ်သည်များနှင့် ဆက်စပ်ထိတွေ့မှုရှိခဲ့သူများ၊ လေယာဉ်တစ်စီးတည်း လိုက်ပါစီးနင်းခဲ့သူများကိုလည်း လိုအပ်သည့်ရောဂါရှာဖွေ ဖော်ထုတ်ခြင်း၊ အသွားအလာကန့်သတ်စောင့်ကြပ်ကြည့်ရှုခြင်းများ ဆက်လက်ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

Recent News