မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ပထမအကြိမ် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်

 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၌ ပထမအကြိမ် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်

နေပြည်တော်၊ ဇွန် - ၂၉
    
၂၀၂၀- ၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တပ်မတော် သားမိသားစုဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများအား ပထမအကြိမ် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်နှင့် စာရေးကိရိယာများပေးအပ်ခြင်းကို ယနေ့နံနက်ပိုင်းတွင် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ဗလမင်းထင်ခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ် တေဇကျော်နှင့် အဖွဲ့ဝင်များ၊ အရာရှိ၊ စစ်သည်၊ မိသားစုများ၊ စစ်မှုထမ်းဟောင်းအဖွဲ့ ဝင်များ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများနှင့် ၎င်းတို့၏ မိဘများ တက်ရောက်ကြသည်။
    
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် အဖွဲ့ဝင်များက ၂၀၂၀- ၂၀၂၁ ပညာသင်နှစ်တွင် တက်ရောက်ပညာသင်ကြားကြမည့် တပ်မတော်သားမိသားစုဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူများနှင့် စစ်မှုထမ်း ဟောင်းအဖွဲ့ဝင်များ၏ သား၊ သမီး ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၃၉၃ ဦးအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ အသီးသီးပေးအပ်သည်။
    
အလားတူ တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်ရှိ တပ်နယ်အသီးသီး၌လည်း ကျောင်းသား၊ ကျောင်းသူများအတွက် ကျောင်းဝတ်စုံ၊ ကျောင်းသုံးဗလာစာအုပ်များနှင့် စာရေးကိရိယာများ တစ်ပြိုင်တည်းပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။

Recent News