မောင်တောမြို့နယ်အတွင်း ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

 

မောင်တောမြို့နယ်အတွင်း ငွေကျပ် ၁ ဘီလီယံကျော် တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများ ဖမ်းဆီးရမိ

နေပြည်တော် ၊  ဇွန် - ၃၀
    
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော အဖွဲ့သည် သီဟိုဠ်ခြံရဲကင်းစခန်းရှေ့ ကားလမ်းပေါ်၌ ယာဉ်ဖြတ်သန်းသွားလာမှုများအား စစ်ဆေးစဉ် ယနေ့နံနက် ၁၀ နာရီခွဲခန့်တွင် အငူမော်ဘက်မှ ငါးခူရဘက်သို့ မောင်ခင် (ဘ)ဦးထွန်းသိန်းဖြူ မောင်းနှင်လာပြီး ဟန်သိန်း(ဘ)ဦးထွန်းသောင်းကျော်နှင့် အောင်စိုးမင်း (ဘ)ဦးထွန်းလှခိုင်တို့လိုက်ပါလာသည့်   ALPHARD    အမျိုးအစား မော်တော်ယာဉ်အမှတ်၊ YGN/9H----------  ယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းထိုင်ခုံနှင့် နောက်လူစီး ထိုင်ခုံကြားရှိ  ကြမ်းခင်းအား အပေါက်ဖောက်ထားသည့် အံဝှက်အတွင်းမှ WY  စာတန်းပါ ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား  ၅၇၉၅၀၀ ပြား (ခန့်မှန်းတန်ဖိုးငွေကျပ် ၁ ဘီလီယံကျော်) နှင့်အတူ တွေ့ရှိဖမ်းဆီးရမိခဲ့သည်။
    
အဆိုပါ ဖမ်းဆီးရမိသူများနှင့် မူးယစ်ဆေးဝါးများကို ပြင်ဖြူနယ်မြေရဲစခန်းသို့ စနစ်တကျလွှဲပြောင်းအပ်နှံခဲ့ကြောင်း သတင်းရရှိသည်။

 

Recent News