ကြန္ပ်ဴတာဒီပလိုမာ တပ္ၾကပ္ႀကီး/စာေရး(အမ်ဳိးသမီး)သင္တန္းဆင္းပြဲျပဳလုပ္ 

ကြန္ပ်ဴတာဒီပလိုမာ တပ္ၾကပ္ႀကီး/စာေရး(အမ်ဳိးသမီး)သင္တန္းဆင္းပြဲျပဳလုပ္ 

ေနျပည္ေတာ္ ႏို၀င္ဘာ ၂ 

ကြန္ပ်ဴတာဒီပလိုမာတပ္ၾကပ္ႀကီး/စာေရး(အမ်ဳိးသမီး) သင္တန္းအမွတ္စဥ္(၄) သင္တန္းဆင္းပြဲကို ယေန႔ နံနက္ပိုင္းတြင္ ေမွာ္ဘီတပ္နယ္ရွိ အရာခံႏွင့္အၾကပ္ႀကီးသင္ေက်ာင္း စစ္ေရးျပကြင္း၌ျပဳလုပ္ရာ တပ္မေတာ္ ေလ့က်င့္ေရးအရာရွိခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေမာင္ေမာင္ေအး၊ ကာကြယ္ေရးဦးစီးခ်ဳပ္႐ံုး(ၾကည္း) မွ တပ္မေတာ္အရာရွိႀကီးမ်ား၊ ရန္ကုန္တုိင္းစစ္ဌာနခ်ဳပ္တုိင္းမွဴး ဗိုလ္ခ်ဳပ္သက္ပံု၊တပ္နယ္မွအရာရွိႀကီးမ်ား၊ သင္တန္းသူမ်ား၏ မိဘေဆြမ်ဳိးမ်ားႏွင့္ဖိတ္ၾကားထားသူမ်ားတက္ေရာက္ၾကသည္။ 

သင္တန္းဆင္းပြဲတြင္ တပ္မေတာ္ေလ့က်င့္ေရးအရာရွိခ်ဳပ္က ဆုရသင္တန္းသူမ်ားကိုဆုမ်ားေပးအပ္ခ်ီးျမႇင့္ကာ သင္တန္းဆင္းမိန္႔ခြန္းေျပာၾကားသည္။ 

အဆိုပါကြန္ပ်ဴတာဒီပလိုမာတပ္ၾကပ္ႀကီး/စာေရး(အမ်ဳိးသမီး) သင္တန္းတြင္ အေျခခံစစ္ပညာ၊ အေျခခံ႐ံုး လုပ္ငန္းဘာသာရပ္၊ အဂၤလိပ္စာဘာသာရပ္၊ စစ္ဘက္ဥပေဒဘာသာရပ္ႏွင့္ ကြန္ပ်ဴတာဘာသာရပ္မ်ားကို စာေတြ႕၊လက္ေတြ႕သင္ၾကားေလ့က်င့္ေပးခဲ့ၿပီး သင္တန္းဆင္းသင္တန္းသူမ်ားကို တပ္မေတာ္(ၾကည္း၊ ေရ၊ ေလ) တြင္ တပ္ၾကပ္ႀကီး/စာေရးမ်ားအျဖစ္ တာ၀န္ေပးအပ္သြားမည္ျဖစ္ေၾကာင္းသိရွိရသည္။ 

ယခုကြန္ပ်ဴတာဒီပလိုမာတပ္ၾကပ္ႀကီး/စာေရး(အမ်ဳိးသမီး)သင္တန္းသည္ စတုတၳအႀကိမ္အျဖစ္ ၂၁၅ ဦးသင္ တန္းဆင္းခဲ့ျခင္းျဖစ္သည္။ အဆိုပါသင္တန္းကို ႏွစ္စဥ္ဖြင့္လွစ္လ်က္ရွိၿပီး ယခင္သင္တန္းဆင္းအမ်ဳိးသမီး စစ္မႈ ထမ္းမ်ားအေနျဖင့္ သက္ဆုိင္ရာလက္႐ံုး၀န္ထမ္းတပ္မ်ားတြင္ တာ၀န္အသီးသီး ထမ္းေဆာင္လ်က္ရွိေၾကာင္း သတင္းရရွိသည္။   

 

(Unicode Version)

 

       

ကွန်ပျူတာဒီပလိုမာ တပ်ကြပ်ကြီး/စာရေး(အမျိုးသမီး)သင်တန်းဆင်းပွဲပြုလုပ် 

နေပြည်တော် နိုဝင်ဘာ ၂ 

ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး(အမျိုးသမီး) သင်တန်းအမှတ်စဉ်(၄) သင်တန်းဆင်းပွဲကို ယနေ့ နံနက်ပိုင်းတွင် မှော်ဘီတပ်နယ်ရှိ အရာခံနှင့်အကြပ်ကြီးသင်ကျောင်း စစ်ရေးပြကွင်း၌ပြုလုပ်ရာ တပ်မတော် လေ့ကျင့်ရေးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) မှ တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်သက်ပုံ၊တပ်နယ်မှအရာရှိကြီးများ၊ သင်တန်းသူများ၏ မိဘဆွေမျိုးများနှင့်ဖိတ်ကြားထားသူများတက်ရောက်ကြသည်။ 

သင်တန်းဆင်းပွဲတွင် တပ်မတော်လေ့ကျင့်ရေးအရာရှိချုပ်က ဆုရသင်တန်းသူများကိုဆုများပေးအပ်ချီးမြှင့်ကာ သင်တန်းဆင်းမိန့်ခွန်းပြောကြားသည်။ 

အဆိုပါကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး(အမျိုးသမီး) သင်တန်းတွင် အခြေခံစစ်ပညာ၊ အခြေခံရုံး လုပ်ငန်းဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ စစ်ဘက်ဥပဒေဘာသာရပ်နှင့် ကွန်ပျူတာဘာသာရပ်များကို စာတွေ့၊လက်တွေ့သင်ကြားလေ့ကျင့်ပေးခဲ့ပြီး သင်တန်းဆင်းသင်တန်းသူများကို တပ်မတော်(ကြည်း၊ ရေ၊ လေ) တွင် တပ်ကြပ်ကြီး/စာရေးများအဖြစ် တာဝန်ပေးအပ်သွားမည်ဖြစ်ကြောင်းသိရှိရသည်။ 

ယခုကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေး(အမျိုးသမီး)သင်တန်းသည် စတုတ္ထအကြိမ်အဖြစ် ၂၁၅ ဦးသင် တန်းဆင်းခဲ့ခြင်းဖြစ်သည်။ အဆိုပါသင်တန်းကို နှစ်စဉ်ဖွင့်လှစ်လျက်ရှိပြီး ယခင်သင်တန်းဆင်းအမျိုးသမီး စစ်မှု ထမ်းများအနေဖြင့် သက်ဆိုင်ရာလက်ရုံးဝန်ထမ်းတပ်များတွင် တာဝန်အသီးသီး ထမ်းဆောင်လျက်ရှိကြောင်း သတင်းရရှိသည်။ 

                      

Recent News